Thursday, April 3, 2008

ရန်ကုန်က တိရိစ္ဆာန်တွေ နေပြည်တော်ပြောင်းကုန်ပြီ ......

အလုပ်ကလည်း မအားတော့ အင်တာနက်လည်း မ၀င်ဖြစ်ဘူး .....
အဲ့ဒါနဲ့ပဲ ဘလော့ကို ပစ်ထားမိတာလည်း အတော်ကြာဘီ .....
ဟိုက် ... ဖုန်တွေ နည်းတာမဟုတ်ဘူး .....
ဖူး .... ဖူး .. ဘုတ် .. ဘုတ် ... ဘုတ် (ဖုန်ခါနေခြင်းဖြစ်သည် ... )
အခုမှပဲ အိမ်နဲ့တူတော့တယ် .....
လာပြီ ... ဂျောက်ဂျက်နဲ့ ဘောက်ဖက် ..... ပြောချင်လွန်းလို့ပါဗျာ .... ပြောချင်လွန်းလို့ ...... တိုက်ဆိုင်သွားရင် ခွင့်လွတ်တော်မူပါ ....

ဂျောက်ဂျက်တစ်ယောက် ပြုံးစိ ပြုံးစိဖြင့် လမ်းထိပ်မှ ပြန်လာသည်ကို ဘောက်ဖက်တစ်ယောက် အိမ်ရှေ့မှ လှမ်းတွေ့နေရသည်။
အနားရောက်တော့
ဘောက်ဖက် - “ဟေ့လူ ... ဘယ်လိုဖြစ်ပြီး ပြုံးစေ့ ပြုံးစိဖြစ်နေတာတုန်း ... ဘာတွေ သဘောတွေ့စရာများနဲ့ ကြုံလာခဲ့သလဲ .... နည်းနည်းပါးပါး ဝေမျှစမ်းပါ”
ဂျောက်ဂျက် - “ဟီး ... ရီချင်လွန်းလို့ ... တစ်လုံးလုံး တွေးရင်းရီ ... ရီရင်းတွေးလာတာ .... ကျွန်တော်ဗျာ မြို့ထဲမှာ ပစ္စည်းနည်းနည်းသွားဝယ်တာ ..... လမ်းမှာလေ ဂျာနယ်ရောင်းတဲ့လူတစ်ယောက်တွေ့ခဲ့တယ်”
ဘောက်ဖက် - “အမ် .. ဒါနဲ့ပဲ ရီရရောလား ... ဂျာနယ်ရောင်းတဲ့သူတွေက အများကြီးရယ်”

ဂျောက်ဂျက် - “ခင်ဗျားကလည်း ဗီဇအတိုင်းပဲ ... ကျူပ်ပြောလို့မပြီးသေးဘူးလေဗျာ ...... ဒီလို .. သူက ဂျာနယ်တွေလက်မှာကိုင်ပြီးတော့ ပါစပ်ကနေ ... ရန်ကုန်က တိရိစာာန်တွေ နေပြည်တော် ပြောင်းကုန်ပြီ ... ရန်ကုန်က တိရိစ္ဆာန်တွေ နေပြည်တော် ပြောင်းကုန်ပြီလို့ သတင်းအပြည့်အစုံကို ဒီမှာဝယ်ဖတ်လို့ရတယ် .... ကံမကောင်းတဲ့ တိရိစ္ဆာန်တွေ နေပြည်တော် အပြောင်းခံရပြီ တဲ့ဗျာ .... ဟားဟား ... စဉ်းစားကြည့်ပေတော့”
ဘောက်ဖက် -“ဟားဟားဟာာာာာာာာာာာာာာာာာား .... ဒါလည်းဟုတ်တာပဲ ...... နေပြည်တော်ကို ပြောင်းသွားတာ ကြာလှပေါ့ ... အခုမှ သတင်းထဲပါသလား ... ဟားဟား ... အာဂလူပဲ ....”

Read More...

Wednesday, February 13, 2008

ဂုဏ်ပြုအပ်ပါသည်

ဤနေ့တွင် ကျရောက်သော နိုင်ငံဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။
ဖခင် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် ရောက်လေရာဘ၀ဆက်တိုင်းတွင် လိုအင်များပြည့်စုံ၍ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းနိုင်ပါစေ။

Read More...

Wednesday, February 6, 2008

ေ န ဘု န်း လ တ် သို့

ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေလန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။


ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီးရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကိုအပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။


မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခုဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေချီးမြှင့်ကြတယ်။


ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ် ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီးစောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်အားလုံးက စောင့်မျှော်နေဆဲပါ ..။ ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကိုကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Read More...

Thursday, January 31, 2008

မမေ့ချင်သော အဖြစ်အပျက်များ ........................

ကျွန်တော်တော်တော်မေ့တတ်တာဗျာ့ ...... ငယ်ငယ်ကတည်းကပဲ ...... အရမ်းကိုမေံတတ်တာ ... ဘယ်လောက်ထိမေ့လဲဆိုရင် ငယ်ငယ်တုန်းက အကြောင်းတွေကို ကောင်းကောင်းမမှတ်မိတော့ဘူး ... ဖတ်ဖူးတဲ့စာအုပ်တွေ ..... ရုပ်ရှင်ကားတွေကို နာမည်သာမှတ်မိတာ ..... ဘာဇာတ်လမ်း .... ဘာတွေလဲဆိုတာ မမှတ်မိတတ်ဘူး ...... ဒါပေမယ့် စူးစမ်းချင်တဲ့စိတ်ကတော့ မောင်မိုးတိမ်တစ်ယောက် ပြင်းပြတယ် ...... တစ်ကယ် ... တစ်ခါတုန်းက ကျောင်းမြေအောက်ခန်းမှာ သူငယ်ချင်းတွေခိုးဝင်တုန်းကဆိုရင် သူငယ်ချင်းတွေက ... ဟာ .. ဟိုရှေ့မှာ မည်းမည်းအပေါကကြီး .. ဘာကြီးလဲမသိဘူးလို့ ပြောရုံရှိသေး .... မောင်မိုးတိမ်က ရှေ့ရောက်ပြီးသား .... ပြီးတော့လက်လေးနဲ့ ပေါက်ကိုနှိုက်ကြည့်တယ် ..... ချွဲကျိကျိနဲ့ .... ဟင်း ... ဒါဆိုရင်သေချာပြီ ............. အဲ့ဒါဟိုဒင်းပဲ ........................................................ ရေပိုက်အပေါက်ပြောပါတယ် .... ဟီး .. (တော်သေးတာပေါ့ ရေပိုက်ကယ်ပေလို့ ...) အခန်းကမှောင်နေတော့ ရှင်းရှင်းလင်းလင်းမမြင်ရဘူးလေ ..... ဟိ ... အဲ့ဒီလောက်ထိကို စူးစမ်းတာ .... မေ့တတ်တဲ့အကြောင်းတွေရေးနေတာ အကြောင်းရှိတယ် ..... ခုတစ်လော အင်တာနက်မသုံးဖြစ်တော့ ... စကားပြောဖြစ်နေကျ သူငယ်ချင်းတွေနဲ့ ဝေးရပြီလေ ..... တစ်ချို့ဆို အလုပ်တွေဘာတွေပြောင်းဆိုတော့ ပြန်တွေ့ဖို့က မလွယ်ဘူးလေ ...... အွန်လှိုင်းပေါ်မှာတွေ့တဲ့၊ ခင်မင်တဲ့သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေ၊ ဆရာတွအများကြီး .... သူတို့နဲ့ပြောခဲ့တာတွေ၊ ပျော်ခဲ့တာတွေကိုတော့ မမေ့ပစ်ချင်ဘူး ... မမေ့အောင်လည်း ထိန်းသိမ်းသွားမယ် ... ချစ်သူငယ်ချင်းတို့ရေ .......

Read More...

မိတ်အင်ဒီတင်

ဒီနေ့တစ်မနက်လုံး ကိုဘောက်ဖက်တစ်ယောက်ပျောက်ချက်သားကောင်းနေသည်။ အိမ်တံခါးလည်းသော့ခတ်ထားလို့ ..... ဘယ်ကိုသွားလဲမသိ။ ကိုဂျောက်ဂျက်တစ်ယောက် အိမ်ရှေ့လေသာဆောင်မှာထိုင်ရင်း တရားငိုက်နေသည်။ အမှန်က ငိုက်နေခြင်းဖြစ်သည်။ လူကြားကောင်းအောင် တရားထည့်လိုက်ခြင်းဖြစ်လေသည်။ ရွာဦးကျောင်းမှာလည်း ဒီလိုငိုက်နေကျ .. ဟီး ......
ဂျောက်ဂျက် - "၀ါး .... အိပ်ချင်လိုက်တာ ...."
ပါစပ်ကသာ အိပ်ချင်လိုက်တာလို့ပြောတာ ... နှစ်ရေးလောက်အိပ်ပြီးသွားပြီ။
ဂျောက်ဂျက် -"ကိုဘောက်ဖက် ဘယ်ကိုသဝေထိုးနေပါလိမ့် .... ဟိုက် ... ၄ နာရီတောင်ထိုးနေပြီဟ .... ညနေစာ ထမင်းလေးချက်လိုက်ဦးမယ် ..... အင်း .. မီးကလည်း ခဏခဏလာနေတော့ .... မီးမွှေးရဦးမယ် ..."
အိမ်နောက်ဖေးသို့ ယိုင်တိယိုင်တိုင်ဖြင့် ထွက်သွားလေသည်။ ခဏအကြာ .... ကိုဂျောက်ဂျက်တို့အိမ်မှ မီးခိုးငွေများ အူ၍ထွက်ပေါ်လာသည် ... သေချာသည်က ကိုဂျောက်ဂျက်တစ်ယောက် ထမင်းချက်ဖို့ မီးမွေးနေခြင်းဖြစ်သည်။ မီးသွေးမရှိလို့ ...... အိမ်နံရံစည်းရိုးများချိုး၍ မီးမွေးနေသည်လားမသိ ......
ဂျောက်ဂျက် - "ဟင်းနော် ..... ရွာမှာနေတုန်းကပေါလိုက်တဲ့ထင်းတွေ ... ခုတော့ မီးသွေးကို ဈေးကြီးပေးဝယ်ရပြီး ထင်းလောက်တောင် မီးကမတောက်ပါလား ... လူတွေများ ... ကြောက်ဖို့ကောင်းလိုက်တာ ... ပိုက်ဆံရဖို့ဆိုရင် နည်းမျိုးစုံနဲ့ ညှာပြီးရောင်းနေပါလား ... အေးလေး ... ဖြစ်သင့်ပါတယ် .... သူခိုးကြီးအောက်က သူခိုးလေးတွေပါပဲ ..."
"ဗျို့ .... ကိုဂျောက်ဂျက် .... တစ်ရပ်ကွက်လုံးကို မီူးခိုးမှိုင်းတိက်နေတာလား ...... မွန်ထူနေတာပဲ ... လမ်းထိပ်က မီးသတ်စင်ကတောင် ခင်ဗျားအိမ်ကို တက်ကြည့်နေတယ် ... ကြည့်လုပ်ဦးကိုယ့်လူ ..."
ဂျောက်ဂျက် - "ဟား .... ကိုဘောက်ဖက်ပါလား ... ခင်ဗျား ... ဘယ်တွေသွားနေတာတုန်း .. တစ်မနက်လုံး မတွေ့ပါလား ...... ခု ဘယ်ကပြန်လာတာတုန်းဗျာ့ ...."
ဂျောက်ဂျက် - "အေးဗျာ ... မနက်တုန်းက မြို့ထဲသွားနေတာ .... ခင်းဗျားကို လှမ်းကြည့်သေးတယ် .. မရှိလို့ မခေါ်တော့တာ ...... ပစ္စည်းလေးတွေလိုလို့ သွားဝယ်တာ ....."
ဘောက်ဖက် - "အေးဗျာ .. မနက်တုန်းက ကျူပ်ဈေးထဲသွားပြီး မီးသွေးသွားဝယ်နေတာဗျာ့ ..... ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း ... ပြစမ်းပါဦး ..."
ဂျောက်ဂျက် - "ဒီမှာ ...... ထမင်းပေါင်းအိုးနဲ့ ဖန်ခွက်တွေဝယ်လာတယ် ... စက်မှုစွမ်းအား ပြည်ထွန်းကားတဲ့ဗျာ ... မြန်မာနိုင်ငံကထုတ်တာ .... စက်မှုတစ်က ထုတ်တာဗျာ .. ဈေးသက်သာတယ် ... ၀င်းသူဇာက ၀ယ်လာတာ .. ဟဲ .. ဟဲ .. "
ဘောက်ဖက် - "အမ် ... ပြစမ်းပါဦး ...... ဟိုက် .. ခင်ဗျားအထုပ်က ပေါ့လှချည်လား .... ပြောတော့ ထမင်းပေါင်းအိုးပါတယ်ဆို .. ပြီးတော့ဖန်ခွက် ... ခင်ဗျားအထုပ်က စက္ကူထုပ်ကျနေတာပဲ ... ပေါ့ပေါ့လေး .."
ဂျောက်ဂျက် - "ဖွင့်ကြည့်ပါဦးဗျာ့ .... ဒါတောင် ကျွတ်ကျွတ်အိတ်နဲ့ စက္ကူအိတ်က အပြင်က၀ယ်ပြီးထည့်လာတာ ... ၀င်းသူဇာကမပေးဘူး ....."
ဘောက်ဖက် - "အိမ် ... ခင်ဗျားဟာကလည်း ... ဒီလောက်ပစ္စည်းတွေရောင်းနေတာတောင် အိတ်မပေးဘူးလား ... "
ဂျောက်ဂျက် - "ဟုတ်တယ် .. မပေးဘူး .. သူတို့ အင်္ကျီချုပ်ဝတ်လို့ ကုန်သွားတယ်ထင်ပါ့ .. "
ဘောက်ဖက် - "အေးဗျာ .. ကျူပ်လည်း ထမင်းပေါင်းအိုးဝယ်ဦးမှပဲ ... မီးမွေးရတာမသက်သာပါဘူးဗျာ ..... ခင်ဗျား အရင်သုံးကြည့်ပါဦး ... ကောင်းရင်ပြော .. ကျူပ်လည်းဝယ်မယ်ဗျာ ... "
ဂျောက်ဂျက် - "ဟုတ်ပါပြီ .. ကျူပ်အရင်စမ်းသုံးကြည့်ပါဦးမယ် .... သွားပြီဗျို့ .... ပေါင်းအိုးအသစ်နဲ့ ထမင်းသွားချက်လိုက်ဦးမယ် .... မီးကခဏခဏလာနေတာမလား ..."
ဘောက်ဖက် - "ကောင်းပါပြီဗျာ ..... ခဏနေမှ ခင်ဗျားဆီလာဦးမယ် .. ကျူပ်လည်း စားဖို့သောက်ဖို့ လုပ်လိုက်ဦးမယ်ဗျာ ..."
ဂျောက်ဂျက် - "သွားပြီဗျို့ ...."
ဘောက်ဖက်တစ်ယောက် မီးခိုးတွေကြား တစ်ဝမ်းစာအတွက် လုံးပမ်းနေခဲ့တယ်။ ချက်ပြုတ်ပြီးတော့ မီးခိုးနံ့၊ ဟင်းနဲ့တွေနဲ့ အီနေတာမို့ ထမင်းစားချင်စိတ်မရှိတော့သလိုကိုဖြစ်သွားတယ်။ ဒါနဲ့ပဲ လူလန်းသွားအောင်လို့ ရေမိုးလေးချိုးလိုက်တယ်။ "အား .. ခုမှပဲလန်းဆန်းသွားတော့တယ် ... ထမင်း၊ ဟင်းတစ်ခါချက်တာ .... တိုက်ပွဲဝင်ရတာကျနေတာပဲ ...... ခုလောက်ဆို ကိုဂျောက်ဂျက်တစ်ယောက် ဇိမ်နဲ့ထမင်းစားနေရောပေါ့ .... ကောင်းလိုက်တာ .. ငါလည်း ထမင်းပေါင်းအိုးတစ်လုံးလောက်ဝယ်မှဖြစ်မယ် .. ဒီပုံစံနဲ့ဆိုရင် မလွယ်ဘူး .... သူ့ဆီသွားလိုက်ဦးမှ အခြေအနေလေးဘာလေးသိရအောင်"ဆိုပြီး ကိုဂျောက်ဂျက်အိမ်ဘက်ကို ကူးခဲ့ပါရော။ အိမ်ရှေ့ရောက်တော့ ကိုဂျောက်ဂျက်တစ်ယောက် မှေးလေးထောက်ပြီး မှိုင်ထွေထွေနဲ့ ငုတ်တုတ်လေးဖြစ်နေတာတွေ့လိုက်တော့
ဘောက်ဖက် - "ဟိုက် ...ဘယ်လိုဖြစ်တာတုန်း .... စားပြီးသောက်ပြီးလို့ စားပို့နှင့်နေတာလား .... "
ဂျောက်ဂျက် - "မပြောချင်ပါဘူး .. ကိုဘောက်ဖက်ရာ .. စိတ်ညစ်လို့ ..... "
ဘောက်ဖက် -"ပြောစမ်းပါဦး ... ဘာတွေစိတ်ညစ်နေတာတုန်း ... "
ဂျောက်ဂျက် - "ဒီလိုဗျာ ..... ကျူပ် ၀င်းသူဇာက ၀ယ်လာတဲ့ပစ္စည်းတွေကြောင့် စိတ်ညစ်နေတာ ......  ၀ယ်လာတဲ့ဖန်ခွက်လေးနဲ့ အမောပြေရေလေးသောက်ရအောင် ရေဇလုံထဲထည့်ဆေးလိုက်တာ .. ဖန်ခွက်ကို ပြန်ရှာမရတော့ဘူး .... အပျောက်ပဲ ......"
ဘောက်ဖက် - "အမ် .... ဒီလောက်တောင်ထူသလားဗျာ .. ဖန်ခွက်က ..."
ဂျောက်ဂျက် - "ဟုတ့်ပါ့ .. ကျန်သေးတယ် ...... ထမင်းပေါင်းအိုးနဲ့ ထမင်းချက်တာ ....... ခုတော့ .. ခုတော့ .."
ဘောက်ဖက် - "ဘာဖြစ်တာတုန်း .. ပြောပါဦး "

ဂျောက်ဂျက် - "ထမင်းကမကျက်ဘဲ ... ပေါင်းအိုးက ကျက်သွားလို့ဗျာ့ ................ ဟီး ................ "
ဘောက်ဖက် - "ဟေး ............................................. ဗုဓ်ဒေါ ......................"
ကဲ .............. သုံးချင်ပသေးလား .. မြန်မာဖြစ် ..... နှိမ်တာမဟုတ်ဘူးနော် .. တစ်ကယ်ဖြစ်နေတာ ....

Read More...