Saturday, October 27, 2007

သီတင်းကျွတ်ပြီ ......

အားလုံး ဒီသီတင်းကျွတ်အချိန်အခါမှာ မကောင်းမှုမှန်သမျှ ရှောင်ရှားနိုင်ပြီး ပျော်ရွှင်မှုအပေါင်းနဲ့ ပြီးပြည့်စုံနိုင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဒီနှစ်သီတင်းကျွတ်ဟာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ... လူတွေရဲ့စိတ်ထဲမှာ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ရောထွေးနေရပါတယ်။ ခါတိုင်းနှစ်တွေနဲ့မတူ တိတ်ဆိတ်ငြိမ်သက်လှပြီး ဥပုသ်စောင့် သီလယူပြီး ဆုတောင်း မေတ္တာပို့တာများပါတယ်။ ဘယ်သူတွေအတွက် ဘာ့အတွက်ကြောင့် ဆိုတောင်း မေတ္တာပို့ကြသလဲ ဆိုတာကိုတော့ အားလုံးသိကြမှာပါ။ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အဖြစ်အပျက်တွေကြောင့် ဒုက္ခရောက်ကြသူတွေကို ဆုတောင်း မေတ္တာပို့ကြတာပါဆိုရင် ကျွန်တော်မှားသွားမလား။ ကြားထဲမှာ ပျက်သွားတဲ့ အင်တာနက်ကွန်နက်ရှင်ကြောင့် အလုပ်တွေ တောင်လိုပုံနေလို့ ပိုစ့်တွေမတင်ဖြစ်ဘူး။ သိပ်ပြီးမတင်ချင်တာလဲပါတယ်။ တင်ပြန်ရင်လည်း အဲ့ဒီအဖြစ်အပျက် အကြောင်းအရာတွေပဲ ခေါင်းထဲရောက်ရောက်လာတယ်။ ရေးရင်းရေးရင်း ဒေါသထွက်တယ်။ အကုသိုလ်တွေ များလာမှာစိုးလို့ ကိုယ့်ကိုကိုယ်မနည်းထိန်းထားရတယ်။ ဒီတစ်နှစ်သီတင်းကျွတ်လပြည့်နေကတော့ ပြီးဆုံးသွားပါပြီ။ ဒီသီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူလူထုတွေအားလုံးရဲ့ ရင်ထဲက တူညီတဲ့ ဆုတောင်းသံဟာ လောကကြီးကို တုန်လှုပ်သွားစေမှာပါ။

လက်ဆော့ထားတာလေးတွေ ..









ဘာတွေမှန်းကိုမသိဘူး .. ဟီး

0 comments: