Thursday, April 3, 2008

ရန်ကုန်က တိရိစ္ဆာန်တွေ နေပြည်တော်ပြောင်းကုန်ပြီ ......

အလုပ်ကလည်း မအားတော့ အင်တာနက်လည်း မ၀င်ဖြစ်ဘူး .....
အဲ့ဒါနဲ့ပဲ ဘလော့ကို ပစ်ထားမိတာလည်း အတော်ကြာဘီ .....
ဟိုက် ... ဖုန်တွေ နည်းတာမဟုတ်ဘူး .....
ဖူး .... ဖူး .. ဘုတ် .. ဘုတ် ... ဘုတ် (ဖုန်ခါနေခြင်းဖြစ်သည် ... )
အခုမှပဲ အိမ်နဲ့တူတော့တယ် .....
လာပြီ ... ဂျောက်ဂျက်နဲ့ ဘောက်ဖက် ..... ပြောချင်လွန်းလို့ပါဗျာ .... ပြောချင်လွန်းလို့ ...... တိုက်ဆိုင်သွားရင် ခွင့်လွတ်တော်မူပါ ....

ဂျောက်ဂျက်တစ်ယောက် ပြုံးစိ ပြုံးစိဖြင့် လမ်းထိပ်မှ ပြန်လာသည်ကို ဘောက်ဖက်တစ်ယောက် အိမ်ရှေ့မှ လှမ်းတွေ့နေရသည်။
အနားရောက်တော့
ဘောက်ဖက် - “ဟေ့လူ ... ဘယ်လိုဖြစ်ပြီး ပြုံးစေ့ ပြုံးစိဖြစ်နေတာတုန်း ... ဘာတွေ သဘောတွေ့စရာများနဲ့ ကြုံလာခဲ့သလဲ .... နည်းနည်းပါးပါး ဝေမျှစမ်းပါ”
ဂျောက်ဂျက် - “ဟီး ... ရီချင်လွန်းလို့ ... တစ်လုံးလုံး တွေးရင်းရီ ... ရီရင်းတွေးလာတာ .... ကျွန်တော်ဗျာ မြို့ထဲမှာ ပစ္စည်းနည်းနည်းသွားဝယ်တာ ..... လမ်းမှာလေ ဂျာနယ်ရောင်းတဲ့လူတစ်ယောက်တွေ့ခဲ့တယ်”
ဘောက်ဖက် - “အမ် .. ဒါနဲ့ပဲ ရီရရောလား ... ဂျာနယ်ရောင်းတဲ့သူတွေက အများကြီးရယ်”

ဂျောက်ဂျက် - “ခင်ဗျားကလည်း ဗီဇအတိုင်းပဲ ... ကျူပ်ပြောလို့မပြီးသေးဘူးလေဗျာ ...... ဒီလို .. သူက ဂျာနယ်တွေလက်မှာကိုင်ပြီးတော့ ပါစပ်ကနေ ... ရန်ကုန်က တိရိစာာန်တွေ နေပြည်တော် ပြောင်းကုန်ပြီ ... ရန်ကုန်က တိရိစ္ဆာန်တွေ နေပြည်တော် ပြောင်းကုန်ပြီလို့ သတင်းအပြည့်အစုံကို ဒီမှာဝယ်ဖတ်လို့ရတယ် .... ကံမကောင်းတဲ့ တိရိစ္ဆာန်တွေ နေပြည်တော် အပြောင်းခံရပြီ တဲ့ဗျာ .... ဟားဟား ... စဉ်းစားကြည့်ပေတော့”
ဘောက်ဖက် -“ဟားဟားဟာာာာာာာာာာာာာာာာာား .... ဒါလည်းဟုတ်တာပဲ ...... နေပြည်တော်ကို ပြောင်းသွားတာ ကြာလှပေါ့ ... အခုမှ သတင်းထဲပါသလား ... ဟားဟား ... အာဂလူပဲ ....”

1 comments:

YL said...

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!