ဒီကနေ့ ဓါတ်ပုံတွေပါ ...
(Irrawaddy)
2:45 PM
သမတရုံမှသည် ဆူးလေအထိ ဆူးလေ လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများ ပြည့်နှက်နေသည်။ လူပေါင်း ၅ သောင်းခန့် ရှိမည်ဟု မျက်မြင် များက ခန့်မှန်း ပြောကြသည်။ မဇ္ဈိမက သတင်းယူနေချိန်တွင် လူအများ၏ လက်ခုတ်သံများကို ကြားနေရသည်။
2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။
3:35 PM
ရေနံချောင်းတွင် ထပ်မံ ဆန္ဒပြ
ရေနံချောင်းမြို့တွင် သံဃာတော် ၆ဝဝ ကျော်နှင့် လူ တသောင်းကျော်က ဆန္ဒပြကြသည်။
မြတ်စောညီနောင် ဘုရားမှ စတင်ထွက်သော ဆန္ဒပြသူများသည် မယကရုံး ရှေ့တွင် မေတ္တာသုတ် ၉ ခေါက် ရွတ်ဆို ခဲ့ကြသေးသည်။
“လူအုပ်ကြီးကတော့ နောက်ကနေပြီး ပိုစတာတွေ ကိုင်ပြီးတော့ လိုက်တာတော့ ရှိတယ်။ အခု ရန်ကုန်နဲ့ တိုင်ပင်လုပ်ထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဒို့ အရေး၊ ကုန်းဈေးနှုန်း ကျဆင်းရေး ဒို့ အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အကျဉ်းသားများ လွတ်ပေးရေး ဒို့ အရေး” ဟု မျက်မြင် သက်သေတဦးက ပြောသည်။
ရှမ်းပြည်မှာ တည်ငြိမ်နေသော်လည်း လုံခြုံရေး တင်းကြပ်
မြန်မာစံတော်ချိန် ၂ နာရီ ၂ဝ မိနစ် (သတင်းပေးပို့ချိန်)
ရှမ်းပြည်နယ်တွင် ယေဘူယျအားဖြင့် အေးဆေး တည်ငြိမ်လျက် ရှိပြီး လားရှိုးမြို့တွင် လုံခြုံရေးများ ချထားကြောင်း ဒေသခံ တဦးက ယခုလို ပြောဆိုသည်။
“ရှမ်းပြည်နယ် တဝိုက်မှာတော့ လောလောဆယ် တည်ငြိမ်နေပါတယ်။ ဒါပေမယ်လို့ လားရှိုးမှာတော့ လုံခြုံရေးတွေ အပြည့်ချထားတယ်။ အထူးသဖြင့် လားရှိုး မြို့တော်ခန်းမ ရှေ့မှာ အပြည့် ချထားတယ်။ မူလတန်း၊ အလယ်တန်း ကျောင်းတချို့မှာ အစိုးရ ဆန့်ကျင်စာတွေ လာကြဲချသွားတယ်လို့ ပြောတယ်။ ဒါကြောင့် ကျောင်းသား မိဘတွေကို ကျောင်းဝင်း အတွင်းဝင်ပြီး ကလေးတွေကို ထမင်းဗူးပို့၊ ကျွေးတာတွေကို တားမြစ် ထားတယ်လို့ သိရတယ်။ ကျောင်းတွေ ပိတ်တာတော့ မရှိသေးဘူး။ အားလုံးကလည်း နားစွင့်နေကြတယ်။”
သံဃာသပိတ် ဖြိုခွဲမယ့် ဦးအောင်သောင်းရဲ့ နတ်မောက်ကျောင်းက စတင်ဆန္ဒပြ
နောက်ဆက်တွဲ
(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)
ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြချက်
“သံဃာ ၂၅၅ ပါးပေါ့လေ။ နတ်မောက်မြို့မှာ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိတယ်။ နယ်ကျောင်း တကျောင်း အပါအဝင် ကျောင်းတိုက် ၁ဝ ကျောင်းလုံးမှာ ရှိတဲ့ စာသင်သား အားလုံး။ စာသင်တိုက်က ၂ ကျောင်း ရှိတယ်။ ဒီပင်္ကရာ စာသင်တိုက်၊ ဖျောက်ဆိတ်ပင် စာသင်တိုက်။ ကျောင်းတိုက်တွေက တမာပင်မှာ စုတယ်။ ပြီးတော့ မြို့ထဲ လမ်းလျှောက်တယ်။ သာသနာ့ အလံတော် ကိုင်တာတွေ၊ သပိတ် ၃ လုံး မှောက်ပြီး ကိုင်တာတွေက တခြားမြို့တွေနဲ့ အတူတူပါပဲ။ လူထု ပရိသတ်က ၃ဝဝ လောက် ရှိမယ်။ အခုတော့ ပြီးသွားပါပြီ။ မနက် ၆ နာရီခွဲကနေ စတာ ၇ နာရီခွဲမှာ ငြိမ်းချမ်းစွာ ပြီးဆုံးပါတယ်။ အနှောင့်အယှက် မရှိပါဘူး။ ဓာတ်ပုံ ရိုက်တာလောက်ပဲ ရှိတယ်။
ကျနော်တို့ ဒီလို သပိတ်မှောက်တာဟာ မြို့တော် သံဃာ့ နာယကရဲ့ သဘော တူညီချက်အရ မှောက်တာပါ။ သံဃာ့နာယက ဆရာတော်ဟောင်း ဦးဉာဏ်သောဘာသ (သက်တော် ၈၈)၊ လက်ရှိ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့ ဦးစီးပြီးတော့ လုပ်တာ။ ဆရာတော် ဘုရားကြီးက ဘာပြောလဲ ဆိုတော့ “လူတိုင်းလူတိုင်းဟာ သမိုင်းအကြွေး မကျန်အောင် မှောက်ရမယ်၊ အခု မှောက်တာဟာ နတ်မောက်မြို့ ညီညွတ်မှုတင် မဟုတ်ပါဘူး၊ သံဃာ့ ညီညွတ်မှုကို ပြတဲ့အနေနဲ့ မှောက်ရမယ်” ပြောတယ်။ တဖက် အဖွဲ့အစည်းက ဘာပြောပြော၊ လက်တုံ့ ပြန်လာရင်လည်း သီးခံရမယ်လို့ ဆရာတော်ကြီးက မိန့်ကြားတယ်။
နတ်မောက်မြို့ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့မြို့ဖြစ်ပြီး ဒီကနေ့ ဆန္ဒပြပွဲမှာ အင်အား အများဆုံး ပါတာက ဝန်ကြီး ဦးအောင်သောင်း ကိုးကွယ်တဲ့ ဒီပင်္ကရာ စာသင်တိုက်ကြီး (နတ်မောက်မြို့မှာ အကြီးဆုံး ဘုန်းကြီးကျောင်း) က ဖြစ်တယ်ဗျ။
------------
ဆင်ဖြူကျွန်းမှာ ဆန္ဒပြ
(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)
“ဆင်ဖြူကျွန်းမှာ မဟာသုတိသာရာမတိုက်၊ မဟာဝိဇယရာမတိုက်က သံဃာတော်အပါး ၁၅ဝ၊ ပရိသတ် ၁ဝဝဝ ကျော်၊ နေ့လည် ၁၂ နာရီခွဲကနေ စမှောက်တယ်။ မြို့လယ် ဆုတောင်းပြည့် ဘုရားမှာ တရားတွေ ရွတ်ကြတယ်။ ကျောက်ဆည် ဘုရားကနေ ရှင်ပင်မုနိ မဟာရန်ဏီ ဘုရားအထိ လျှောက်ကြတယ်။ နေ့လည် ၂ နာရီလောက်မှာ ပြီးတယ်။ အနှောင့်အယှက် မရှိ” ဟု ဒေသခံ တဦးက ပြောသည်။
3:10 PM
အောင်လံမြို့ ဆန္ဒပြ
“သာဝတီသာကျောင်းတိုက်ကနေ သံဃာတော်အပါး ၂ဝဝကျော်လောက်ရှိတယ်။ ပြည်သူတွေ အားလုံးက လိုအပ်တာတွေကို ကူညီ ဆာင်ရွက် ပေးကြပါတယ်။ ဘာလုံခြုံရေး အနှောက်အယှက် ဘာမှမရှိဘူး။ အရှေ့ရော အနောက်ရော အလယ်ရော သာသနာ့ အလံတွေ ကိုင်ပြီးတော့ ညီညီညာညာနဲ့ မေတ္တာပို့တယ်။ ပြည်သူတွေက ဘေးကနေ လက်အုပ်ချီပြီး လှူကြတမ်းကြပါပဲ။ ဖျော်ရည်တို့၊ ရေတို့ လိုက်ကပ်ပေးကြတယ်။ နောက်ကနေ ပြည်သူတွေကတော့ ငါးရာလောက်တော့ ရှိတယ်။ ရေရာတိုင်းမှာ အိမ်ပြင်ကနေ ထွက်ပြီး ကြိုကြတယ်။ နောက်ကနေ တကောက်ကောက် လိုက်နေကြတယ်။ အပြင်ထွက်ပြီး ကြိုနေကြတယ်။ သံဃာတွေက ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်ပြီး မကျီးကုန်း ရပ်ကွက်ကိုရောက် မကျီးကုန်းကနေ မြောက်ပိုင်း ပြန်တက်သွားပြီး အခုလောလောဆယ် မြို့မဈေးမှာ ရောက်နေပြီ ပြည်သူတွေအများက အအေးတို့ အချိုရည်တို့နဲ့ လက်အုတ်ချီပြီး ကြည်ညိုကြတယ်။ အခုချိန်ထိတော် ဘာအနောက်အယှက် မရှိသေးဘူး။ ဆက်လျှောက်တုန်း ရှိသေးတယ်။” ဟု လိုက်လံ ကြည့်ရှုနေသူတဦးက မဇ္ဈိမသို့ ပြောပြသည်။
2:55 PM
ရေစကြိုတွင် ဆန္ဒပြ
“တနာရီလောက်က အောင်မြေသာယာ သူဌေးတိုက်ကနေ စထွက်တယ်။ သံဃာ အပါး ၂၅ဝ ရှိမယ် မြို့ပေါ်မှာရှိတဲ့ ကျောင်းတိုက် ၄-၅ တိုက်လောက်က အောင်မြေသာယာ သူဌေးတိုက်ပါမယ်။ မြို့မ အရှေ့အနောက် နှစ်ကျောင်းပါမယ်။ နဂါးရုံ ပါမယ်။ နောက် မစိုးရိမ် ကျောင်းတိုက် အဲဒါတွေပါတယ် ။ တောက်ဘက်အရပ် အားကစားကွင်း ရှိတဲ့ အရပ်ဘက်ကို သွားတယ်။ ဘောလုံးကွင်းနားကနေ ပါတ်ပြီးတော့ အနောက် ကံပွင့်တိုက်ကို သွားတယ်။ ကံပွင်တိုက် ဒီဘက်လမ်းကနေမှ မြောက်အတိုင်း ဗိုလ်ချုပ် အောင်ဆန်း လမ်းဘက်ကနေ မြို့ထဲကို ပြန်ဝင်သွားတယ်။” ဟု ရေစကြိုမြို့ခံ တဦးက ပြောသည်။
“အောင်မြေသာယာ ကျောင်းတိုက်က ပြည်သူတွေ စပြီးတော့ လိုက်ပါလာကြတယ်။ သံဃာတွေက နှစ်ပါးတတွဲ နှစ်ပါးတစ်တွဲ ရှေ့ဆုံး သံဃာမှာ သာသနာ့အလံ ပါတယ။် မေတ္တာပို့ ပရိတ်ရွတ်ပြီးတော့ ဒီအတိုင်းပဲ လျှောက်ကြတယ်။” ဟု သူက ထပ်ပြောသည်။
2:25 PM
ပခုက္ကူမှာ သံဃာတော် ၇ဝဝ ခန့် စတင် လှည့်လည်ပြီ
မြန်မာပြည်တွင် သံဃာတော် အရေအတွက် ဒုတိယ အများဆုံး သီတင်းသုံးရာ မကွေးတိုင်း ပခုက္ကူ မြို့တွင် ယခုအခါ သံဃာတော်များသည် ကျောင်းတိုက်ကြီးများ စုပေါင်းကာ မြို့အတွင်းသို့ စတင်၍ ဆန္ဒပြ လှည့်လည်ရန် တာစူနေပြီ ဖြစ်သည်။
သံဃာတော်တပါးက … “သံဃာတော်တွေကတော့ ထွက်သွားပြီ။ အနောက်တိုက်၊ အလယ်တိုက်၊ ဗောဓိမဏ္ဍိုင် ဆိုပြီးတော့ ထွက်သွားကြပြီ။ အခု ထွက်သွားတဲ့ သံဃာတော် လက်ရှိ အင်အားကတော့ ၇ဝဝ လောက် ရှိတယ်။ အခုကိုပဲ စထွက်ကုန်ကြတာ။ ထုံးစံအတိုင်း ပရိတ် ရွတ်ဖတ်ကြတယ်။ အခု အခြေအနေက တတိုက်နဲ့ တတိုက် လှည့်ဝင်ခေါ်နေတဲ့ အခြေအနေ ပေါ့လေ။ တိုက်ကြီး ၄ တိုက် ဆုံပြီးမှ လူတွေ ပါဝင်မှုကို သိလာရမှာ” ဟု ပြောသည်။
2:20 PM
မန္တလေးမြို့တွင် သံဃာတော် ၃ဝဝဝ ခန့်သည် ချီတက် ဆန္ဒပြလျှက် ရှိပြီး လူထု အများအပြား လိုက်ပါလျှက် ရှိသည်။
2:00 PM
ကလေးမြို့မှာ ရဟန်းနဲ့ ပြည်သူ ပူးတွဲဆန္ဒပြနေပြီ
“ကလေးမြို့မှာ သံဃာတော်တွေက မနက်ပိုင်းက မြို့ထဲမှာ လှည့်ပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ဘုရားကြီးမှာ ပြန်လည် စုဝေးနေတာပေါ့။ သံဃာတော်တွေက ၆ဝဝ ကျော်လောက် ရှိနေတယ်။ ကလေး တက္ကသိုလ်က ကျောင်းသားတွေကလည်း စာမေးပွဲတွေလည်း မဖြေကြဘဲနဲ့ ဘုရားကြီးကနေ သံဃာတော်တွေနဲ့ စုပေါင်းတယ်။ အခုနေ့လည်ပိုင်း ၁ နာရီလောက်က စတာပေါ့။ တာဟန်းဘက်ကို သွားကြတာ။ ကျောင်းသားတွေရော၊ ပြည်သူတွေရော အများကြီးပဲ။ လိုက်သွားကြတာ။ ကြွေးကြော် သွားကြတယ်။ “စားဝတ်နေရေး အဆင်ပြေရေး … ဒို့အရေး၊ စစ်အာဏာရှင်စနစ် ပြတ်ကျရေး … ဒို့အရေး” ပေါ့နော်။ အဲဒါမျိုးတွေပါပဲ။ အော်သွားကြတယ်။ ထင်တာတော့ တာဟန်း ကျောင်းဘက်ကို သွားတာ ဖြစ်မယ်။ ပြန်တော့ တပတ် ပြန်ပတ်လာမယ်တဲ့” ဟု ဒေသခံ တဦးက ပြောသည်။
မုံရွာမြို့ အခြေအနေ နောက်ဆက်တွဲ
မြန်မာစံတော်ချိန် ၂ နာရီ (သတင်းပေးပို့ချိန်)
“ရွှေစည်းခုံ ဘုရားမှာ အန်အယ်ဒီကနေ သံဃာတော်တွေကို ဖျော်ရည်၊ ဇင်ဇင်း ဒိုင်ဂျင်း ဆေးကပ်လှူတယ်။ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိတယ်။ ကျောင်းတိုက် သေးသေးလေးတွေကလည်း နည်းနည်းချင်း ထွက်နေကြတာပေါ့နော။ ဈေးသစ်နားမှာ ဆုံတာလေ။ လူထုပရိသတ်ကလည်း အတော်ကို များတယ်၊ အားပေးကြတာ။ ဈေးသစ်နားမှာ 'ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး … ဒို့အရေး' အော်ကြတယ်။ ကျန်တဲ့ နေရာမှာတော့ မအော်ပါဘူး။ ဘုရားတွေကို ဝင်ကြတယ်။ အခုတော့ ကျောင်းတိုက်တွေကို ပြန်ကြွ သွားကြပြီ။ အေးအေးဆေးဆေးပဲ ဘာမှ အနှောင့်အယှက် မရှိဘူး။ ဇောတိက၊ ဖုန်းစိုး၊ ပေပင်၊ ရန်ကင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့နော်။ အပါး ၇ဝ၊ ၁ဝဝ သံဃာ အုပ်စုတွေလည်း တွေ့ရတယ်။ ဈေးသစ်မှာ သွားဆုံကြတယ်ပေါ့နော်” ဟု ဒေသခံ တဦးက ပြောသည်။
1:55 PM
မုံရွာ ဆန္ဒပြပွဲ စတင်ပြီ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ နှိုးဆော်ထားသည့် အထွေထွေသပိတ် ဆင်နွှဲရေး သတ်မှတ်ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော် အပါး ၁၅ဝ ခန့်သည် ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ ချီတက် ဆန္ဒပြပြီ ဖြစ်သည်။
“အခု စထွက်နေပြီ။ ဇောတိကနဲ့ ဖုန်းစိုး က တွဲထွက်တာလေ။ ပေပင်ကျောင်းနဲ့ ရန်ကင်းကျောင်းကလည်း သပ်သပ်စီ ထွက်ကုန်ပြီတဲ့။ ဒါကတော့ ကြားတာ။ အရေအတွက်တော့ မသိသေးပါဘူး။ ပြည်သူတွေတော့ မပါသေးဘူးရှင့်။ ဘုန်းကြီးတွေချည်း ပါပဲ။ အားလုံးက မြောက်ဘုရား ရွှေစည်းခုံ ဘက်ကို ကြွသွားကြပါတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။
1:45 PM
ဒိုက်ဦးမြို့ ဆန္ဒပြ
ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သံဃာတော်အပါး ၄ဝဝ ကျော် ပါဝင်သော ဆန္ဒပြမှု တခု ယနေ့ ထပ်မံ ပြုလုပ်ခဲ့သည်။
“မြို့အဝင်လမ်း ရောက်တဲ့အခါကျတော့ ဒီမြို့ထဲက လူတွေကနေပြီးတော့ ရေသန့်ဗူးတွေ၊ သံဃာတွေရော၊ ပြည်သူတွေရော အားလုံးကို လှူဒါန်းတယ်။ အဲဒီမြို့ အဝင်လမ်းကနေပြီးတော့ အောင်ချမ်းသာ လမ်းကနေ တောက်လျှောက် ဝင်တယ်။ အောင်ချမ်းသာ လမ်းကနေ မြို့ပတ်လမ်း မြို့ပတ်လမ်းက နေပြီးတော့ ရေကျော်လမ်းကနေပြီး ဈေးကိုဝင်တယ်။ ဈေးကနေပြီးတော့ အဲဒီ ကုန်သည်လမ်းက နေပြီးတော့ ဖောင်ဝင်းလမ်းကို ပြန်တက်ပြီးတော့ အဲဒီ ခေမာသီ ကျောင်း ရန်မျိုးအောင် ဘုရားမှာ ပြန်ပြီးတော့ ဆုတောင်း မေတ္တာ ပို့ပြီးတော့ ပြီးသွားတယ်။” ဟု လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။
၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် လိုက်ပါလာသူ ၁ဝဝဝ ခန့် ရှိခဲ့သည်ဟု သူမက ပြောသည်။
“ဈေးထဲဘက် ရောက်လို့ ရှိရင်လည်း ဈေးထဲဘက်က တချို့ ဈေးသည်တွေဆိုရင် ဈေးပန်းကြီးတွေ အကုန် ပစ်ထားခဲ့ပြီး လိုက်လာကြတယ်။ နောက်လမ်းဘေးမှာ ချရောင်းနေတဲ့ ဈေးသည်တွေကလည်း အကုန်လုံး ထားခဲ့ပြီး လိုက်ကြတာပဲ။ လူတွေကလည်း တက်တက်ကြွကြွ လိုက်ပါတယ်။ အားလုံး ဆူဆူညံညံတော့ အလုပ်ရဘူး ဆိုတာ ဆရာတော်တွေက ပြောထားတယ်လေ။ အေးအေးဆေးဆေးပဲ လိုက်ကြဖို့ ပြောတာ အားလုံးပဲ အေးအေးဆေးဆေးပဲ လိုက်ကြတယ်။” ဟု သူမက ပြောသည်။
.........................................................................................................................
ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၇
ပခုက္ကူ-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် ပခုက္ကူမြို့ရှိ သံဃာတော်အပါး ၂၅၀၀ ခန့်က ဦးဆောင်ပြီး မြို့လူထု ၁ သိန်းကျော် ပါဝင် ဆန္ဒပြချီတက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်တပါးက ပြောသည်။
ယင်းဆန္ဒပြပွဲသည် ပခုက္ကူမြို့ စာသင်တိုက်ကြီး ၄ တိုက်ရှိသံဃာတော်များက ဦးဆောင်စုစည်း၍ လူထုကို သာသနာ့ အလံများနှင့် မေတ္တာပို့မြန်မာပြန်စာရွက်များ ကြိုတင်ဝေငှထားပြီး မေတ္တာသုတ်၊ မောရသုတ်များနှင့် မေတ္တာပို့မြန်မာပြန် များကို ရွတ်ဆိုချီတက်သည်ဟု အထက်ပါ သံဃာတော်ကပြောသည်။
သံဃာတော်များက ဆန္ဒပြပွဲကို စည်းကမ်းစနစ်ကျစွာ ဦးဆောင်ပြီး မြို့လူထုက သံဃာတော်များနောက်မှ လိုက်ပါ ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။
ရေစကြို-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် မကွေးတိုင်း ရေစကြိုမြို့ရှိ တိုက်ကြီးကျောင်းခေါ် အောင်မြေသာယာကျောင်းတိုက်မှ သံဃာတော်အပါး၂၅၀ ကျော်သည် မေတ္တာသုတ်၊ မောရသုတ်များရွတ်ဆို၍ ချီတက်ဆန္ဒပြ သည်ဟု သိရသည်။
“သာသနာ့ အလံ ဆယ်ခုကိုင် တယ်၊ နှစ်ပါး တတန်းစီ ချီတက်တယ်၊ ပြည်သူတွေက ရှင်လောင်း ပွဲကြည့်နေသလို အရမ်းများတယ်၊ အန်အယ်လ်ဒီ တိုင်းဥက္ကဌ လည်းပါတယ်၊ ဈေးသူဈေးသားတွေလည်း ပါတယ်၊ ပြည်သူတွေက ရေကပ်လှူတယ်၊ ထိုင်ရှိခိုးကြတယ်” ဟု ရေစကြို ဒေသခံတဦးက ပြောသည်။
ယမန်နေ့ည ၈နာရီ ခန့်ကလည်း ရွေတန်းဇာ ဘုရားပေါ်တွင် လူ ၅၀ ကျော် ပါဝင်သည့် ၀တ်အဖွဲ့ နှင့် ဂေါပက ဥက္ကဌတို့က မေတ္တာသုတ်ရွတ် ကြသည်ဟုလည်း ၎င်းက ပြောသည်။
မုံရွာမြို့-စစ်ကိုင်းတိုင်း - ယနေ့ နံနက် ၁၁း ၃၀ နာရီ ခန့်က မုံရွာမြို့ရှိ သံဃာတော် အပါး ၃၅၀ ကျော်သည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း မျက်မြင် တဦးကပြောသည်။
ထို့အပြင် မုံရွာမြို့ ပြည်ထောင်စု လမ်းမတွင် ဆန္ဒပြ သံဃာများနှင့် လိုက်ပါပူးပေါင်း ဆန္ဒပြရန်အတွက် ရာနှင့်ချီသည့် သံဃာတော်များကလည်း စောင့်ဆိုင်းလျှက်ရှိသည်ဟု ၎င်းကဆိုသည်။
ဆန္ဒပြ သံဃာတော်များသည် မုံရွာမြို့ကို ပတ်၍ ချီတက်မည်ဖြစ်ကြောင်း သိရသည်။
.............................................................................................
(Mizzima)
Rangoon, 2 p.m.— Several state schools in Rangoon’s downtown have been closed down. Currently, the demonstrators are heading to Sule Pagoda. The crowd has swollen to about 30,000 people, including about 20 celebrities.
Pegu, 1 p.m.—More than 400 monks took part in a peaceful demonstration in Pegu city while hundreds of others monks waited on the other side of city to join in, residents said. About 3,000 laypeople joined the demonstration.
Monywa, Sagaing Division—More than 350 monks led a peaceful demonstration in Monywa Township in Sagaing Division at 11:30 a.m., according to witnesses. Monks were reciting the metta sutta (the Buddha’s words on loving kindness) as they marched around the town. Hundreds of monks were also waiting on Pyidaungsu Road in Monywa town to join the march.
Monday, September 24, 2007
လက်ရှိအခြေအနေများ .....
ရေးသားသူ -
မိုးတိမ်
at
4:10 PM
0
comments
Labels: သိစေချင်တာလေးတွေ
ခံယူချက်နှင့် ရည်မှန်းချက်
ဆရာ/ဆရာမတွေကို ကန်တော့ကြတော့ ဆုတွေအများကြီးပေးကြတယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်တို့ သမိုင်းဆရာက ဆုပေးတာ တစ်မျိုးထူးခြားတယ်။ “ကဲ ... ငါ့တပည့်တွေ မြင့်မြတ်မှန်ကန်တဲ့ ခံယူချက်နဲ့ ရည်မှန်းချက်တွေကို အရယူနိုင်ပါစေ။ ရည်မှန်းချက်အောင်မြင်သွားရင်လည်း မြင့်မြတ်တဲ့ ခံယူချက်တွေ မပျောက်ပျက်ပါစေနဲ့လို့ ဆရာဆုတောင်းပေးလိုက်ပါတယ်” ... ကျောင်းသားတွေကတော့ အင်အင် .. အန်အန်နဲ့ အံ့သြပြီး “ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”လို့ပဲပြောနိုင်ကြတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ တစ်မျိုးဖြစ်နေတယ် ... ဆရာပြောသွားတဲ့စကားရဲ့ အဓိပ္ပာယ်ကို အရမ်းသိချင်တယ်။ အဲ့ဒီတုန်းက ဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူးလေ။ ဒါနဲ့ ကန်တော့ပွဲပြီးတော့ ဆရာ့နားကပ်ပြီး မေးတာပေါ့။
“ဆရာ ... ဆရာခုနက ဆုပေးသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော် သိချင်တာလေးတွေရှိလို့ပါ ... ကျွန်တော်မေးလို့ ရမလားဆရာ ”
.... “အေး ... မေးလေ .. မင်းဘာကိုမေးမလဲဆိုတာတော့ ငါ့နည်းနည်းရိပ်မိတယ်” ...
“ဒီလိုဆရာ ... ဆရာက မြင့်မြတ်မှန်ကန်တဲ့ခံယူချက်နဲ့ ရည်မှန်းချက်တွေကို အရယူနိုင်ပါစေလို့ ဆုပေးသွားတယ်နော် ... အဲ့ဒီထဲမှာ မြင့်မြတ်မှန်ကန်တဲ့ ခံယူချက် ဆိုတဲ့ စကားကို ကျွန်တော် သဘောမပေါက်လို့ပါ ဆရာ ... ”
“အင်း ... ဒီလိုကွ .. ခံယူချက်ဆိုတာ .. လူတစ်ယောက်ရဲ့ အတွေး၊ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေကို လွှမ်းမိုးနိုင်တဲ့အရာပဲကွ .. ဥပမာကွာ ... မင်းက ဆရာဝန်ဖြစ်ချက်တယ်ဆိုပါစို့ကွာ .... အဲ့ဒါက မင်းရဲ့ ရည်မှန်းချက် ... မင်းဆရာဝန်ဖြစ်ချင်တဲ့အကြောင်း .. ဖြစ်ပြီးသွားရင် လုပ်ဆောင်မယ့်အကြောင်းတွေကတော့ မင်းရဲ့ခံယူချက်တွေပေါ့ကွာ ... ဆိုလိုတာက မင်း ဆရာဝန်ဖြစ်ချင်တာ ချမ်းသာချင်လို့လား၊ ဆေးကုသတာ ၀ါသနာပါလို့လား၊ ဒါမှမဟုတ် .. လူသားတွေကို ကယ်တင်ချင်လို့လား ..... စတာတွေတေပါ့ကွာ ... အဲ .. အဲ့ဒီထဲမှာမှာ လူသားတွေကို ကယ်တင်ချင်တယ်လို့ မင်းကဖြေရင် .... မင်းဆရာဝန်ဖြစ်ရင် လူနာတွေကို အခမဲ့ကုသပေးမှာလား ... သူဌေးဖြစ်အောင် အခကြေးငွေနဲ့ကုသမလား ... ဒါမှမဟုတ်ရင် တက်နိုင်တဲ့သူတွေကို အခကြေးငွေယူပြီး မတက်နိုင်တဲ့သူတွေကို အခမဲ့ကုပေးမလား ဆိုတာတွေဟာ ... မင်းရဲ့ ခံယူချက်ပေါ်မှာ မူတည်နေတာပေါ့ကွာ ..... ဘ၀မှာ ရည်မှန်းချက်ကောင်းတိုင်း လူကောင်းမဖြစ်နိုင်ဘူးလေကွာ ... မင်းက အင်မတန်တော်အောင်ကြိုးစားပြီး အဲ့ဒါ့နဲ့ လူသားတွေကို ဒုက္ခပေးမယ်၊ မတရားလုပ်မယ်ဆိုရင် မင်းရဲ့ခံယူချက်ဟာ အဆိုးဘက်ကို ဦးတည်နေတာပဲပေါ့။ ဒါကြောင့် မြင့်မြတ်မှန်ကန်တဲ့ ခံယူချက်နဲ့ ရည်မှန်းချက်ကို တက်လှမ်းရမယ် .. ရည်မှန်းချက်ကို ရောက်ရင်လည်း မင်းရဲ့ခံယူချက်ကို ဆက်လက်ထိန်းသိမ်းရမယ် .. အဲ့ဒါမှ မင်းဟာ လူ့လောကကို အကျိုးပြုတဲ့သူမဖြစ်ရင်တောင်မှ သဘာဝ လောကကို ဖျက်ဆီးတဲ့သူမဖြစ်ဘူးပေါ့။ တစ်ချို့ကျတော့လည်း .. အစက ခံယူချက်ကကောင်းပေမယ့် ရည်မှန်းချက်ကို ရောက်ဖို့အတွက် အခက်အခဲမျိုးစုံကို ကြုံတွေ့ရတဲ့အတွက် ရည်မှန်းချက်ကို ရောက်သွားရင် ခံယူချက် ပြောင်းသွားတတ်ကြတယ်ကွ .. ဒါကြောင့် ငါမင်းတို့ကို ဒီလိုဆုတောင်းပေးတာပါကွာ ... ”
“ဟုတ်ကဲ့ဆရာ ... ကျွန်တော် သဘောပေါက်ပါပြီ .. အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဆရာ ... ”
ဒါကြောင့်လောကမှာ ဘာပဲလုပ်လုပ် မြင့်မြတ်မှန်ကန်တဲ့ ခံယူချက်ရှိဖို့လိုတယ် .......
ဒါကြောင့် သင့်ကိုသင်မေးဖို့ အချိန်တန်ပြီ
“သင့်ခံယူချက်ကဘာလဲ .......”
“မျိုးချစ်တပ်မတော်သားတွေရဲ့ခံယူချက်ကဘာလဲ ..... ”
“ပြည်သူတွေရဲ့ ခံယူချက်ကဘာလဲ .... ”
ရေးသားသူ -
မိုးတိမ်
at
12:11 PM
0
comments
Labels: ရင်ထဲရှိတာလေးတွေ, သိစေချင်တာလေးတွေ
Thursday, September 20, 2007
မြန်မာနိုင်ငံတွင်ရှိသော ဘာသာဝင်များအားလုံး သတိထားပါ။
သတိထားကြပါ ....
ဘာသာရေးအဓိကရုန်းဖြစ်ရန် နအဖမှ ယုတ်မာစွာ ကြံစည်နေသည်ဟု ပြည်သူဘက်ကိုလိုက်လိုသော ကြံ့ဖွတ် အချို့မှ ၈၈ မျိုးဆက်ကျောင်းသားများအား သတင်းပေးထားပါသည်။ မြန်မာနိုင်ငံတွင်ရှိသော ဘာသာဝင်များအားလုံး သတိထားပါ။
ရေးသားသူ -
မိုးတိမ်
at
11:51 AM
0
comments
Labels: သိသင့်တာလေးတွေ
နွေးထွေးသောအပြုံးဖြင့်ထွေးပိုက်ပါ …….
ကျွန်တော် ခုတစ်လော အလုပ်တွေမအားတာနဲ့ မတင်ဖြစ်ဘူး … ပြောတော့မယ် .. ဒီလူကြီးအမြဲ အလုပ်ရှုပ်နေပါလားလို့ .. ဟုတ်တယ်ဗျာ … မြန်မာနိုင်ငံမှာက တစ်ရက်လုပ်မှ တစ်ရက်စားရတာ …. အလုပ်ရှုပ်နေမှ တော်ရုံကျတာဗျာ …… ဟီး ထိုအပြုံး
ဟိုတစ်လောက ပင့်ဂိုလ်းရဲ့ ပိုစ့်တစ်ခုကို ဖတ်လိုက်မယ်တယ် ….. ဆေးပညာရှုထောင့်ကနေ တင်ပြထားတာမို့ အရမ်းကောင်းတယ် .. ဒါပေမယ့် အဲ့ဒီအတိုင်းတာ မြန်မာပြည်မှာ ကျင့်သုံးရင် ပါးတွေ ကျွတ်ကျွတ်ကျိုးသွားနိုင်တယ် .. ဟီး
ဒါပေမယ့် မြန်မာပြည်မှာလည်း ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေရှိပါသေးတယ်။ အဲ့ဒါကတော့ နွေးထွေးတဲ့အပြုံးတွေနဲ့ လူတွေကို ထွေးပိုက်ပါ။ သင်ကော နွေးထွေးစွာပြုံး တတ်ပါသလားလို့ အရင်မေးကြည့်ချင်တယ်။ နွေးထွေးစွာပြုံးတယ်ဆိုတာ လူတွေအဖို့ အမှတ်တမဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ရင်ထဲမှာ ကျေနပ်မှုတစ်ခုကိုရလိုက်ပြီဆိုရင် အလိုလိုနေရင်း ပြုံးတတ်ပါတယ်။ ဒါပေမယ့် အကြောင်းအရာမဲ့ ပြုံးတတ်ဖို့ဆိုတာ တစ်ကယ်ခက်တယ်။ မပီပင်ရင် မဲ့ပြုံးကြီးဖြစ်သွားရော။ ကျွန်တော်ကိုယ်တိုင်လည်း ပီပီပြင်ပြင်မပြုံးတတ်သေးပါဘူး။ ကြိုးစားနေတုန်းရှိပါသေးတယ်။ သူတစ်ဦးတစ်ယောက်ကို နွေးထွေးစွာပြုံးပြခြင်းဟာ သင်ဟာသူ့အပေါ်မှာ ကျေနပ်မှုလေးတစ်ခု ဖြစ်စေတယ်လို့ ခံစားမိစေမှာပါ။ အပြုံးရဲ့တန်ခိုးဟာ အစွမ်းထက်လှပါတယ်။ ဒါကြောင့် သင့်ကိုသင် မှန်ကြည့်ပြီး နွေးထွေးစွာပြုံးတတ်ဖို့ကြိုးစားပါ။ နွေးထွေးစွာပြုံးတတ်ပြီဆိုရင် သင့်အလုပ်အကိုင်မှာ၊ လုပ်ငန်းမှာ၊ မိတ်ဆွေတွေကြားထဲမှာ အောင်မြင်မှု တစ်ဝက်ကို ရယူနိုင်ပါလိမ့်မယ်လို့ ကျွန်တော် စားအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ပြီးတော့ အပြုံးနဲ့ပတ်သက်တဲ့ သာဓကတစ်ခုအနေနဲ့ ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအဟာရထဲက “ထိုအပြုံး” ၀တ္တုတိုလေး တစ်ပုဒ်တင်ပြပေးချင်ပါတယ်။
ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏ ``မင်းသားလေး´´ (The Little Prince) ၀တ္တုကို စာသမား အတော်များများ သိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ် ပုံပြင်တစ်ပုဒ် ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။
``မင်းသားလေး´´ကို သိသော်လည်း ဆန်းတက်ဇူပေးရီ၏ အခြား ၀တ္တုတို-ရှည်များကိုကား သိသူ နည်းလှပါသည်။
ဆန်တက် ဇူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက် ဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီကလည်း သူသည် စပိန် ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကို မူတည်၍ ``ထိုအပြုံး´´ (The Smile) အမည်ရှိ ၀တ္တုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္တုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။ ``ထိုအပြုံး´´ကို သူသည် ကိုယ့်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့် ရေးသည်လား၊ ၀တ္တုတစ်ပုဒ် အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော် ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဆူပေရီက...
သူ့အား ရန်သူတို့ ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲ ထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင် သူတို့၏ စက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အားသတ်မှာမုချဟု သူယူဆကြောင်း ရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြေပြပါမည်။
***
``ငါ့ကို သတ်ကြတော့မှာ မုချဟု ကျွန်တော်သိနေပြီ၊ လူကအကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက် တစ်လိပ်တစ်လေများ သူတို့ရှာတုးက မတွေ့ဘဲ ကျန်ရစ်လေမည်လားဟု စမ်းကြည့်မိသည်။ ကံအးလျှော်စွာ တစ်လိပ်ရသည်။ သို့သော် လက်တွေ အကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာ တပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ ယူသွားသဖြင့် မရှိတော့။
``ကျွန်တော့်အား စောင့်ကြည့်နေသူကို သံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူက ကျွန်တော်နှင့်မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူမျက်လုံးဆိုင်ချင်မည်လဲ။ ``မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ´´ ကျွန်တော်လှမ်း၍ ပြောလိုက်သည်။ သူကျွန်တော့်ကို လှမ်းကြည့်ပြီး ပခုံးတစ်ချက်တွန့်ကာ စီးကရက်မီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော် ပြုံးပြလိုက်သည်။ ဘာကြောင့် ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော် စိတ်ဂနာမငြိမ် ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက် နီးကပ်နေသည့်အခါမျိုးမှာ ပြုံးမပြ၍ မနေနိုင်တာလား မပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲ့သည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့် ကျွန်တော့်နှလုံးသားကြား တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိညာဉ်နှစ်ခုအကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာ ဖြစ်သလို မီးပွားတစ်ခု ခုန်ကူးသွားသည်ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးက သံတိုင်းများကြားမှနေ၍ သူထံခုန်ကူးသွားပြီး သည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်း အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျွန်တော့်စီးကရပ်ကို မီးညှိပေးပြီးနောက် အနားမှမခွာသေးဘဲ ကျွန်တော့်မျက်လုံးများကို စူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
``ကျွန်တော်လည်း သူ့ကို ဆက်၍ ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့် တစ်ယေက်မဟုတ်တော့၊ သူ့ကို လူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူကြည့်ရှုပုံကလည်း အဓိပ္ပါယ်သစ်တွေ ပါလာပြီ၊ ``ခင်ဗျားမှာ သားသမီးရှိလား´´သူက မေးသည်။
``ရှိပါတယ်ခင်ဗျား၊ ဟောဒီမှာ ဟောဒီမှာ ကျွန်တော် ပျာပျာသလဲ ပိုက်ဆံအိတ်ကို ဖွင့်ကာ ကျွန်တော့်မိသားစု ဓါတ်ပုံကို ထုတ်ယူပြီး သူ့အားပြသည်။ သူသည်လည်း သူ့ကလေးများ ဓါတ်ပုံတွေ ထုတ်လာကာ သည်ကလေးတွေနှင့်ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည့်သည်များကို ပြေပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ စိးရိမ်ထိန့်လန့်လှကြောင်း၊ သည်ကလေးတွေ ကြီးပြင်းအောင် စောင့်ရှောက်နိုင်ခွင့် မရှိတော့မှာ ပူပန်နေသည့် အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေ နားထောင်ရင်း သူ့မျက်လုံးများမှာလည်း မျက်ရည်တွေ ရစ်ဝဲလာသည်။
``သည့်နောက်မူ ဘာစကား တစ်ခွန်းမျှ မပြောဘဲသူက ရုတ်တရက် ကျွန်တော့်အချုပ်ခန်းတံခါးသော့ကို ဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။ အချုပ်ထောင်ပြင် ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်းနား ရောက်သည့်အခါ ကျွန်တော့်ကို လွှတ်ပေးလိုက်သည်။ ထို့နောက်း နှုတ်ဆက်စကားတွေ ဘာတွေလည်း ပြောမနေတော့ဘဲ မြို့ဘက်ဆီ သူလှည့်ပြန်သွားသည်။
``ကျွန်တော့်အသက်ကို အပြုံးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း´´
မှန်သည်။ ဟန်ဆောင်မှု ကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကို သဘာဝအပြုံး၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသားအပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှု။
***
ဆန်တက်ဆူပေရီ၏ သည်ဝတ္တုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တတွေမှာ ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများက ဘယ်လိုမြင်စေချင်သည်ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာ အထပ်ထပ်ဖုံးကာ ကိုယ်ကိုယ်ကိုကွယ်ကာထားကြသည်။ သို့သော် ဘာတွေ ဘယ်လိုဖုံးဖုံး အောက်ဆုံးမှာတော့ တကယ့် လူပုဂ္ဂိုလ်အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲဖြစ်သည်။
အဲ့သည် အတွင်းပိုင်း အနက်အရှိုင်းထဲက အရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုလိုက်မည်။ ကျွန်တော်ကိုယ်တွင်းက အဲ့သည်ဝိညာဉ်ဟု ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းက အလားတူအစိတ်အပိုင်းတို့ အပြန်အလန် သိကျွမ်းသွား ကြပြီဆိုလျှင် ကျွန်တော်ဘယ်နည်းနှင့်မျှ ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကို တစ်ယောက် မမုန်းတီးနိုင်၊ မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်း မရှိနိုင်တော့။
ယခုတော့ ကျွန်တော်တို့ တစ်သက်လုံးကြိုးစား တည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ် ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အစစ်အမှန် မတွေ့ဆုံနိုင်ကြဘဲ ရှိနေသည်။ ဆန်တက်ဆူပေရီ၏ ၀တ္တုက ၀ိညာဉ်နှစ်ခုအပြန်အလှန် တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသော အခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်း အဲသည်လို အခိုက်အတန့်တချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုး ဆိုပါစို့။
နို့စို့အရွယ် ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်း အလားတူဖြစ်မိတတ်သည်။ သည်လိုကလေးငယ်မျိုးကို တွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးမိတတ်ကြသလဲ။
အပေါ်ယံလွှာ တစ်ခုမျှ ကွယ်ကာထားခြင်းမရှိသူ တစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။ သူ၏ အပြုံးမှာ ဟန်ဆောင်မှု အကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံး အပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြုံးလိုက်မိခြင်းလား။
[မူရင်း ။ Hanoch MaCarty ၏ The Smile]
ဘာသာပြန် ။ ဖေမြင့်
ရေးသားသူ -
မိုးတိမ်
at
11:38 AM
0
comments
Labels: သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Friday, August 31, 2007
Happy Blog Day ....
ချစ်ခင်လေးစားရပါသော Blogger အပေါင်းတို့ Happy Blog Day ပါ ......
မြန်မာဘလော့လောက ရေရှည်တည်တံ့ ခိုင်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ် .....
Rest of your post
ရေးသားသူ -
မိုးတိမ်
at
12:51 PM
0
comments
Labels: ရင်ထဲကစကားလေးတွေ
Tuesday, August 21, 2007
သူတောင်မနေနိုင်ဘူး

ရေးသားသူ -
မိုးတိမ်
at
1:48 PM
0
comments
Labels: ဟာသ
လမ်းလျှောက်သူများအား လေးစားပါသည်
ရေးသားသူ -
မိုးတိမ်
at
10:19 AM
0
comments
Labels: စိတ်ထဲရှိတာလေးတွေ, ရင်ထဲကစကားလေးတွေ, ရင်ထဲရှိတာလေးတွေ
Friday, August 17, 2007
ရန်ကုန်က လိုင်းကားခတွေ ဒီလိုသတ်မှတ်လိုက်ပြီ
ရေးသားသူ -
မိုးတိမ်
at
10:49 AM
0
comments
Labels: သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Thursday, August 16, 2007
ရန်ကုန်မှာ ဒီလို ဒီလို
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......
ရေးသားသူ -
မိုးတိမ်
at
10:16 AM
2
comments
Labels: စိတ်ထဲရှိတာလေးတွေ, သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ