ချစ်ခင်လေးစားရပါသော Blogger အပေါင်းတို့ Happy Blog Day ပါ ......
မြန်မာဘလော့လောက ရေရှည်တည်တံ့ ခိုင်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ် .....
Rest of your post
Friday, August 31, 2007
Happy Blog Day ....
ရေးသားသူ -
မိုးတိမ်
at
12:51 PM
0
comments
Labels: ရင်ထဲကစကားလေးတွေ
Tuesday, August 21, 2007
သူတောင်မနေနိုင်ဘူး
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKumDiq6ptUbSZfxedVaI5R40whbF1cgkol8V_SOz0j9nHAERmxR-uOnHs3X28iRMA74g0kVgMXSFR2bKS7gBonxbG9qnky50fkF9VZwgaFNDmVFbDSwP-AgbQYR7IUZipP0XALKicAw/s400/Mr.Bean+.jpg)
ရေးသားသူ -
မိုးတိမ်
at
1:48 PM
0
comments
Labels: ဟာသ
လမ်းလျှောက်သူများအား လေးစားပါသည်
ရေးသားသူ -
မိုးတိမ်
at
10:19 AM
0
comments
Labels: စိတ်ထဲရှိတာလေးတွေ, ရင်ထဲကစကားလေးတွေ, ရင်ထဲရှိတာလေးတွေ
Friday, August 17, 2007
ရန်ကုန်က လိုင်းကားခတွေ ဒီလိုသတ်မှတ်လိုက်ပြီ
ရေးသားသူ -
မိုးတိမ်
at
10:49 AM
0
comments
Labels: သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Thursday, August 16, 2007
ရန်ကုန်မှာ ဒီလို ဒီလို
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......
ရေးသားသူ -
မိုးတိမ်
at
10:16 AM
2
comments
Labels: စိတ်ထဲရှိတာလေးတွေ, သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Saturday, August 11, 2007
Blogger ပေါ် ပိုစ့်တွေကို Mail နဲ့ပို့ကြမယ်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTLcWB1GhGRcSnFshvJR1k7hIXZ-Hjr2VqIf0j04Thy-R8iyDtIMRJo1jhFWNb8rPTXz-ajXfwNmjnZ26ZTamQ_r3JJJKnmLIcmmxGF7GIc7Bke5xIy41u17GJzbM12IFu-zLPOajn3A/s320/Untitled-1.gif)
Setting > Email ကိုသွားပါ .. အဲ့ဒီမှာ BlogSend Address နဲ့ Mail-to-Blogger Address ဆိုပြီးတွေ့လိမ့်မယ်
BlogSend Address မှာ ကိုယ့် post တွေပို့မယ် မေးလ်လိပ်စာကိုထည့်မယ် ...
အောက်က Mail-to-Blogger Address နေရာမှာ ကိုယ်ရဲ့ပိုစ်တွေကို လက်ခံမယ့် လိပ်စာသတ်မှတ်ပေးရမယ် ... အရှေ့ကတော့ ကိုယ့် Account name ပါတယ် .. ကျွန်တော့်အကောင့်ဆို၇င် Shwemoetain.######.blogspot.com ပေါ့ ... ###### နေရာမှာ ကိုယ့်စိတ်ကြိုက်ထည့်လို့ရတယ် .... ပြီးတော့ မှတ်ထားရမှာပေါ့ .. ကိုယ်ပိုစ့်တွေပို့ရင် အဲ့ဒီလိပ်စာကိုပို့ရမှာ။ သတိထားရမှာက အဲ့ဒီလိပ်စာကို တစ်ခြားလူမသိစေနဲ့ နည်းအမျိုးမျိုးနဲ့ မေးလ်ပို့လိုက်ရင် ကိုယ့်ဘလော့မှ ပိုစ့်တက်သွားနိုင်တယ် .. ဒါကြောင့်ပါ ... ပြီးရင် Publish ဆိုတဲ့ Check box ကို Check လုပ် .. ပြီးရင် Save Settings နှိပ်.. ပြီးပါပြီ ... ပြီးသွားရင် စမ်းပို့ကြည့်လို့ရပါပြီ ...
ရေးသားသူ -
မိုးတိမ်
at
3:54 PM
0
comments
Win RAR ကို အလှဆင်ကြမယ်
ရေးသားသူ -
မိုးတိမ်
at
2:37 PM
0
comments
Labels: Sharing, သိစေချင်တာလေးတွေ
Friday, August 10, 2007
ရီစရာအပိုင်အစလေးများ (၂)
ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း ကုမ္ပဏီဝန်ထမ်းဆိုတော့ ကားစီးပြီးသွားလာရတာပေါ့။ လှိုင်းကားပြောတာနော်။ တစ်ရက် ကျွန်တော် မြို့ထဲကို ကွန်ပျူတာပစ္စည်းဝယ်ဖို့အတွက် Bus ကားနဲ့လိုက်သွားတယ်။ ကားက ရုံးတက် ရုံးဆင်းချိန်မဟုတ်တော့ အတော်လေးကိုချောင်နေတယ်။ ဒီလိုနဲ့ ဆင်မလိုက် အဝေးပြေးမှတ်တိုက်ရောက်တော့ ကားကရပ်ပြီး လူခေါ်ပါလေရော .. သိကြတဲ့အတိုင်း ... ကားတွေက ရပ်လိုက်ရင် တော်ရုံနဲ့မထွက်တော့ဘူး။ ကျွန်တော့်ဘေးနာမှာ အန်တီကြီးတစ်ယောက်က ထိုင်ခုံနေရာရလို့ ထိုင်ပြီးလိုက်လာတယ်။ ၀တ်စားထားတာတွေကို ကြည့်ချင်းအားဖြင့် လူဂုဏ်ထန်ထဲက ဆိုတာ သိနိုင်တယ်။ ဒါပေမယ့် တစ်ကယ်ဟုတ်မဟုတ်တော့ သူပဲသိမှာပေါ့။ အဲ့ဒီအချိန်မှာ အောက်နေပြီး ကောင်လေးခပ်ငယ်ငယ်တစ်ယောက်က “သနားကြပါခင်ဗျား .... ကျွန်တော်ထမင်းမစားရသေးလို့ပါ ... ထမင်းဖိုးလေး သနားကြပါ ”ဆိုပြီးတော့ လှမ်းတောင်းတယ် .. ကျွန်တော်လည်း အိတ်ထဲလှမ်းကြည့်လိုက်တော့ ၅၀ကျပ်တန်ရှိတာနဲ့ လှမ်းပေးလိုက်တယ် .. ကျွန်တော့်လိုပဲ အန်တီကြီးကလည်း သူ့အိတ်ထဲကို နှိုက်ပြီးရှာတယ် .. ပြီးတော့ ၅ ကျပ်တန် နှစ်ရွက်ကို ထုတ်ပြီးပေးလိုက်တယ်။ ကောင်လေးက အဲ့ဒီ ၅ ကျပ်တန်နှစ်ရွက်ကို ယူပြီး အန်တီကြီးကိုတစ်လှည့် ပိုက်ဆံကို တစ်လှည့်ကြည့်တယ် .. ပြီးတော့ “ဒီပိုက်လေးနဲ့ ဘယ်လိုလုပ်ပြီး ထမင်းဝယ်စားလို့ ရမှာ .... လူကျတော့ သူဌေးကျနေတာပဲ .. ပေးတော့ ၅ ကျပ်တန်နှစ်ရွက်”ဆိုပြီး ရှူံ့မဲ့ပြီးပြောတယ် .... ကျွန်တော်ကော .. အန်တီကြီးကော အဲ့ဒီစကားကြားသူအားလုံးပါ အံ့အားတင့်သွားတယ်။ တော်တော်မလွယ်တဲ့ကောင်တွေ .... အန်တီကြီးကလည်း မျက်နှာကြီးနီပြီး .. “ဟဲ့ကောင်လေး .. မယူရင်လည်း ပြန်ပေး .....အဲ့ဒါ မင်းအဘ စပယ်ယာက အမ်းထားတာ ... နှစ်ဆယ်အမ်းရာမှာ တစ်ဆယ်ပဲအမ်းလို့ .. ရှိတဲ့ဟာပေးတာ လူပါးဝလို့ .. ပြန်ပေး”ဆိုပြီးတော့ အော်တယ် .. ကောင်းလေးကလည်း အန်တီကြီးကို လျှာထုတ်ပြပြီး ပြေးပါလေရော .... ဟီး .... အန်တီကြီး ပြောတာကို ကားစပယ်ယာကြားတော့ .. “အစ်မဗျာ .. ကျွန်တော့်ကို အရှက်ခွဲတာလား .. အဲ့ဒီလိုကြီးတော့မပြောပါနဲ့ ... ဟိုကောင်လေး အဘဆိုတော့ ကျွန်တော်ပါ သူတောင်းစားဖြစ်သွားမှာပေါ့ .. ငွေလေးတစ်ဆယ်မအမ်းမိတာ .. သူတောင်းစားဖြစ်ရောဗျာ .. အဲ့ဒီလိုမပြောပါနဲ့ .. ကျွန်တော်က အကြွေမရှိလို့မအမ်းတာပါ ... ရော့ အန်တီ ၁၀၀ တန်ပြန်ယူ ... ညစ်တယ်ဗျာ .. ၁၀ ပြန်ပေး ..”လို့လာပြောတယ် ..... အန်တီကြီးက ခပ်တည်တည်နဲ့ ပိုက်ဆံ ၁၀၀ ကိုပြန်ယူပြီး “တစ်ဆယ်လိုချင်ရင် .. ဟိုကောင်လေးဆီသွားပြန်တောင်း”လို့ပြောပြီးတော့ ကားပေါ်ကဆင်းသွားတယ် ....... ကားပေါ်ကလူတွေ ဘာလုပ်ကြမယ်ထင်လဲ .... ရီကြမှာလား .... မသိချင်ဟန်ဆောင်နေမှာလား ..... ကျွန်တော်ကတော့ ဟန်မဆောင်နိုင်ဘူး .. ဟားဟား ....
ရေးသားသူ -
မိုးတိမ်
at
2:37 PM
0
comments
Labels: ဟာသ
ဝယ်သတိ၊ စားသတိ
ရေးသားသူ -
မိုးတိမ်
at
1:29 PM
0
comments
Labels: သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Monday, August 6, 2007
ရီစရာ အပိုင်းအစလေးများ
ရေးသားသူ -
မိုးတိမ်
at
4:27 PM
0
comments
Labels: ဟာသ