Wednesday, November 14, 2007

ဗွီဒီယိုကြည့် ပရိတ်သတ် တွေကို အားနာပါဦးဗျာ ....

ကျွန်တော် အကြောင်းကြောင်းကြေင့် ရှေ့လျှောက်ပိုစ့်ရေးနိုင်ဖို့ တော်တော်ခက်ခဲသွားပါလိမ့်မယ်။ ပို့စ်တွေလည်း ကျဲသထက် ကျဲသွားပါလိမ့်မယ်။ စိတ်က ဘလော့ပေါ်ရောက်နေပေမယ့် မရေးနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။ ခုတစ်လော စိတ်တွေ အရမ်းရှုပ်တွေနေတာကြောင့် စိတ်ပြေလက်ပျောက် မြန်မာဟာသကားတို့၊ အငြိမ်၊ ဟာသဇာတ် ဗွီဒီယိုခွေတွေ အိမ်မှာကြည့်ဖြစ်တယ်။ မြန်မာဇာတ်လမ်းတွေကို ကျွန်တော် မကြိုက်ဘူးဗျ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ မကြိုက်တာအမှန်ပဲ။ တစ်ခါလာလည်း ဒီဇာတ်လမ်းမျိုး၊ ဒီနေရာ၊ ဒီအိမ်၊ ဒီအခန်း၊ နှစ်ခါလာလည်း ဒီဇာတ်လမ်းမျိုး၊ ဒီနေရာ၊ ဒီအိမ်၊ ဒီအခန်း၊ ဒီသရုပ်ဆောင် အကုပ်လုံးကို ထပ်နေတာပဲ။ ဘာတွေမှန်းကိုမသိဘူး။ အိမ်မှာ ညီမတွေ၊ အစ်မတွေကတော့ ကြည့်ကြပါတယ်။ သူတို့ကတော့ပြောပါတယ် မင်းသား၊ မင်းသမီး ၀တ်စားတာတွေကို ကြည့်တာတဲ့ ..... ဟင်း .... စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ကိုးရီးယားဇာတ်လမ်းတွဲတွေကိုတော့ ကြိုက်တယ်၊ သဘောကျတယ် ဟီး .... ရသစုံတယ် .... :)
တနေ့က အငြိမ်ခွေရယ်၊ ပြဇာတ်ရယ်ငှားကြည့်တယ်ဗျာ ..... နှင်းဆီသခင်အငြိမ့်နဲ့ အစဆွဲထုတ်ကြသူများ စတဲ့ခွေတွေပေါ့။ တော်တော် ရီရပါတယ်။ စကားလုံးတွေက မိုက်တယ်။ အဲ့ဒီခွေတွေ ကြည့်ရာမှာ စိတ်ပျက်ဖို့အကောင်းဆုံးအရာက ဘာလဲသိလား ......... ကြော်ငြာတွေ ... ကြော်ငြာ ... အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ ဗွီဒီယိုဇာတ်လမ်းကြော်ငြာတွေဗျာ ....... ခွေကြည့်တာ ကောင်းကောင်း မကြည့်ရဘူး .... တစ်ခါတစ်လေ ပစ္စည်းကြော်ငြာတောင်ပါလိုက်သေးတယ် ..... စိတ်ပျက်ဖို့ကောင်းလိုက်တာ ... အဲ့ဒါတွေ ဘယ်သူတွေက စီစဉ်ပြီးထည့်တာလဲတော့မသိဘူး ...... ကျွန်တော်သိတာတစ်ခုက ဒါ စားသုံးသူ ပြည်သူတွေကို စော်ကားနေတာနဲ့အတူတူပဲ ... ပိုက်ဆံပေးပြီးကြည့်တဲ့၊ အားပေးတဲ့ ပရိသတ်ကို စော်ကားနေတာပဲ။ ...... ဒီလို အလုပ်မျိုးကို ဘယ်နိုင်ငံကမှ မလုပ်ပါဘူး။ လုပ်ရင်တောင် ကြော်ငြာတွေကို ခွေရဲ့အဆုံးမှာ Track/Chapter အနေနဲ့ပဲထည့်ကြတာ။ ဒါတောင်နည်းနည်းပဲတွေ့ဘူးတာ။ ခုမြန်မာနိုင်ငံမှာ လုပ်နေတာက ခွေအစမှာလည်းထည့်တယ် .... အလယ်မှာလည်းထည့်တယ် .. အဆုံးမှာလည်းထည့်တယ် ... ထည့်ပုံလည်းကြည့်ဦး .... အဲ့ဒီကြောင်ငြာတွေကို မကြည့်ချင်ရင် Track/Chapter ကျော်ကြည့်လို့မရအောင် ဖိုင်ကို တစ်ဆက်တည်း Track/Chapter တစ်ခုတည်းလုပ်ထားတယ်။ မူရင်းဗွီဒီယိုဇာတ်လမ်းနဲ့ကြော်ငြာကို တစ်ဆက်တည်းထည့်ထားတယ်ဗျာ ...... ဒါကြောင့် ကြော်ငြာမကြည့်ချင်ရင် Forward လုပ်ပြီး ကြည့်နေရတယ် ... အချိန်ကြာပြီး အလုပ်ရှုပ်တာပေါ့ဗျာ .... ဒါကို ခွေကြည့်သူအားလုံး ခံစားကြရလိမ့်မယ်လို့ ကျွန်တော်သိပါတယ်။ တစ်ခါတစ်လေကြော်ငြာတွေများလွန်းလို့ .... ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းတောင် မေ့သွားတယ်ဗျာ ... အဲ့ဒီလောက်ထိကို အဖြစ်ကဆိုးတာ ... ဒါကြောင့် ဘယ်သူပဲ အဲ့ဒီဟာကိုလုပ်လုပ် ..... အားပေးသူ ပြည်သူ ပရိသတ်တွေကို အားနာပါဦးလို့ပြောချင်တယ်ဗျာ ..... လူတိုင်းရင်မှာ အဲ့ဒါကြီးကို မုန်းတီး အမြင်ကပ်နေတာ အမှန်ပဲ ..... ကျွန်တော်ပဲ လူစွာလုပ်ပြီး ၀င်ပြောတော့မယ် ..... ပရိသတ်ကို အားနာပါဦး ... အနုပညာရှင်တွေအနေနဲ့လည်း ကိုယ့်ကိုအားပေးတဲ့ ပရိတ်သတ်ကို လေးစားချစ်ခင်ရင် ဒီအချက်ကို စဉ်းစားပြီး ညှိုနှိုင်းပေးသင့်တယ်လို့ ကျွန်တော်ကတော့ထင်တယ်ဗျာ ...............

0 comments: