Tuesday, February 13, 2007

ဒို့ပြည်ထောင်စုဖခင် ကျေးဇူးရှင် .....



အောင်ဆန်းဇာနည်


ဖေဖေါ်ဝါရီ ဆယ့်သုံး ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

ငယ်ငယ်တုန်းက သံပြိုင်သီဆိုခဲ့ဖူးတဲ့ ကဗျာလေး။ အင်မတန်မှ ချစ်စရာကောင်းလှသလို အတိတ်ကို အမှတ်ရစေပြီး အနာဂတ်ကို သတိပေးနေသလိုပဲ။ ဒီနေ့ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့။ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ ကျေးဇူးရှင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မြတ်ဖြစ်ပါတယ်။ သြော် .... ၉၂ နှစ်တောင်ရှိသွားပြီ။ အောက်မေ့မိပါတယ်။ အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိရင် အင်မတန်မှာ ရင်နာမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ အဲ့ဒီအချိန်က မကွယ်လွန်ခဲ့ရင် အခုဆိုရင်တော့ ????? ဆိုတဲ့ မေးခွန်းမျိုးကို ရင်ထဲကနေ အကြိမ်ကြိမ်တွေးမိခဲ့ဖူးတယ် ......
သူငယ်ချင်းတစ်ယောက်ဆီကရလို့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူလေးတွေတင်လိုက်တယ်။ အလွမ်းပြေပေါ့ဗျာ ...
ဒီပုံတွေပေးခဲ့တဲ့ ကိုသားဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။





0 comments: