အလုပ်မအားလို့ မတင်ဖြစ်ဘူး ... သူငယ်ချင်းတို့ရေ ... ဆေားရီးပါ .. ခုဟာက တင်ချင်လွန်းလို့ အချိန်လုပြီးတင်လိုက်တာ ....
တို့မြန်မာနိုင်ငံကြီး အမှန်တကယ်တိုးတက်လာတာကို ဒီနေ့မနက် ကြုံကြိုက်လိုက်တဲ့ အကြောင်းအရာတစ်ခုကြောင့် အသိအမှတ်ပြုလိုက်ပါပြီ။ ဒီလိုပါ ..... ဒီနေ့မနက်စောစော ရုံးရောက်လို့ အရှေ့မှာ သူငယ်ချင်းနဲ့စကားပြောနေတုန်း ... ပစ္စည်းဟောင်းဝယ်တဲ့ ကုလားတစ်ယောက် လှည်းနဲ့ရောက်လာတယ် ..
လှည်းထဲမှာလဲ သူဝယ်ထားတဲ့ပစ္စည်း အစုံထည့်ထားတယ် ... ပါစပ်ကလည်း အာဗြဲနဲ့အော်သေးတယ် .. သူအော်တဲ့ အသံကိုကြားပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးအမှန်တကယ်တိုးတက်လာပြီဆိုတာ သိလိုက်ရတယ်ဗျာ .... အော်ပုံက ဒီလို ...“သံဝယ်တယ်၊ ကြေးဝယ်တယ်၊ ပလပ်စတစ်ဝယ်တယ်၊ ဘတ်ထရီအိုးပျက်တွေ ဈေးကောင်းပေးဝယ်တယ် ....... ကက်ဆက်အစုတ်တွေ၊ တီဗွီအစုတ်တွေ၊ မိန်းတုံးတွေ၊ အင်ဗာတာတွေဝယ်တယ် ..... ပန်ကာအစုတ်အပျက်တွေ .. အဲယားကွန်းအစုတ်တွေဝယ်တယ် ..... အမ်ပီဖိုး .... အမ်ပီဒရီးတွေ .... တီဗွီတီတွေ .. ဗွီစီတီတွေ ဈေးကောင်းပေးဝယ်တယ် ....... ” တဲ့ဗျာ
..... တော်တော်တိုးတက်လာတယ် .... ကိုယ်တောင် အမ်ပီဖိုး မ၀ယ်နိုင်သေးဘူး ...
Tuesday, May 29, 2007
တို့မြန်မာနိုင်ငံကြီးတိုးတက်လာတာ အမှန်ပါ
ရေးသားသူ -
မိုးတိမ်
at
4:36 PM
0
comments
Labels: ဟာသ
Monday, May 21, 2007
သောင်းကျန်းလာတဲ့ Virus တွေကို လတ်တလေ နှိမ်နှင်းဖို့ရာ အစွမ်းထက် FreeWare
အဲ့ ... ကျွန်တော်သုံးလိုက်တာက Portable NOD32 ဆိုတော့ဗျာ ..Boot လုပ်တဲ့အချိန်မှာ အလုပ်မလုပ်ဘူး။ Portable Kaspersky နဲ့လည်း ဒီအတိုင်းပဲ။ ဒါဆိုရင် အဲ့ဒီ PC တွေကို Full Version တင်ရမယ်ဆိုတာ သေချာနေပြီ။ ဒါပေမယ့် အားလုံးကို လိုက်တင်ပြီးရင် အဲ့ဒီစက်တွေမှာ Internet ချိတ်မထားဘူး။ NOD32, Kaspersky က Auto-Update လုပ်ကြတာ။ Manual လုပ်လို့မရဘူး။ အဲ့ဒါလည်း မဖြစ်ပြန်ဘူး။ ပြီးရင် အကုန်လုံးကို Manual လုပ်လို့ရတဲ့ဟာ ပြန်တင်ရမယ်ဆိုတော့ ကျွန်တော် တကယ်မလွယ်ကျော်ပဲ။ ဟူး ... စဉ်းစားရင် ခေါင်းတောင်ကိုက်တယ်။ လူကလည်း သိပ်နေမကောင်း .... စက်တွေကလည်း ဒုက္ခပေး .... နောက်ဆုံးတော့ ဟိုရှာ ဒီဖတ်နဲ့ ဘာသွားတွေ့သလဲဆိုတော့ Alwll က ထုတ်တဲ့ Avast Anti-Virus ကိုသွားတွေ့တယ်ဗျာ။
ရေးသားသူ -
မိုးတိမ်
at
11:57 AM
0
comments
Labels: Anti-Spyware, Anti-Virus, သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Saturday, May 12, 2007
WinRAR 3.7 (Corporate Edition)
WinRAR ဆိုတာဘာလဲဆိုရင် လူတိုင်းသိကျမှာပါ။ စက်တိုင်းမှာလည်း ရှိမယ်ထင်တာပဲ။ မသိသေးရင်တော့ WinRAR ဆိုတာဟာ Powerfull File Compression ဆော့ဝဲလ်းလေးတစ်ခုပါ။ သူက Security setting ကလည်းကောင်းတဲ့အတွက် အသုံးများကြပါတယ်။ အခုနောက်ပိုင်း ကွန်ပျူတာသုံးတဲ့သူတွေလဟာ .zip ကို သိပ်မသုံးကြတော့ပါဘူး .rar ကိုပဲသုံးကြတော့တယ်။ rar ရဲ့အားသာချက်က zip ထက်ပိုပြီး Compression Power ကောင်းတယ်။ Security ပိုကောင်းတယ်။ ကျွန်တာ် WinRAR ရဲ့ corporate Edition လေးရထားတယ်ဗျာ .. အဲ့ဒါလေး ရှယ်ချင်လို့ ... :D
Icon တွေပြောင်းသွားတော့ စသုံးသုံးချင်း နည်းနည်းအူကြောင်ကြောင်ဖြစ်တယ် ... ဟီး
Compress Ration တွေပိုမြင့်လာတယ်လို့ပြောတာပဲ .. ကျန်တာ ဘာတွေထူးခြားလာလဲဆိုရင် အောက်ကစာလေး ဖတ်ကြည့်လိုက်ပါ . . .
- Using WinRAR puts you ahead of the crowd when it comes to compression by consistently making smaller archives than the competition, saving disk space and transmission costs.
- WinRAR provides complete support for RAR and ZIP archives and is able to unpack CAB, ARJ, LZH, TAR, GZ, ACE, UUE, BZ2, JAR, ISO, 7Z, Z archives.
- WinRAR offers a graphic interactive interface utilizing mouse and menus as well as the command line interface.
- WinRAR is easier to use than many other archivers with the inclusion of a special "Wizard" mode which allows instant access to the basic archiving functions through a simple question and answer procedure. This avoids confusion in the early stages of use.
-WinRAR offers you the benefit of industry strength archive encryption using AES (Advanced Encryption Standard) with a key of 128 bits.
- WinRAR supports files and archives up to 8,589 billion gigabytes in size. The number of archived files is, for all practical purposes, unlimited.
- WinRAR offers the ability to create selfextracting and multivolume archives. Recovery record and recovery volumes allow to reconstruct even physically damaged archives.
- WinRAR features are constantly being developed to keep WinRAR ahead of the pack.
လိုချင်တယ်ဆိုရင် >>>> ဒီမှာယူလိုက်ပါ <<<<
ရေးသားသူ -
မိုးတိမ်
at
2:38 PM
0
comments
Labels: Sharing, သိစေချင်တာလေးတွေ
Wednesday, May 9, 2007
ပန်းသီးပင်ကြီး
ဟိုးလွန်ခဲ့တဲ့ကာလတစ်ခုကပေါ့ .......
ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိခဲ့တယ် ....
ကောင်ကလေးတစ်ယောက်ဟာ .... အဲ့ဒီပန်းသီးပင်ကြီးနား ပျော်ရွှင်စွာ ကစားခဲ့တယ်။ သူဟာ ပန်းသီးပင်ကြီးပေါ်ကို တက်ရတာနှစ်သက်သလို ပန်းသီးတွေကိုလည်း အရမ်းကြိုက်တယ်။ ပန်းသီးပင်ကြီးရဲ့ အရိပ်အောက်မှာ နားနေအပန်းဖြေတာကိုလည်း သဘောကျတယ်လေ ....... ပန်းသီးပင်ကြီးကလည်း ကောင်ကလေးကို ချစ်ခင်တယ် ....
ဒီလိုနဲ့အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားလေရဲ့ ...
ကောင်လေးကလည်း အရွယ်ရောက် ကြီးပြင်းလာတာပေါ့ .... ဒါပေမယ့် ဒီအချိန်ကျတော့ ကောင်လေးဟာ သစ်ပင်နားမှာ ဆော့ကစားခြင်း မပြုတော့ပါဘူး။ တစ်နေ့ကျတော့ ကောင်လေးက ပန်းသီးပင်ကြီးနား ရောက်လာပြန်ရော .... အဲ့ဒီအခါ ... ပန်းသီးပင်ကြီးက ...“လူလေး ... မင်္ဂလာပါ .... ကျွန်ုပ်နားလာကစားပါဦး ...”
လို့လည်း ပြောတယ်။ အဲ့ဒီတော့ ... ပန်းသီးပင်ကြီးက ..
ဒီတော့ ကောင်လေးက ပြန်ပြောတယ် ...
“ကျွန်တော်အခု ကလေးငယ်လေးမဟုတ်တော့ပါဘူး .... ကျွန်တော် သစ်ပင်နားမှာ မကစားတော့ပါဘူး ..” တဲ့
ပြီးတော့ ... “ကျွန်တော်က အရုပ်တွေနဲ့ကစားချင်တယ် .... အရုပ်တွေဝယ်ဖို့ ပိုက်ဆံလိုအပ်နေပါတယ်”“ကျွန်ုပ်မှာ ပိုက်ဆံတော့မရှိပါ ..... ဒါပေမယ် .... ကျွန်ုပ်ရဲ့အသီးတွေကို ခူးဆွတ်ပြီး လူလေးသွားရောင်းနိုင်ပါတယ်။ ဒါဆိုရင် လူလေးလိုအပ်နေတဲ့ ပိုက်ဆံတွေ ရလိမ့်မယ်”
လို့ ပြန်ပြောပါတယ်။
ဒီတော့ ကောင်းကလေးဟာ .... ပန်းသီးပင်ကြီးမှာ ရှိတဲ့အသီးတွေအားလုံးကို ခူးဆွတ်ရောင်းချပြီး ... သူကစားဖို့ အရုပ်တွေ အများကြီးဝယ်လိုက်တယ် .... ပန်းသီးပင်ကြီးဆီကိုတော့ သူပြန်မသွားတော့ပါဘူး။ သူ့အရုပ်တွေနဲ့ ပျော်မွေ့နေပါတော့တယ်။ ပန်းသီးပင်ကြီးက ကောင်ကလေးသူ့ဆီမလာတော့ ၀မ်းနည်းရပြန်ပြီပေါ့ . . . .
တစ်ရက်ကျတော့ လူတစ်ယောက်ဟာ ညိုးငယ်စွာနဲ့ ... ပန်းသီးပင်ကြီးဆီကို ရောက်လာပြန်ရော.... တစ်ခြားလူမဟုတ်ပါဘူး .... ဟိုငယ်ငယ်တုန်းက ပန်းသီးပင်ကြီးနား ပျော်ရွှင်စွာ ဆော့ကစားခဲ့တဲ့ ကောင်ကလေးပါပဲ ... အခုဆို အရွယ်ရောက်နေပါပြီ ........ ပန်းသီးပင်ကြီးက သူ့ကိုမြင်တော့ ၀မ်းသာအားရနဲ့ ....“လူလေး ... ဘာတွေဖြစ်လို့ မျက်နှာမကောင်းပဲ ညှိုးငယ်နေရတာလဲ .... ကျွန်ုပ်ရဲ့အရိပ်မှာ လာပြီးအနားယူ အပန်းဖြေပါဦး ... လူလေးမရှိရင် ကျွန်ုပ်ပျင်းလွန်းလို့ပါ”လို့
့ ... ခရီးဦးကြို နှုတ်ခွန်းဆက်တယ် ... ဒီတော့ အဲ့ဒီလူက .. “ကျွန်တော့်မှာ ဆော့ကစားဖို့အချိန်မရှိပါဘူးခင်ဗျား ..... ကျွန်တော့်မိသားစုအတွက် အလုပ်လုပ်နေပါတယ် ... ကျွန်တော့်မိသားစုအတွက် အိမ်တစ်လုံးဆောက်ပေးချင်ပါတယ် ... အဲ့ဒီအတွက်ငွေလိုအပ်တယ် ... ဒါကြောင့်အလုပ်လုပ်နေရပါတယ်”လို့
ပြန်ပြောတယ် ... ဒီစကားကြားတော့ ပန်းသီးပင်ကြီးက ...“ကျွန်ုပ်မှာ ငွေတော့မရှိဘူး ... လူလေး . . . ဒါပေမယ့် ... ကျွန်ုပ်ရဲ့သစ်ကိုင်း၊ သစ်ခက်၊ ပင်စည်တွေကို လူလေး မိသားစုအတွက် အိမ်ဆောက်ဖို့ ယူသွားနိုင်ပါတယ်” လို့ပြန်ပြောလေတယ်။
ဒီစကားကြားတော့ ကောင်လေးက ပျော်သွားတာပေါ့ ... ချက်ချင်းဆိုသလိုပဲ ... ပန်းသီးပင်ကြီးရဲ့ ပင်စည်၊ သစ်ကိုင်း၊ သစ်ခက်တွေကို ခုတ်ယူပြီး သူ့မိသားစုအတွက် အိမ်ဆောက်ပေးလိုက်ပါရော...
ဒီလိုနဲ့ ပန်းသီးပင်ကြီးဟာ ... သစ်ငုတ်တိုအဖြစ်နဲ့ အထီးကျန်နေပြန်ရော ... ကောင်းလေးကတော့ ပြန်ပေါ်မလာတော့ဘူး ... ဒီလိုနဲ့အချိန်ကာလတွေ ကုန်လွန်ပြီးတော့တစ်နေ့ အဘိုးအိုတစ်ယောက်ဟာ ပန်းသီးပင်ကြီးဆီကို ရောက်လာပြန်တယ် .... တစ်ခြားမဟုတ်ပါဘူး ... ကောင်းလေးပါပဲ .. အခုဆိုရင်သူဟာ အသက်ကြီးပြီး အိုးမင်းသွားပါပြီ .... သူ့ကိုကြည့်ရတာ ပင်ပန်းပြီ ... အထီးကျန်နေသလိုပါပဲ .... မျက်နှာပေါ်မှာ ၀မ်းနည်းတဲ့အရိပ်အကဲတွေအပြည့်နဲ့ပေါ့ ... ပန်းသီးပင်ကြီးက သူ့ကိုတွေ့တော့ မေးပြန်တယ် ...“လူလေး .... ဘာဖြစ်လို့ဝမ်းနည်းနေတာလဲ ... ကျွန်ုပ်ကူညီပေးရမလား .... ဒါပေမယ့် ... ကျွန်ုမှာ အသီးလည်းမရှိ၊ အကိုင်း၊ အခက်၊ ပင်စည်တွေလည်းမရှိတော့လို့ လူလေးကို ကူညီနိုင်ဖို့ မတတ်နိုင်တော့ဘူးထင်တယ်”လို့ ပြောလိုက်တယ်။ ဒီတော့ အဘိုးအိုက ... “ကျွန်တော်အခု အလွန်ပဲ ပင်ပန်းနေပါပြီ။ ပြီးတော့ အထီးကျန်နေပါတယ်”လို့ ပြန်ပြောတယ်။ “ကျွန်တော် တစ်ခြားဘာမှ မလိုအပ်တော့ပါဘူး ... ကျွန်တော်လိုအပ်တာ ပန်းသီးပင်ကြီးကိုပါ ... ကျွန်တော် ပန်းသီးပင်ကြီးရဲ့ အမြစ်ငုတ်တိုမှာ ထိုင်လို့ရမလားခင်ဗျား ...”လို့မေးလိုက်တယ်။ သစ်ပင်ကြီးက ..“သိပ်ရတာပေါ့ကွာ ... မင်းကိုအမြဲတမ်းကြိုဆိုနေတယ်”လို့ပြန်ဖြေလိုက်တယ်။
ကောင်လေး(အဘိုးအို)ဟာ ပန်းသီးပင်ကြီးရဲ့ သစ်မြစ်မှာ ထိုင်ပြီး အနားယူလိုက်တယ်။ သူတို့နှစ်ဦးလုံးဟာ ပျော်ရွှင်လို့ပေါ့ ....
ကောင်းကလေးဟာ .... ရက်စက်ပြီး ... တစ်ကိုယ်ကောင်းဆန်ပါသလား ... ???????
ဟုတ်တယ်လို့ယူဆလိုက်ရင် .... ကျွန်တော်တို့အားလုံးဟာ သူနဲ့အတူတူပါပဲ ...... ကျွန်တော်တို့မိဘတွေကို ပန်းသီးပင်ကြီးလို ဆက်ဆံနေကြပါတယ် ..... ပန်းသီးပင်ကြီးဟာ ကျွန်တော်တို့မိဘနဲ့တူပါတယ် ... ကျွန်တော်တို့တတွေဟာ ... ကောင်ကလေးအသွင်နဲ့ပေါ့ ...
ကျွန်တော်တို့ငယ်စဉ်ခါမှာ သူတို့နားမှာ သူတို့နဲ့ဆော့ကစားပါတယ် . . .
ကျွန်တော်တို့တတွေဟာ ... အရွယ်ရောက်လာတော့ သူတို့တွေကို ထားခဲ့ပြီး အခက်အခဲ၊ ပြသာနာဖြစ်တဲ့အချိန် ဒါမှမဟုတ် ... အကူအညီလိုတဲ့အချိန်ကျမှ ပြန်လာတတ်ကြတယ် .... ကျွန်တော်တို့တွေဟာ ... မိဘတွေကို အချိန်မပေးခဲ့ဘူး ... အချိန်မပေးနိုင်ခဲ့ဘူး .... ဘာပဲဖြစ်ဖြစ် မိဘကတော့ ..... ကျွန်တော်တို့တွေအတွက် ပေးဆပ်ဖို့အဆင်သင့်ပါပဲ ...ကျွန်တော်တို့ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာနိုင်ဖို့အတွက် ... လိုအပ်တဲ့အချိန်မှာ အရာရာတိုင်းကို အကူအညီပေးဖို့အတွက် အဆင်သင့်ပါပဲ .... ပြီးတော့ သူတို့ဘာတွေ လိုအပ်သလဲလို့ ကြည့်လိုက်ရင် သားသမီးတွေနဲ့ ပျော်ရွှင်စွာ အတူတကွနေထိုင်ချင်တယ်ဆိုတဲ့ ဆန္ဒလေးပါပဲ ...
ကျေးဇူပြုပြီး သင့်မိဘကို ချစ်ပါ .... ဂရုစိုက်ပါ ..
သူတို့ကို အချိန်ပေးပါ ...
သူတို့ကို မမေ့ပါနဲ့ ...
ဖြစ်နိုင်ရင် သူတို့နဲ့အတူတကွ နွေးထွေးစွာနေထိုင်ပါ ...
သူတို့ဟာ သင်ပျော်ရွှင်၊ စိတ်ချမ်းသာနေတာကိုမြင်ရရင် ပျော်ရွှင်နေပါ့မယ် ...
သူတို့ကို အထီးကျန်နေအောင် .. မထားခဲ့ပါနဲ့
သူတို့ကိုလေးစားပါ ..... ချစ်ခင်ပါ ...... ရိုသေပါ ...
လူတစ်ယောက်ဟာ ကလေးကို ကိုယ်လိုချင်သလောက် ရနိုင်ပေမယ့် ..... မိဘကို တစ်ကြိမ်တစ်ခါပဲ ရနိုင်ပါတယ် .. ဒါကြောင့် ... သင့်မိဘကို ဂရုစိုက်ပါ ...
စာဖတ်သူအပေါင်းကို ကျေးဇူးတင်ပါတယ် ........
ကမ္ဘာပေါ်ရှိသော မိဘအားလုံးသို့ ရည်စူး၍ ......
ကျွန်တော့်ရဲ့မိဘနှစ်ပါးကို ဤပိုစ့်ဖြင့် လှမ်းကန်တော့လိုက်ပါတယ် ......
အခြေအနေအရ .... မိဘနဲ့ခွဲခွာနေရပေမယ့် ... ရင်ထဲမှာတော့အမြဲ ရိုသေလေးစားနေပါတယ် ..... အမေနဲ့အဖေ .......
(ဘယ်သူရေးထားမှန်းမသိဘူး ... ကျွန်တော်ဆီ သူငယ်ချင်းတစ်ယောက်မေးလ်ပို့လိုက်တာ .... အဲဒါကို အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်လိုက်တာပါ ..... )
ရေးသားသူ -
မိုးတိမ်
at
10:39 AM
0
comments
Labels: ၀မ်းနည်းစရာလေးတွေ, ရင်ထဲကစကားလေးတွေ, သိစေချင်တာလေးတွေ
Monday, May 7, 2007
ဗလာ နိတ္တိ
ဘာတွေလဲ ......ဘာဆိုဘာမှ မမြင်ရဘူး ..... ဘာဆိုဘာမှကို မတွေ့ပါလား ......
ဘယ်လိုလို့မြင်ရမှာလဲ ..... ဘာမှမှ မရှိတာ .....အစကတည်းကကို ဘာမှမရှိတာ ....
ဘာမှ မရှိတာကို ဘာဖြစ်လို့ ဘာမှမရှိအောင်ထားတာလဲ ....
ဘာမှမရှိတော့ ကြည့်ရတာ .. ဘာမှမဖြစ်ဘူးလေ .. ဘာမှမဖြစ်တော့ ဘာမှလည်းမဖြစ်ဘူးပေါ့ ...
ဒီအတိုင်းပဲပေါ့ .... ဘာမှမပြောင်းလဲဘူးပေါ့ .... သူ့အတိုင်း ဘာမှမရှိတာကို စိတ်ချမ်းသာလို့ပါ ......
ဘာတွေဖြစ်လို့ ..... ဘာတွေရေးနေမှန်းမသိဘူး .... ဘာမှလည်းရှင်ပြလို့မရဘူး ..... ဒါပါပဲ ...
အလုပ်တွေရှုပ်နေလို့ ဘာတွေတင်ရမှန်းမသိလို့ ဘာမှမရှိတာရေးပြီး ဘာမှမရှိသေးတဲ့နေရာမှာတင်လိုက်တယ် ..
ဘာမှမမြင်ရရင် ခွင့်လွတ်ကြပါ ...
ရေးသားသူ -
မိုးတိမ်
at
3:58 PM
0
comments
Labels: ရင်ထဲရှိတာလေးတွေ
Friday, May 4, 2007
ဘလော့တွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ AD တွေ
... လားလား .... AD site ကြီးပါလား "Mega Site" ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ဗျာ ..... Address ကိုသေသေချာချာ ပြန်ကြည့်လိုက်တော့ .. ဟိုက်ရှားပါး ... လက်လန်တယ် .... http://www.shwemoetain.blogspot.com မှာ blogspot ကို blogpsot လုပ်ထားတယ်ဗျာ။ ရှေ့ကဘလော့နာမည်ကတော့ အတူတူပဲ။ လူတွေ စာရိုက်မှားတတ်ကြတာကို အခွင့်ကောင်းယူပြီး ထင်ယောင် ထင်မှားလုပ်ထားတာပဲ။ စိတ်ရှုပ်စရာကြီးပါလား။ ဘယ်သူ့လက်ချက်လဲ သိချင်တာနဲ့ ရှာကြည့်လိုက်တော့ http://www.bibledesk.com က လုပ်တားတာဗျာ။ ကျွန်တော့် အထင် ကျွန်တော်တို့တတွေ အသုံးပြုနေတဲ့ Free Wedget တစ်ခုခုက လုပ်တာဖြစ်လိမ့်မယ်။ ဒါမှမဟုတ် .. ကျွန်တော်တို့ ဘလော့လိပ်စာတွေကို ရောင်းစားတာဖြစ်မယ်ဗျ။ ကျွန်တော်မသင်ကာတာနဲ့ လက်လှမ်းမီသလောက် ဘလော့တွေကို စမ်းကြည့်တော့ အကုန်လုံးရှိတယ်ဗျာ။ အရပ်ကတို့ရေ .... လုပ်ကြပါဦး



ရေးသားသူ -
မိုးတိမ်
at
1:27 PM
Labels: စိတ်ရှုပ်စရာ, သိစေချင်တာလေးတွေ
Thursday, May 3, 2007
ဘလော့ နေရာလွတ်တွေ မထားကြနဲ့နော် ....
Wednesday, May 2, 2007
မိုးတိမ်၏ ရွှေ Tags များ .... :D
၁။ ကျွန်တော်ဟာ အရာရာတိုင်းမှာ သတိမေ့လွယ်တယ်။ ကိုမျိုးကျော်ထွန်းလိုပဲ ...
၂။ နောက်တစ်ခုက ဟီး .. ပြောရမှာတောင်ရှက်လာပြီ ... ကိုယ့်ကို မိန်းကလေးတွေ ကြည့်ရင် မနေတတ်ဘူးဗျ။ ဟီး .. နာ့ကို အမြင်တော့ ကပ်တော့မှာပဲ။ တစ်ကယ်ပြောတာ .... .
၃။ ကျွန်တော် ကော်ဖီသောက်ရင် ကော်ဖီအရသာရမျကြိုက်တာဗျ။ မြန်မာပြည်က 3 in 1 ကော်ဖီမစ်တွေ ကျွန်တော် မသောက်တတ်ဘူး။ ကော်ဖီကို ခါးခါး ပျင်းပျင်းသောက်တယ်။ အားရိုးမားကြိုက်တယ်။ မနက်စာမစားရရင် နေပါလေ့စေ .. ကော်ဖီသောက်ရမှ နေသာထိုင်သာရှိသွားတာ။ တစ်လ တစ်လ ကော်ဖီဖိုးလည်း မနည်းဘူ ... .
၎။ အင်းနောက်တစ်ခုက .... သီးချင်းနားထောင်ရင် ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ် .. ဘာလဲဆိုတော့ သီးချင်းတိုင်းကို ခံစားလို့ရတယ်။ ဘယ်သီချင်းအမျိုးအစားမဆို ခံစားလို့ရတယ်။ စားသားမကောင်းရင် ကျွန်တော် Vocal ကို ပိတ်ပြီး Melody ပဲနားထောင်တတ်တယ်။ တစ်နည်းပြောရရင် ကျွန်တော်က သံစဉ်တွေကို ပိုပြီးကြိုက်သလိုပဲ
၅။ ကျွန်တော် ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ခူယား ကိုတွေ့လို့မရဘူး။ ကျွန်တော့်သွေးနဲ့ မတည့်လို့လားမသိဘူး တွေ့တာနဲ့ကို တစ်ကိုယ်လုံး ယားပြီး ဖုတွေထွက်လာတာ။ ဒါတောင် ထိသေးတာမဟုတ်ဘူး။ တွေ့ရုံတွေ့တာ။ ငယ်ငယ်တုန်းက မှတ်မိသေးတယ် ..... ခူယားအုံ(သိုက်) ကြီးတွေ့လို့ ၃ ရက်လောက် အယားဖုတွေပေါက်ပြီးကျောင်းမသွားနိုင်ဘူး။
၆။ အလုပ်တစ်ခုခုလုပ်နေရင်ပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်တာတို့ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ဘေးနားကနေ ပွစိပွစိ ပြောနေရင်လုံးဝမကြိုက်ဘူး။
၇။ မြန်မာဗီဒီယိုကားများ လုံးဝလုံးဝမကြိုက်ပါ၊ မကြည့်ပါ။ တရုတ်သိုင်းကားတွေအရမ်းကြိုက်တယ်၊ ကာတွန်းကားကြိုက်တယ်၊ ၀ူးရှုးတောရှေား ... သိပ္ပံကားတွေကြိုက်သည်။ ကိုရီးယား ဒရမ်မာတွေ ကြိုက်တယ်။
၈။ ကိုကဒေါင်းလိုပဲ .... တစ်နေ့မှာ ကွန်ပျူတာမသုံးရ၊ အင်တာနက်မကြည့်ရရင် လူကိုရှုးချင်သလိုလို ပေါချင်သလိုလိုဖြစ်နေရော ... ဟီး .. .
၉။ ဖိနပ်ဝယ်ရင် .... အကောင်းတကာ့အကောင်းမှ ၀ယ်စီးချင်သည်။ ဈေးကြီးပေးဝယ်ရပြီး ကြာကြာလည်း ၀တ်ရတယ်။ ခိုင်လည်းခိုင်သည်ဟု ခံယူထားသည်။
၁၀။ မိန်းကလေးဆိုရင် ဆံပင်ရှည်လေးတွေမှ စိတ်ဝင်စားတယ်။ ကတုံးမဆိုရင် ... ဆေားရီးပဲ .. .ဟီး .. .
၁၁။ နောက်တစ်ချက်က နာချေရင် အားရပါးရ အကျယ်ကြီးချေရမှ အားရသလိုပဲ ... တစ်ခါတစ်လေကျရင် ဘေးနားက လူတွေ လန့်ကုန်ရော .. ဟီး ..
လောလောဆယ် အမီလိုက်နိုင်ဖို့ ၁၁ ခုပဲ ရေးဦးမယ် ... သတိရမှ ထပ်ဖြည့်ရမယ် ....
ငါဘယ်သူ့ကို တက်ရမှာလဲ .. နောက်ကျလို့ တက်ရမယ့်လူရှိတော့ဝူး ......
ဟာရပြီ ... အလုပ်တော်တော်ရှုပ်တတ်တဲ့ ...
Blogger lay >>> http://bloggerlay.blogspot.com/
Phoung_Phoung >>> http://www.phoungphoung.blogspot.com/ Done
နှင်းဆီနီ >>> http://redroselay.blogspot.com/
Ko Tee >>> http://copachi.blogspot.com/
Ko Tun Myo Hlaing >>> http://tmyohlaing.blogspot.com/ Done
ရှာဦးမယ် ...
ရေးသားသူ -
မိုးတိမ်
at
4:14 PM
0
comments
Labels: My Tags, ရင်ထဲရှိတာလေးတွေ