Tuesday, September 25, 2007

25 ရက်နေ့ နောက်ဆက်တွဲ ဓါတ်ပုံများ








ယခုအချိန်အထိတော့ ဆန္ဒပြပွဲဟာ အေးအေးချမ်းချမ်းပါပဲ ......
စစ်တွေမြို့က ပြည်သူလူထု တွေအများအပြားပါဝင်လာကြတာကိုကြားရတော့ ၀မ်းသာမိတယ်
အခုဆိုရင် ဆန္ဒပြ သံဃာတွေ ဘုရားရှိခိုးနေပါပြီ . ပြီးရင် ငြိမ်းချမ်းစွာ လူစုခွဲကြမယ်လို့ သိရပါတယ်။
မနက်ဖြန် ၁၀း၃၀ မှာ စတင်လှုပ်ရှားကြမယ်လို့သိရပါတယ်။ ပြည်သူတွေကိုလည်း စည်းရုံးထားတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ သတင်းပါ ..

5:25 PM
စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ကား ၇ စီး ပြည်လမ်းမပေါ်မှ လှည်းတန်း လမ်းဆုံဘက်သို့ စစ်သီချင်းများ သီဆိုကာ မောင်းနှင် သွားသည်ကို တွေ့ရှိလိုက်ရကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောပြသည်။

5:00 PM
တိုင်းမှူးများက ပစ်မိန့်ကို လက်မခံ

ပိုမိုကြီးထွားလာနေသော ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက်များ ယခုအချိန်အထိ မရနိုင်သေးပါ။

ယနေ့ နေ့လည်က ထပ်မံ သိရှိရသည်က ရန်ကုန်မြို့အတွင်း ဆန္ဒပြသူများကို အရေးယူမည်ဟု ကြေညာထားချက် အပေါ်တွင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှု ရှိနေသည်ဟု သိရသည်။

(မဇ္ဈိမ သတင်းဌာနမှ)

0 comments: