Tuesday, February 27, 2007

ပီစိ ပေါက်စ သေးသေးကွေးကွေး ....


ကျွန်တော့်အိမ်မှာ ပေါက်တဲ့ကြောင်လေးတွေပါ .. စုစုပေါင်း ၃ ကောင် .... ၁ ပတ်ရှိပြီ မျက်လုံးလေးတွေ ဖွင့်စဖြစ်နေပြီ။ Digital Camera ဆေးရုံရောက်နေလို့ Web Cam နဲ့ ရိုက်ထားတာ .. Resolution သိပ်မကောင်းဘူး။












































































Read More...

Monday, February 26, 2007

စစ်... စစ် .... စစ် ..

ကျွန်တော်ဟာ စစ်ကိုလုံးဝမလိုလားပါဘူး။ စစ်သာတိုက်ခဲ့ကြမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးပေါ်မူတည်ပြီးတော့ ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် စစ်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဆိုတာ တိုက်ပြီးရင်ပြီးသွားကြတာပဲ။ အဲ့ဒီစစ်ပွဲ စတင်ချိန်ကနေပြီး ပြီးဆုံးသွားချိန်အထိ တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုတွေရဲ့ စီးပွားရေးဟာ ရပ်စဲထားရပါတယ်။ အချိန်ကာလကတော့ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေပေါ်မှာတူတည်တာပေါ့။ တိုက်ပွဲ အချိန်ကာလ ကြာမြင့်ရင် ကြာမြင့်သလောက် စီးပွားရေးတွေ ရပ်ဆဲထားရပါတယ်။ အဲ့ဒီအခါမျိုးမှာ ချမ်းသာတဲ့နိုင်ငံတွေအတွက် ပြန်လည်ထူထောင်ရေးက အခက်အခဲရှိတယ်ဆိုရင် ဆင်းရဲတဲ့ နိုင်ငံသာဖြစ်မယ်ဆိုရင် ပြန်လည်ထူထောင်ဖို့ မလွယ်ကူလှဘူး။ ပြီးတော့ ပြည်သူလူထူ့ရဲ့ လူမှုရေး အခက်အခဲတွေလည်း အများကြီးပေါ်ပေါက်လာနိုင်တယ်။ စစ်တိုက်ခိုက်တဲ့ အုပ်စုတွေဟာ ကိုယ့်ယုံကြည်ချက်အတွက် ကိုယ်တိုက်ခိုက်ကြတာမှန်ပေမယ့် ပြည်သူလူထုတွေ ကကောဘာတွေကို ယုံကြည်ရမှာလဲ။ တစ်ဖွဲ့ဖွဲ့ကို ယုံကြည်တယ်ကော ထားလိုက်ပါ။ အလိုလိုနေရင်း နေထိုင်စားသောက်မှုက အဆင်ပြေမလာနိုင်ဘူး။ အဲ့ဒီအတွက် ရှာဖွေစားသောက်ရမယ်။ ကိုယ်ဝမ်းတစ်ထွာကို ကိုယ်ဖြည့်နိုင်ဖို့အတွက် အခက်အခဲ အတားအစည်းတွေကိုလည်း ကျော်ဖြတ်ကြမှာပဲ။ ဘယ်သူကမှ အစာအငတ်ခံပြီး သေမယ့်သူတစ်ယောက်မှ မရှိဘူး။ မဖြစ်ဖြစ်တဲ့နည်းနဲ့တော့ ကိုယ့်ရပ်တည်ရေးအတွက် ကြိုးပမ်းကြမှာပဲ။ အဲ့ဒီလိုဖြစ်သွားခဲ့ရင် ဆင်ရဲတဲ့နိုင်ငံတွေမှာ ပြဿနာက စတော့တာပဲ။ ချမ်းသာတဲ့ လူတွေဟာ စားဝတ်နေရေးအတွက် အထူးသဖြင့် စားနပ်ရိက္ခာအတွက် ဖြည့်တင်းထားနိုင်လိမ့်မယ်။ အဆင်သင့်ပြုလုပ်ထားနိုင်မယ်ဆိုပေမယ့် ဆင်းရဲတဲ့လူတွေ သာမန်လူတန်းစားတွေအတွက်တော့ ရုန်းကန်ရလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံ ဆိုကတည်းက သာမန်လူတန်းစားတွေဟာ စစ်အေးကာလ၊ ငြိမ်းချမ်းရေးကာလမှာ စားဝတ်နေရေးအတွက် ကြိုးစားပမ်းစားလုပ်ကိုင်စားသောက်နေရရင် စစ်သာဖြစ်ခဲ့မယ်ဆိုပါက မတွေးဝံ့စရာ။ အဲ့ဒါကြောင့် လူတွေဟာ ရရာအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကိုယ်ရပ်တည်ရေးအတွက် ကိုယ်လုပ်ကြမှာပဲ။ အဲ့ဒီအချိန်မှာ လူအများစုရဲ့ စိတ်ဓါတ်တွေဟာ ပိုပြီးခက်ထန်လာဖို့များတယ်။ အခုတောင်လူတွေဟာ စာနာစိတ်တွေမထားနိုင်ကြတာ .. အဲ့ဒီအခြေအနေတာရောက်ခဲ့ရင် မသမာမှုတွေ၊ အမှုအခင်းတွေ၊ ခိုးမှု၊ ဓားပြတိုက်မှုတွေဟာ မှိုလိုပေါလာမှာအသေအချာပဲ။ တစ်ချို့ကျတော့လည်း စစ်ကိုအခွင့်အရေးယူပြီးတော့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စတွေကို ကျူးလွန်လာမယ်။ အဲ့ဒါတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံရဲ့စီးပွားရေးပေါ်မူတည်ပြီး အချိန်တွေကြမြင့်သွားနိုင်တယ်။ ပြီးတော့ စစ်ဆိုတာ ဘယ်သူမှ ဖြစ်ချင်ကြတာမဟုတ်ဘူးလို့ထင်ပါတယ်။ အဲ့ဒီအကြောင်းအရာကို ကိုးကားပြီးပြောပါ့မယ်။ ကျွန်တော်တို့ ကျောင်းတွေမှာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အကြောင်းတွေ သင်ယူခဲ့ဘူးပါတယ်။ အဲ့ဒီတုန်းကဆိုရင် တတိယကမ္ဘာစစ်ဟာ ..သို့လော... သို့လောနဲ့ ရောက်လာတော့မလိုလိုပဲ။ ဒါပေမယ့် ရာစုတစ်ခုကိုသာကူးသွားတယ်။ တတိယကမ္ဘာစစ်ဟာ ဖြစ်မလာခဲ့ဘူး။ ဘာဖြစ်လို့လဲ ... လူတွေဟာ တစ်ဖြည်းဖြည်းနဲ့ မေတ္တာတရားတွေ ကြီးမားလာလို့လား??? မဖြစ်နိုင်ပါဘူး.. လူ့သဘာဝက အဲ့ဒီလောက်ထိကြီးတော့ အပြောင်းအလဲမမြန်။ ဒါဖြင့်ရင် စစ်ကြီးတွေ တစ်ခုနဲ့တစ်ခုကြား ပြင်ဆင်နေတဲ့ကာလ၊ စားနပ်ရိက္ခာ လက်နက်ရိက္ခာအတွက် ပြင်ဆင်နေတဲ့ကာလမို့လား??? ဒါလည်းဖြစ်နိုင်တာပဲ .. ငြိမ်းချမ်းရေးဆိုတာ စစ်မဖြစ်တဲ့ကာလလို့ ခေါ်လိုက်ရင် တိုက်ပွဲဖြစ်ဖို့အတွက် ပြင်ဆင်နေတဲ့ ကြားကာလကိုလည်း ငြိမ်းချမ်းရေးကာလလို့ပြောလို့ရမှာပေါ့။ တကယ်တမ်း ပြန်စမ်းစစ်ကြည့်ရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ တိုက်တဲ့ စစ်ပွဲတွေဟာ Total War မဟုတ်ဘဲ .. Limit War တွေဆိုတာ သိပါလိမ့်မယ်။ ကိုယ်အနိုင်ရဖို့အတွက် နှူးကလီးယားလက်နက်တွေ တည်ဆောက်။ တိုက်ပစ်ဒုံးကျည်တွေကို တီထွင် .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံအသင့်ချိန်ထားပြီး .... လိုအပ်ရင် ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဒါမှမဟုတ် တစ်ခုခု ချွတ်ချော်လွှဲမှားသွားလို့ပဲဖြစ်ဖြစ် တတိယ ကမ္ဘာစစ်ဟာ ဖြစ်ပွားသွားနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖြစ်မလာသေးပါဘူး။ အဲ့ဒါဘာလို့လဲဆိုတော့ လူတွေဟာ စစ်တိုက်ရင် ကိုယ်ရော သူရောသေမယ်ဆိုတဲ့ (MAD) Mutul Assured Destruction ဆိုတာကို ယုံကြည်ကြလို့ပါပဲ။ ဒါဟာ အဓိကအချက်ပါ။ ကမ္ဘာစစ်နဲ့ချီပြီးပြောလိုက်တာပါ။ အဲ့ဒီလောက်ထိ ပြောရလောက်အောင် ကျွန်တော်ဟာ မတော်ပါဘူး။ စိတ်ထဲရှိတာလေးတွေကို သွန်မှောက်ပြလိုက်တာပါ။ တတိယကမ္ဘာစစ်ဖြစ်မလာဘူးဆိုပေမယ့် .. ပြည်တွင်း Cold War တွေဟာ တည်ရှိနေဆဲပါပဲ။ ရာစုနှစ်တွေပြောင်းလဲလာပေမယ့် လူတွေရဲ့ သဘောသဘာဝကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို ကျွန်တ်ာထင်တယ်။ သို့သော်လည်း အချိန်ကာလတွေ လူ့သမိုင်းတွေရှည်ကြာလာတာနဲ့အမျှ လူတွေမှာ သင်ခန်းစာတွေ၊ အသိဥာဏ်ဗဟုတ်သုတတွေ ကြွယ်ဝလာကြတယ်၊ ပြဿနာအဖြေရှာသည့် နမ်းစနစ်တွေလည်း ပိုမိုတိုးတက်လာသည်ဟု ကျွန်တော်ယုံကြည့်တယ်။ အဲ့ဒီ တိုးတက်လာတဲ့ လောကကြီးမှာ သူရောကိုယ်ပါသေမယ့် စစ်ပွဲမျိုး .. ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး စီးပွားရေးကို ထိခိုက်မယ့် စစ်ပွဲမျိုးကို မတိုက်ဖြစ်အောင် ထိန်းသိမ်းမှုနည်းစနစ်တွေ၊ အစီအမံတွေလည်း ပါလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ် .....................
Reference : Phay Myint : Investment in your Brain.
­­

Read More...

Saturday, February 24, 2007

တူးပို့ တူးပို့ ......အားလုံးအတွက် ရိုးရာသင်္ကြန်

“ အရှေ့ကိုရှိတ် .. ရှိတ် .. အနောက်ကို ရှိတ်ရှိတ် ..... xxxxxx အကုန်လုံးထက ...” “ဟ ... ဘာလဲဟ .. ..... စောစောစီးစီး လ္ဘက်ရည်ဆိုင်က ဘာတွေဖွင့်နေပါလိမ့်” .. .. ... “အားလုံးအတွက် ရိုးရာသင်္ကြန် ..... ...အရှေ့ကိုရှိတ် .. ရှိတ် .. အနောက်ကို ရှိတ်ရှိတ် ..... xxxxxx အကုန်လုံးထက ...” သြော် .. သင်္ကြန်သီချင်း ဖွင့်နေတာကိုး .. အဲ့ဒီလောက်ထိကို ကျွန်တော်က ပိန်းတာ ... ;)။ ဘာလိုလိုနဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော် တောင်တဖြည်းဖြည်း နီးကပ်လာပြီလေ။ လ္ဘက်ရည်ဆိုင် တွေမှာတောင် သင်္ကြန်သီချင်းတွေဖွင့်ပြီး လူတွေကို မြူးကြွအောင်လုပ်နေကြပြီ။ သင်္ကြန်သီချင်းတွေဟာ လူတွေကို မြူးကြွစေတာ အမှန်ပါပဲ။ သို့ပေမယ့် ....... “တူးပို့ တူးပို့ ......” ဆိုတဲ့နေရာမှာ “အရှေ့ကိုရှိတ် ..ရှိတ် .. အနောက်ကို ရှိတ် ရှိတ်” ဆိုတဲ့ Hip-Hop သင်္ကြန်သီချင်းကနေရာယူသွားပါပြီ။ ဟုတ်ပါတယ်.... လ္ဘက်ရည်ဆိုင်တွေမှာ . တူးပို့ တူးပို့တွေ အစား ....... ကျိကျိ ကျိကျိ(DJ ပွတ်သံကို ဆိုလိုတာပါ) အသံတွေကို ဖွင့်နေကြပြီ။ ခေတ်ကာလ ပြောင်းလဲသွားတော့ လူတွေဟာလည်း ပြောင်းလဲသွားသလား ??? ကျွန်တော်ကတော့ မြန်မာရိုးရာသင်္ကြန်သီချင်းတွေကို ပိုပြီးကြိုက်တယ်။ အဲ .. ပြောရဦးမယ်.. ကျွန်တော့်ကို အဖိုးကြီးထင်နေဦးမယ် .. ကျွန်တော်ဟာလည်း ခေတ်လူငယ်တစ်ယောက်ပါပဲ .. ဟဲ ဟဲ ...။ ဒါပေမယ့် အဲ့ဒီ Hip-Hop သီချင်းတွေထက်စာရင် အရင်က ရိုးရာ သင်္ကြန်သီးချင်းကို ပိုမြတ်နိုးတယ်ဗျာ...... အဲ့ဒီသီချင်းတွေကြားရင် ကြက်သီးထတယ်။ ရင်ထဲမှာလည်း အလိုလို သင်္ကြန်ကို မျှော်နေမိတယ်။ လွမ်းဆွေးလာသလို ဖြစ်မိတယ်။ ဒါပေမယ့်လဲဗျာ... ကျွန်တော့်ဇာတိက နယ်မှာဆိုတော့ သင်္ကြန်ရောက်လည်း ခုရန်ကုန်မြို့ကြီးမှာဆိုတော့ မလည်တတ်တာ အမှန်ပဲ။ တစ်ခါ ..... သူငယ်ချင်းတွေအတင်းခေါ်လို့ လိုက်သွားမိတယ်။ (အဟီး ... အတင်းသာခေါ်တာ .. နှစ်ခါမခေါ်ရဘူး)။ အားလား .. အီစလံကိုဝေသွားတာပဲ ... ကားက မြို့ထဲကိုပတ် ပြီးတော့ ဗဟိုလမ်းကိုလည်းရောက်ရော .. ဟားနည်းတဲ့လူအုပ်တွေမဟုတ်ဘူး ... ကလေးတွေရော .. လူကြီးတွေရော .. ခွက်စောင်းနဲ့ခုတ်တာဗျာ ..ဟာ .. အီသလားမမေးနဲ့ .. ဒေါသလည်းဖြစ်မိတယ်ဗျာ။ ဒီလို ရိုးရာသင်္ကြန်မှာ အဲ့ဒီလောက်ထိ ရက်ရက်စက်စက်ပတ်တာ။ အသားတွေကို နီမြန်းသွားတာပဲ။ သြော် .. ခေတ်ကာလကြီးက တိုးတက်လာပေမယ့် .. လူတွေက ပိုပြီးမယဉ်ကျေးလာတဲ့ အပြင် ပိုပြီးတော့တောင် ရိုင်းစိုင်းသားကြလေသလား ??? .. တာရာမင်းဝေပြောသလို .. လူတွေဟာ .. မျောက်ကနေ ဆင်းသက်လာပြီး ခုတော့ .. မျောက်အဖြစ်ကို ပြန်ပြီးပြောင်းလဲနေပြီတဲ့ ..... ဒါဟာ အမှန်ပဲလား .. တကယ်ပါ .. တချို့လူတွေက ခေတ်သာပြောင်းလဲသွားတာ .... အမူအကျင့်တွေက မပြောင်းလဲနိုင်သေးဘူး။ တစ်ယောက်တစ်လေ မဟုတ်ဘူးဗျာ.. အုပ်စုလိုက်။ အဲ့ဒီအုပ်စုအကြောင်းသာ ပြောရင်ဒီပိုစ့်လည်း ပြီးတော့မှာ မဟုတ်တဲ့အတွက် ဒီမှာပဲ စကားဖျက်လိုက်တော့မယ်။ သင်္ကြန်မှာ အဲ့ဒီလို လုပ်ရပ်တွေကြောင့် အကျည်းတန်စေတာ အမှန်ပါပဲ။ ကိုယ်ကိုတိုင်လည်း အဲ့ဒီလိုလုံးဝမလုပ်ဘူး။ ဟိုး ... ရှေးရှင်ဘုရင်ခေတ်တွေ မှာဆိုရင် သင်္ကြန်ပွဲတော်မှာ .. သပြေခတ် ရေစွတ်ပြီးတော့ ပတ်တာတဲ့ ...... အခုများပြောမနေနဲ့ ... Pressure Pump တွေနဲ့ညင်ညင်သာသာထိုးတာ။ Pressure Pump ကိုင်တဲ့သူကတော့ ညင်ညင်သာသာပါပဲ... ရှင်ဘုရင်ခေတ်တုန်းက သပြေခတ်ရေစွတ်ပြီးတော့ ပတ်သလောက်တောင် အားမစိုက်ရဘူးထင်တယ်။ ဒါပေမယ့် ခံရတဲ့သူကတော့ အလူးအလဲပဲ။ ဒါတောင်ဒီနှစ်တွေမှာ အများကြီးတော်သွားတယ်လို့ပြောရမယ်။ ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်လောက်တုန်းကဆိုရင် .. ရေပူပေါင်းတို့ .. ရေခဲထုပ်တို့နဲ့ ပစ်ပေါက်ကြတာ။ တကယ် .. တကယ် .... စာနာစိတ်မရှိကြဘူးလား မသိပါဘူးဗျာ..... ပြီးတော့ သင်္ကြန်မှာ သင်္ကြန်ကို အကြောင်းပြပြီး အရက်သေစားသောက်စားတဲ့ ကိစ္စ။ အင်မတန်မှ ဆိုးရွားလှတယ်။ ရေဆိုလို့ချမ်းတာကို အအေးသက်သာအောင်လို့ နည်းနည်းသောက်တာ ကိစ္စမရှိပေမယ့်။ အရမ်းမူးအောင် သောက်တာတော့ ကိုယ့်အတွက်ရော သူများအတွက်ရော မကောင်းပါဘူးဗျာ။ သင်္ကြန်မှာဆိုရင် ယဉ်တိုက်မှုတွေ၊ ရန်ဖြစ်မှုတွေဟာ နည်းမှမနည်းပဲကိုး။ ဒါတွေရဲ့ အဓိက တရားခံကတော့ အရက်ပဲပေါ့။ အရက်သောက်ပြီးလည်မှ သင်္ကြန်ဟာ ပျော်စရာကောင်းတာမဟုတ်ပါဘူး... အပြင်ထွက်မလည်ပဲ .. အိမ်ထဲကနေထိုင်နေရင်တောင် သင်္ကြန်က ပျော်စရာကြီးပါ။ လောကကြီးဟာ နေတတ်ရင် ကျေနပ်စရာတွေကြီးပဲ။ ဒါကြောင့် အဲ့ဒီ အရက်တွေကိုရှောင်ရှားပြီး မရှောင်နိုင်ရင်တောင် လျော့သောက်ပြီး ပျော်သင့်ပါတယ်ဗျာ။ ... အင်း .. ဒီနှစ်တော့ သင်္ကြန်ရုံးပိတ်က်ဟာ .. ၁၁ ရက်ဖြစ်သွားတယ်လေ။ အံ့သြစရာပဲ .........။ အမှန် တရာဝင်ကြေငြာတာက ၁၀ ရက်တည်းပါ။ နောက်ဆုံးတစ်ရက်မှာ တနင်္ဂနွေခံသွားလို့ ၁၁ ရက်ဖြစ်သွားတာ။ ပျော်ရမလား ..... ၀မ်းနည်းရမလားတောင် မသိတော့ပါဘူး။ ဘယ်လိုမှလည်း မစဉ်းစားတတ်တော့ဘူး။ ဇာတိကိုပြန်လို့လည်းမဖြစ် .. ကားလက်မှတ်ဝယ်လို့မရဘူးဗျ။ ရထားလက်မှတ်ဆိုဝေးရော။ ညအိပ်စောင့်ပြီးတန်းစီတာတောင် မသေချာဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကျန်တဲ့ ၅ရက်ကတော့ ပျင်းနေမှာသေချာတယ်။ လူတွေဟာ တစ်ရက်ပြီးတစ်ရက် မျောက်အဖြစ်ကို ပြန်ပြီးဦးတည်နေကြပေမယ့် လောကကြီးကိုတော့ သင်္ကြန်မှာ ရွှင်လန်းသာယာစေချင်တယ်ဗျာ ....................... ဟောာာာာ.. ဟို .. လမ်းဘေးနားမှာမြင်နေရတဲ့ အရိုးဖြိုင်းဖြိုင်းနဲ့ ကြက်ဆူပင်တွေရောပေါ့ဗျာ ..............................

Read More...

Monday, February 19, 2007

မိဘမေတ္တာ .....

ပျော်လိုက်တာဗျာ .. ဒီနေ့ကျွန်တော့ကြောင်မလေး ကလေးနှစ်ကောင်မွေးတယ်ဗျာ။ ဟိ...ဟိ.. ချစ်စရာလေးတွေ။ သူတို့ကို ထိုင်ကြည့်နေတာနဲ့ ရုံးအတက်နောက်ကျတယ်။ ပထမတစ်ကောင်မွေးတော့ဗျာ ..သူ့အမေက ဂုတ်ကနေကိုက်တာ ကျွန်တော်ကပြန်ကိုက်စားတယ်အောက်မေ့လို့ဗျာ .. ကျွန်တော်အတင်းလုပြီး ကိုင်ထားတာ သူ့အမေက မရမကပြန်လုယူတယ်။ ကျွန်တော်က ကိုင်စားလိုက်မှာကြောက်လို့ ချမပေးရဲဘူး။ ဒါနဲ့ပဲ .. ကျွန်တော့်အဒေါ်က
“ဟေ့ကောင်လေး ..ချပေးလိုက် ..သူဘာမှမလုပ်ပါဘူး”
“ခုနက လိုက်ကိုက်နေတယ်... အန်တီရဲ့ .. ”
“ရပါတယ်...သူကိုက်မလို့မဟုတ်ပါဘူး .. မွေးမွေးချင်းဆိုတော့ ကြောင်လေးက မျက်စိမမြင်ဘူးလေ..ဒါကြောင့် နို့တိုက်ရအောင်လို့ ဂုတ်ကနေ ဆွဲခေါ်တာပါ”
“ဟုတ်လား .. အန်တီလေး ...”ဆိုပြီး ကျွန်တော်ချပေးလိုက်တော့ ဂုတ်ကနေကိုက်ပြီး ချည်သွားတယ်။ ပြီးတော့ သူ့အခင်းပေါ်မှာ ထိုင်ပြီး သူ့ကလေးကို နို့တိုက်နေလေရဲ့။ အဲ့ဒီမြင်ကွင်းဟာ ..မြင်သူတိုင်းကို စိတ်ချမ်းသာစေမယ်ဆိုတာ ကျွန်တော်ရဲရဲဆိုရဲတယ်ဗျာ။
ပြီးတော့မှ ကျွန်တော်အိမ်ရှေ့ရောက်တော့ အန်တီလေးနဲ့ စကားပြောဖြစ်တယ်။
အန်တီလေးကမေးတယ် “သားကဘာလို့ ကိုက်စားမယ်လို့ တွေးမိတာလဲ”တဲ့
ကျွန်တော်က ဖြေလိုက်တယ်.. “အန်တီလေး ..ဒါကသူ့ပထမဆုံးအကြိမ်လေ...ပြီးတော့ သူကအိမ်ပြင်သိပ်မထွက်ဘူး..အိမ်ထဲမှာပဲနေတာလေ။ ပြီးတော့ သူကငယ်ငယ်လေးကတည်းက တစ်ကောင်တည်း တစ်ခြားအဖော်ကြောင်းတွေလည်းမရှိဘူးမဟုတ်လား။ သူတစ်ခါက အိမ်တံခါးဖွင့်ထားလို့ လွတ်ထွက်သွားရာက ကိုယ်ဝန်လွယ်လာတာလေ။ အတွေ့အကြုံမရှိတော့ မွေးလာတဲ့ကလေးကို ကိုက်စားပစ်မယ်ထင်လို့ပါ။ ပြီးတော့ မွေးကင်းစကြောင်လေးကလည်း ဆိုတော့ ကြွက်လေးနဲ့တူနေတယ်လေ၊ အဲ့ဒါကြောင့်ပါအန်တီ။”
အဲ့ဒီတော့မှ အန်တီက “သြော်..သားရယ်...လောကမှာ လူရယ်မှမဟုတ်ဘူး .. တရိစ္ဆာန်တွေကလည်း မိခင်စိတ် အပြည့်ရှိကြပါတယ်။ သူ့သွေးသားကို သူဘယ်ကိုက်စားလိမ့်မလဲ။ မိခင်မေတ္တာပေါ့သားရယ်။ တစ်ခုတော့ရှိတယ်။ တစ်ချို့ကြောင်တွေက ကြောင်သေလေးတွေ မွေးရင်တော့ ပြန်ကိုက်စားတတ်လေ့ရှိတယ်။ အန်တီလေးကြုံဖူးတယ်။ ကဲကဲ .. ရုံးသွားတော့ နောက်ကျနေပြီ”
“ဟုတ်ကဲ့ပါ အန်တီ ... ကျွန်တော် အစိုးရိမ်လွန်သွားလို့ပါ၊ ကျွန်တော် ရုံးသွားတော့မယ်” ဟူ၍ ထွက်လာခဲ့တယ်။ ကျွန်တော် ကားပေါ်မှာ တစ်လမ်းလုံးစဉ်းစားလာတယ်။ သြော် ... တရိစ္ဆာန်တောင် ကိုယ့်သားသမီးပေါ် ဒီလောက် မေတ္တာကြီးရင် .. ကိုယ့်မိဘတွေဆိုရင်ပြောစရာကို မရှိဘူးပေါ့။ အဖေနဲ့ အမေရေ ......... အဖေနဲ့အမေ့ကိုသား အရမ်းသတိရတာပဲ။ အဖေနဲ့ အမေ့ကို ကျွန်တော် ဒီပိုစ့်လေးနဲ့ ကန်တော့ပါရစေ.....
ရစ်ဝဲကျချင်လာတဲ့ မျက်ရည်စကိုမျိုသိပ်ရင်း ...... သတိထားလိုက်တော့ ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်နေပြီလေ ....................................

Read More...

Tuesday, February 13, 2007

ဒို့ပြည်ထောင်စုဖခင် ကျေးဇူးရှင် .....



အောင်ဆန်းဇာနည်


ဖေဖေါ်ဝါရီ ဆယ့်သုံး ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ငယ်ငယ်တုန်းက သံပြိုင်သီဆိုခဲ့ဖူးတဲ့ ကဗျာလေး။ အင်မတန်မှ ချစ်စရာကောင်းလှသလို အတိတ်ကို အမှတ်ရစေပြီး အနာဂတ်ကို သတိပေးနေသလိုပဲ။ ဒီနေ့ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့။ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ ကျေးဇူးရှင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မြတ်ဖြစ်ပါတယ်။ သြော် .... ၉၂ နှစ်တောင်ရှိသွားပြီ။ အောက်မေ့မိပါတယ်။ အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိရင် အင်မတန်မှာ ရင်နာမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ အဲ့ဒီအချိန်က မကွယ်လွန်ခဲ့ရင် အခုဆိုရင်တော့ ????? ဆိုတဲ့ မေးခွန်းမျိုးကို ရင်ထဲကနေ အကြိမ်ကြိမ်တွေးမိခဲ့ဖူးတယ် ......
သူငယ်ချင်းတစ်ယောက်ဆီကရလို့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူလေးတွေတင်လိုက်တယ်။ အလွမ်းပြေပေါ့ဗျာ ...
ဒီပုံတွေပေးခဲ့တဲ့ ကိုသားဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။





Read More...

Wednesday, February 7, 2007

Bagan က Gtalk ပြန်ပြီး ဖွင့်ပေးထာတယ်ဗျာ ..

အင်... ပုဂံနက်က Gtalk Service လေးပြန်ဖွင့်ပေးထားတယ်ဗျ။
ဘယ်တုန်းကစဖွင့်မှန်းတော့မသိဘူး ..ကျွန်တော်ကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးရတာပါ။
ဘာပဲပြောပြော Freedom အတွက် Computer ကို Memory Save လုပ်ပေးတာ ကျေးဇူးပါပဲဗျာ။
ကျေးဇူးပဲ ပုဂံရေ။ ရာသက်ပန်ဖွင့်နိုင်ပါစေလို့လည်း ဆုတောင်းမိပါရဲ့။

Read More...

အော်...How Long ကြီးကို .....

အလုပ်လေး နည်းနည်းရှုပ်ချင်ဟန်ဆောင်နေလို့ ပိုစ့်လေးတောင်မတင်ဖြစ်တော့ဘူး။ ပြီးခဲ့တဲ့လက လစာထုတ်တာ ပိုက်ဆံလေးစုမိလို့ ရွှေဆွဲကြိုးလေးလုပ်ထားမယ်ဆိုတဲ့ စိတ်ကူးနဲ့ ရွှေဆိုင်ကို ချီတက်ခဲ့တယ်။ အဟီး .... ရွှေဆွဲကြိုးလုပ်မယ်ဆိုလို့ အထင်တော့မကြီးလိုက်နဲ့နော်။ ကျွန်တော်ဘ၀က ဒီလိုပဲ လုပ်လိုက် ပေါင်လိုက် ... ရောင်းလိုက်နဲ့ ;)။ ပိုက်ဆံဆိုတာ ကိုယ့်လက်ထဲမှရှိနေရင် အရမ်းကုန်လွယ်တယ်လေ။ ဒါကြောင့် ရွှေနဲ့လှဲပြီး သိမ်းထားတာ :D။ ရွှေဆိုင်ရောက်တော့ဗျာ .. ဟိုကြည့် ဒီကြည့်နဲ့ အရင်ဦးဆုံး ကိုယ့်စိတ်ကြိုက်လေးတွေလိုက်ကြည့်တာပေါ့ဗျာ။ လူဆိုတာ သိတယ်မလား အကောင်းကြိုက်လေ။ အချိန်စီးစီး ဒီဇိုင်းလှလှလေးတွေကို လိုက်ကြည့်တာပေါ့။ ဒါပေမယ့်ဗျာ .... ပြောရမှာတော့ရှက်တယ်။ အဲ့ဒါတွေကို ကျွန်တော့်မှာ ရှိတဲ့ပိုက်ဆံနဲ့ မ၀ယ်နိုင်ဘူးဗျာ ... အဟီး။ ဒါနဲ့ပဲ ကိုယ့်ငွေနဲ့ ၀ယ်နိုင်တဲ့ပမာဏကို ဆိုင်ရှင်ကို မေးပြီးပြခိုင်းရတာပေါ့။ ၀ယ်လို့ရတဲ့ဟာကလည်းဗျာ .. သေးသေးလေး ..တကယ့်သေးသေးလေး .. အဟီး။ ကျွန်တော်လည်း ဟိုစဉ်းစားလိုက် ဒီစဉ်းစားလိုက်နဲ့ လျှောက်ပြီးကြည့်နေတော့ဆိုင်ရှင်က
“ညီလေး၊ မင်းနည်းနည်းကြီးကြီးထဲကယူမလား ??”
“အင်..ယူချင်တာပေါ့ဗျာ ..ကျွန်တော့်ငွေနဲ့က မကာမိလို့ပါ”
“အကိုပြောတာ အဲ့လိုမဟုတ်ဘူး။ ဒီမှာ အပွထည်တွေရှိတယ်။ အပြင်ပန်းကြည့်ရင်တော့ ဆွဲကြိုးကအကြီးကြီးပဲ။ လူရှိန်တာပေါ့ကွာ။ ဒီမှာကြည့်ပါလား” ဆိုပြီး ထုတ်ပြတယ်။ ဟိုက် ရှာလပတ်ရည် ... နည်းတဲ့ဟာကြီးတွေမဟုတ်ဘူး .. အကြီးကြီးဗျာ.. ဒီဇိုင်းကလည်းမဆိုးပါဘူး။ စည်သူလွင်ဆွဲကြိုးဆိုလားပဲ။ ဒါနဲ့ပဲ ကျွန်တော်ကိုင်ကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ပေါ့ပေါ့ပါးပါးလေးရယ်။ မဖြစ်ပါဘူး။ လိုင်းကားပေါ် ကြုံသလို လိုက်နေရတဲ့ဘ၀ ဟိုညှိဒီညှိနဲ့ဆို ပါသွားဦးမယ်။ ဟီးဟီး ၀ယ်ကမ၀ယ်ရသေးဘူး ဥစ္စာခြောက်နေတာ။ အဲ့ဒါနဲ့ ကျွန်တော်လည်း
“အကိုရယ်တော်ပါပြီ .. ကျွန်တော် အကျစ်ထဲကပဲယူတော့မယ်ဗျာ” ဆိုပြီး အကျစ်ထဲကပဲရွေးပြီးဝယ်ဖြစ်လိုက်တယ်။ ဒီလိုနဲ့ ပစ္စည်းတစ်ခုအဖတ်တင်သွားတာပဲဗျာ။
ဒါပါပဲဗျာ .. တစ်ခြားမဟုတ်ပါဘူး .. ကြွားချင်လို့ ....အဟီး။ သြော် ..မေ့လို့ .. ကျွန်တော်အဲ့ဒီနေ့က ရွှေဝယ်သွားတာ ကောက်ချက်တစ်ခု ချမိတယ်ဗျ။ အတ္တကြီးတယ်ပဲပြောပြောဗျာ။
သြော် .. ငါတို့မြန်မာနိုင်ငံဟာလည်း အခုဆိုရင် အပွကြီးပါလားနော်။ အပြင်ပန်းတွေသာ ဟန်ကြီးပန်ကြီးပြောနေတဲ့သူတွေရှိကြတယ်။ လေပေါ်ကစကားပဲရှိတယ်။ တကယ်တော့ ဘယ်အုပ်ချုပ်သူကမှ လက်တွေ့အကောင်အထည်မဖော်ချင်ကြဘူး။ ၁၀၀ ကြောငြာ ၂ ပဲပေးတဲ့ စနစ်ကြီးပေါ့ဗျာ။
စိတ်ထဲရှိတာရေးလို့ စိတ်မဆိုးကြနဲ့နော်။

Read More...