Friday, November 30, 2007

သံဝယ်၊ ကြေးဝယ်သူတွေ သတိထား

ကိုဂျောက်ဂျက်တစ်ယောက် .... ကြီးတော် နေမကောင်းလို့ အိမ်မှာ သန့်ရှင်းရေးတွေလုပ်တုန်း ...... သံတိုသံစ၊ ပလပ်စတစ်ဘူးခွံများစွာထွက်လာလေသည်။ ၄င်းတို့အား ငွေဖြစ်စေရန်အတွက် သံဝယ် ကြေးဝယ်သော ကုလားအား ရောင်းရန်အကြံရလိုက်သည်။ လောကမှာ အမိုက်ဆိုတာမရှိ ... သူနေရာနဲ့ သူသုံးတတ်ရင် တန်ဖိုးရှိတာချည်းပဲ ဟု ကုလားတစ်ယောက်က သူ့ကိုပြောဘူးသည်။ မှန်ပါသည် ... မည်သည့်အရာမဆို ကိုယ်မလိုမှ အမိုက်ဖြစ်သည် ..... ကိုယ်လိုအပ်ပါက တန်ဖိုးရှိသောအရာဖြစ်သည် ... တစ်ခါတစ်လေ .. တန်ဖိုးရှိသော အရာသည်လည်း ကိုယ်မလိုအပ်တော့သဖြင့် အမှိုက်ဖြစ်သွားနိုင်သည်။ ဥပမာ ... ကိုယ့်ခေါင်းပေါ်က ဆံပင်လေးတွေကိုပဲကြည့် .... ကိုယ့်အတွက် အင်မတန်မှ တန်ဖိုးရှိသောအရာ ... အထူးသဖြင့် အမျိုးသမီး၊ မိန်းကလေးများ။ အချို့သော မိန်းကလေးများသည် မိမိခေါင်းပေါ်မှာ ဆံပင်များလှပကျော့ရှင်းစေရန်အတွက် ပိုက်ဆံများအကုန်ခံ၍ ဖြောင့်၊ ကောက်၊ လျှော်၊ ပေါင်း၊ လိပ် ကြကြောင်း ... ကိုဘောက်ဖက်ပြောပြ၍ သိရသည်။ တစ်ချို့ဆိုရင် တိုနီဆိုလား ဘာဆိုလား မသိပါဘူး .. အဲ့ဒါနဲ့ လျှော်တာတဲ့ ... ကောင်းမကောင်းတော့မသိပါဘူး ..... သတို့အိတ်ထဲက ပိုက်ဆံကတော့ အထွက်ကောင်းမှာသေချာတယ် .. ဟိ (သယ်ချင်းရေ .. ခွေးလွတ်ပါ .. တိုက်ဆိုင်သွားလို့ ... ဟီး ဂျောက်ဂျက်ပြောခြင်းမဟုတ် .. မိုးတိမ်ဝင်ပြောပါသည်) အကယ်၍များ ဤအလွန်တန်ဖိုးထားသော ဆံပင်က ထမင်းစားနေတုန်း ထမင်းပုဂံထဲရောက်သွားပါက အလွန်ရွံ့ရှာ၍ အမှိုက်ဖြစ်သွားပေလိမ့်မည် ... ကိုယ့်ခေါင်းပေါ်က ဆံပင်တောင်အဲ့ဒီလောက်ဖြစ်နေရင် သူများဆံပင်ဆိုပိုဆိုး ... ဒါလူ့သဘာဝ .. လူ့စိတ်ပင်တည်း ..... ကိုဂျောက်ဂျက်တစ်ယောက် တော်တော်တရားပေါက်သွားပြီ ... သို့သော် ဆံချ၍လည်း ဘုန်းကြီးမ၀တ်ချင် ... အဘယ်ကြောင့်ဆိုသော် .. ဘုန်းကြီးဝတ်လိုက်လျှင် ၀ီးချဲလ် (လမ်းမလျှောက်သောလူနာ ထိုင်စီးသောလှည်း) ဖြင့် သွားလာရမည်စိုးသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် .... မြန်မာနိုင်ငံ၌ ဘုန်းကြီးများ၊ သံဃာများ လမ်းမလျှောက်ရသောကြောင့်ဖြစ်သည်။ ...... ဒီလို ဟိုဟိုဒီဒီ ပေါက်တတ်ကရတွေ စဉ်းစားရင်း အချိန်ပင် အတော်ကုန်သွားပြီ .... ခါတိုင်း တစ်နေ့ကို ၂၇ ခေါက်လောက်လာသော သံဝယ် ကြေးဝယ်ကုလားမှာ ထူးဆန်းစွာပင် ပေါ်မလာ ... ပေါ်မလာနိုးနိုး မျှော်ကိုးနေရလို့ ဂျောက်ဂျက်လည်း ရှည်လာလေပြီ ... (လည်းပင်း)။ ဒီအချိန်မှာ နောင်ကြီး ဘောက်ဖက်ရောက်လာသည်။ အိမ်ရှေ့မှ ချထားသော ကိုဂျောက်ဂျက်ရောင်းမည့် အထုပ်ကိုမြင်သော် ... “ဟေ့လူ ... ဘာလုပ်ဖို့လဲဗျာ ... ဒီအထုပ်ကြီးက ...“
ဂျောက်ဂျက် - “အေးဗျာ ... လက်ဘက်ရည်ဖိုး ... ဆေးလိပ်ဖိုး ... ဘီယာဖိုးလေးရမလားလို့ ကုလားကို စောင့်နေတာ ... ခါတိုင်း တစ်နေ့ကို အခါနှစ်သိန်းလောက်လာလာအော်နေတာ .... ဒီနေ့ပေါ်မလာလို့ မျှော်နေဗျို့ ....”
ဘောက်ဖက် - “သြော် .... ခင်းဗျားက ဒီသတင်းမကြားသေးဘူးကို”
ဂျောက်ဂျက် - “ဘာလဲဟင် ... ဖြစ်ဖစ်လို့ရဲ ... ရင်တွေတုန်လာပြီ ..... ဘယ်သူက ဘယ်မှာ ဘာတွေ ဖြစ်ပြန်တာတုန်း ....”
ဘောက်ဖက် - “တိုးတိုးနေ .. ပြောပြမယ် .. ဒီလိုဗျာ ... တစ်လောကလေ .... ယမမင်းကြီးက ... သူ့ငရဲပြည်မှာ ငရဲသားတွေထပ်ရောင်လာမှာမို့ .. သူ့ဒယ်အိုးက မဆန့်ဘူးတဲ့လေ ..... အဲ့ဒါကြောင့် အမိန့်ထုတ်လိုက်တယ် ငရဲထိန်းတွေ .. ငရဲမင်းဘီအေတွေ ... ငရဲကြပ်တွေ .... ငရဲဗိုလ်ကြီးတွေအကုန်လုံး လူ့ပြည်ဆင်းပြီး သံတွေဝယ်စုရမယ်တဲ့ .... အဲ့ဒါကိုဗျာ .. ဟိုလူစု ဘယ်လိုသတင်းရတယ်မသိဘူး .... သံလိုက်ဝယ်တဲ့ လူတွေအားလုံးကို ငရဲမင်းလွတ်တဲ့လူဆိုပြီး လိုက်ဖမ်းနေတယ်ဆိုပဲဗျာ .... ”
ဂျောက်ဂျက် - “ဟေ .............. ဟုတ်လား .. အောင်မြတ်လေး ... မောင်မင်းကြီးသား ကံကောင်းပေးလို့သာပေါ့ ... ကိုဘောက်ဖက်ကယ်ပေလို့ မဟုတ်လို့ကတော့လေ .. ကျူပ် အသက်ကြီးခါမှ အင်ဂျင်နီယာကျောင်း သွားတက်ရဦးမယ် ဟုတ်မှာပါ ..... သတင်းကပေါက်မှာပေါ့ ... ငရဲမင်းနားမှာ ဘီအေတွေ၊ ငရဲကြပ်တွေ၊ ငရဲထိန်းတွ၊ ငရဲဗိုလ်တွေရှိနေတာကိုးဗျာ ......... ကံကောင်းပေလို့သာပေါ့ ... ကျေးဇူး ယူပီဂျီ ... အဲလေ .. ကျေးဇူး ကိုဘောက်ဖက် ... ကျေးဇူးဗျာ ... ”
ဘောက်ဖက် - “ရပါတယ်ဗျာ ... ကိစ္စမရှိပါဘူး .. အချင်းချင်းတွေပဲ ... ကယ်ရတာပေါ့ .. နို့နေပါဦး .. ခင်ဗျားအထုပ်ထဲက ကျူပ်အသုံးဝင်တာလေးများရှိမလားလို့ နှိုက်လိုက်ဦးမယ် .. ဟီး ......”
ဂျောက်ဂျက် - “နှိုက်စေဗျာ ...... ဖြေးဖြေးတော့နှိုက်နော် ... ပြီးရင် ပိုက်ဆံပေးသွားဦး ...”
ဘောက်ဖက် - “အမ် .. ဘာလို့တုန်း ... ဘာဖြစ်လို့ဖြည်းဖြည်းနှိုက်ခိုင်းတာတုန်း ပြီးတော့ ခင်ဗျားအတွက်မှအသုံးမ၀င်တော့တာ ...”
ဂျောက်ဂျက် - “အို .... ခင်ဗျားကလည်း ... အသံမြည်ရင် ကြီးတော်နှိုးသွားမှာစိုးလို့ဗျာ ...... ပြီးတော့ ခင်ဗျား ဆံပင်ဖြောင့်တယ်လို့ပဲသဘောထားလိုက် ... ကြိုက်တာတွေ့ရင် ဆေးလိပ်ဖိုးတော့ပေးခဲ့ ... ဟီး ...”
ဘောက်ဖက် - “တင့်ပါ့ဘုရား ... အဲလေ .... ဟုတ်ပါပြီ ... တကတည်း .. ဖြစ်နေလိုက်တာ ....... ငါ့အိမ်က ကြက်ဆူဆီကြိတ်တဲ့စက်တောင် ဘယ်ကုလားဆီ ပိဿာချိန်နဲ့ ရောင်းရမလဲစဉ်းစားနေတာ ....”
ဂျောက်ဂျက် - “မထူးပါဘူး ... မင်း ပြည်သူ့ဆောက်လုပ်ရေးဌာနက လမ်းတံတားဆောက်လုပ်ရေးမှာ လှူလိုက်တော့ ကျောက်ခဲကျိတ်ရအောင်လို့ .......”
ဘောက်ဖက် - “တော်ပါဗျာ ... ဒီကောင်တွေ ကျောက်ခဲမကျိတ်ဘဲနဲ့ အိမ်တစ်လုံးရပြီဆိုပြီး ၀င်အိပ်နေဦးမယ် .... ဒီကောင်တွေလည်း အတူတူပဲ ... နည်းနည်းရ များများယူမယ့်ကောင်တွေ ... ”
ဂျောက်ဂျက် - “ဟုတ်ပါ့ .. နောင်ကြီးရေ ... ကျူပ်ကြီးတော်တောင် မနည်းဖွက်ထားရတယ် ... ဟား .. ဟား .. ”

0 comments: