Friday, March 30, 2007

Adobe CS3 Package အကြောင်း တစ်စေ့တစ်စောင်း












Adobe ဟာ အဆင့်မြင့် ထုတ်ကုန်တွေနဲ့ နာမည်ကြီးချမ်းသာလာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကြီး Application ဖြစ်တဲ့ Photoshop, Illustrator, Acrobat, Premier Pro စတဲ့ Software တွေကို လူသုံးများပါတယ်။ အခုဆိုရင် Adobe ဟာ သူ့ရဲ့ CS3 Package ကိုဈေးကွက်ကိုတင်ဖို့ တာစူးနေပါပြီ။ Amazon.com မှာ ရောင်းချမယ့် ဈေးနှုန်းတွေတောင် သိနေရပါပြီ။ CS3 Package မှာ Software ပေါင်း ၂၁ မျိုးပါဝင်မှာဖြစ်ပါတယ်။ အရင် Micromedia ပိုင်ဆိုင်တဲ့ Flash, Firework, Dreamwaver ကိုပါ။ Adobe က နည်းပညာဝယ်ယူပြီး CS3 Package မှာ ထည့်သွင်းထုတ်လုပ် ထားပါတယ်။ သူတို့ရဲ့ Interface တွေဟာ ဘယ်လိုဖြစ်လာမယ် ဆိုတာကိုတော့ မသိသေးပါဘူး။ လောလောဆယ် Adobe က Photoshop ကိုပဲ Beta Version အဖြစ်ပေးထားတာပါ။ ဈေးနှုန်းတွေကတော့
Adobe Creative Suite CS3 Master Collection = $2499,
Adobe Creative Suite CS3 Web Premium = $1599,
Adobe Creative Suite CS3 Design Premium = $1599 နဲ့
Adobe Creative Suite CS3 Production Premium = $1199 အသီးသီးတို့ ဖြစ်ကြပါတယ်။ အဲ့ဒီထုတ်ကုန်အများစုကို April 20 ရက်နေ့လောက်မှာ ထွက်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Master Collection အတွက်ဆိုရင် July လ အထိစောင့်ရလိမ့်မယ်လို့ မှန်းဆကြပါတယ်။ Adobe က ဒီတစ်ခါ သူတို့ ထုတ်ကုန်အသစ်ထုတ်လုပ်မှုဟာ သူတို့ထုတ်ကုန်သမိုင်းမှာ အကြီးမားဆုံးနဲ့ အများဆုံးပဲလို့ပြောပါတယ်။ စုစုပေါင်း Software ၂၁ မျိုးကြီးတောင်ဆိုတော့ ဘယ်လိုလူမျိုးက ဒီလောက်အများကြီး ၀ယ်သုံးမလဲ မသိဘူးနော်.....

Read More...

Thursday, March 29, 2007

အရမ်းကောင်းတဲ့ Free System Cleaner လေး

ကွန်ပျူတာ အသုံးပြုသူတော်တော်များများဟာ ကိုယ့်ကွန်ပျူတာရဲ့ Temporary files တွေကို ရှင်းဖို့ မေ့နေ တတ်တယ်။ တစ်ချို့ကျတော့လည်း နားမလည်လို့။ Temp Files ဆိုတာ Computer Application/System Operations တွေလုပ်တဲ့အခါ Hard Disk ပေါ်မှာ ယာယီသိမ်းထားတဲ့ ဖိုင်မျိုးတွေပါ။ အဲ့ဒီဖိုင်တွေ များလာတာနဲ့အမျှ ကိုယ့်ရဲ့ Hard Disk Space ပေါ်မူတည်ပြီး စက်ဟာ လုပ်ဆောင်မှုစွမ်းရည်ကျသွားနိုင်တယ်။ Computer အသုံးပြုရတာ နှေးကွေးလေးလံသွားစေနိုင်ပါတယ်။ ဒါကြောင့် Temp Files တွေကို ကိုယ်အသုံးပြုမှုပေါ် မူတည်ပြီး ရှင်းလင်းသင့်တယ်။ ဒါမှလည်း ကိုယ့်ကွန်ပျူတာဟာ အလုပ်လုပ်ရတာ အဆင်ချောမှာပေါ့။ Temp Files တွေကို Manual ရှင်းချင်တယ်ဆိုရင်တော့ Window+R (Start Menu က Run) ကိုနှိပ်ပါ။ Run Box တက်လာရင် %tmp% လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အဲ့ဒါဆိုရင် Temp Files တွေပါတဲ့ Window ပေါ်လာလိမ့်မယ်။ အဲ့ဒီ Window ထဲကရှိသမျှဖိုင်တွေကို Shift+Delete နဲ့ ရှင်းလိုက်ပါ။ တစ်ချို့ဖိုင်တွေကို ဖျက်လို့ရမှာမဟုတ်ဘူး။ System က ယူသုံးနေတယ်လို့ Error တက်လိမ့်မယ်။ ဒီအတိုင်းထားလိုက်ပါ။ ဒီထက်ပိုပြီး Temp ဖိုင်ကို ရှင်းချင်တယ်ဆိုရင် My Computer ရှင်းချင်တဲ့ Drive ကို Right Click နှိပ်ပါ။ ပြီးရင် Properties ကိုရွေး။ Dialog Box ပေါ်လာရင် အောက်နားက Disk Cleanup ဆိုတဲ့ Button လေးကိုနှိပ် Dialog Box ထပ်ပေါ်လာရင် List ထဲမှာ ကိုယ်ဖျက်ချင်တဲ့ ဖိုင်တွေကို Check လုပ်။ ပြီးရင် OK နှိပ်။ ခဏလေးစောင့်လိုက်။ ဒါဆိုရင်ရပါပြီ။ အဲ့ဒါတွေမလုပ်ချင်ဘူး ... ပျင်းတယ် ဆိုရင် အကောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းပေးမယ့် အခမဲ့သုံး Software လေးရှိတယ်။ အဲ့ဒါကတော့ CCleaner လေးပါပဲ။ အခမဲ့သုံးလို့ရသလို Powerful လည်းဖြစ်တယ်။ ခုနကလို Temp Folder ထဲမှာ ဖျက်လို့မရတဲ့ ဖိုင်တွေကိုပါ ရှင်းလင်းပေးတယ်။ ပြီးတော့ Application Temps, Internet Temp Files, System Temp Files တွေကိုပါ ရှင်းပေးတယ်။ နောက်တစ်ခုက Registry Issue လုပ်လို့လည်းရတယ်။ အရမ်းမြန်ပြီး အရမ်းကောင်းတယ်။ ကိုယ့်စက်ထဲက Temp Files တွေကို စက္ကန့်ပိုင်းအတွင်း ရှင်းလင်းပေးနိုင်တဲ့ အစွမ်းထက် Tool လေးတစ်ခုပါပဲ။ ဒါကြောင့် ကွန်ပျူတာ အသုံးပြုသူတိုင်း ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ။


CCleaner ကို Download လုပ်ချင်တယ်ဆိုရင် Get CCleaner


Read More...

Wednesday, March 28, 2007

ဦးပိုင်က စားအုန်းဆီတွေ .. ၁ ပိဿာ ၁၅၆၄ ကျပ်နဲ့ အလကား ရောင်းပေးမယ် ....

လမ်းထိပ်က ဆိုင်တစ်ဆိုင်မှာ “စားအုန်းဆီ .. ၁ ပိဿာဈေး ၁၅၆၄ ကျပ်” တဲ့ .. ဆိုင်းဘုတ် အကြီးကြီးနဲ့ရေးထားတယ်။ သေချာကြည့်လိုက်တော့ “မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း” ဆိုတော့ ဦးပိုင်ကပဲပေါ့။ အင်း .. အပြင်မှာ ၂၂၀၀ ဈေး။ ဒီမှာက ၁၅၀၀ ကျော်ဆိုတော့ အများကြီးသက်သာတယ် .. ငါလာဝယ်ဦးမှ။ အခုတစ်လော အပြင်က စားဆီတွေကို ပုဂ္ဂလိကကုန်သည်တွေက အခြားဆီအမျိုးမျိုးနဲ့ ရောရောင်းတာကြောင့် စားသုံးသူပြည်သူတွေ ရောဂါတွေ ရနေကြတယ်လို့ သတင်းမှာ ဖတ်လိုက်ရတယ်။ မသမာတဲ့နည်းလမ်းနဲ့ စီးပွားရှာကြတဲ့ ကုန်သည်တွေရဲ့ လုပ်ရပ်တွေလေ။ လောကကြီးက တစ်ဖြည်းဖြည်း ကြောက်စရာကောင်းလာပြီ။ ဟုတ်လည်းဟုတ်တယ်။ ဆီတွေက မနက်ဆိုရင် ခဲနေပြီ .. ဟင်းချက်ဖို့ကို သူ့ကို အရင်ဦးဆုံး အရည်ပျော်အောင်လုပ်နေရတယ်။ ပဲဆီကျတော့လည်း ကျွန်တော့်လို သာမာန်ဝန်ထမ်းတစ်ယောက်က မကပ်ရဲဘူးဗျာ့။ စားဆီ ၂၂၀၀ ဈေးမှာ ပဲဆီက ၃၃၀၀ ဈေးဗျ။ နောက်တော့လည်း ရောဂါကိုကြောက်ပြီး ပဲဆီမှာ ကျိတ်မှိတ်သုံးရတော့တာပေါ့။ ဒီနေ့ ဒီဆိုင်းဘုတ်ကိုတွေ့လိုက်တော့ တစ်ပိဿာလောက်တော့ ဆွဲထားမယ်ဆိုတဲ့အတွးနဲ့ အိမ်မှာ ပုံးသွားယူပြီး လမ်းထိပ်ကဆိုင်ကို ပြန်ပြေးတာပေါ့။ ဆိုင်ရောက်တော့ .. “အန်တီရေ .. ကျွန်တော့ကို စားဆီ ၁ ပိဿပေးပါ”
“အေးအေး .. ” ဆိုပြီးချိန်ခွက်နဲ့ ချိန်ထည့်ပေးတယ်။
ပြီးသွားတော့ ကျွန်တော့က ပိုက်ဆံကို ၁၆၀၀ ပေးလိုက်တယ်။ အဲ့ဒီတော့ အန်တီကြီးက ကျွန်တော့ကို ပြန်ကြည့်တယ် .. အန်တီ အကြွေမရှိလို့လား .. ရတယ် .. မအန်းနဲ့တော့ .. နေပါစေ”ဆိုပြီးပြောလိုက်တယ်။ ဒီတော့ အန်တီကြီးက
“ကောင်လေး .. ဆီက ၁ ပိဿာ ၂၀၀၀ လေ .. ခုက ၁၆၀၀ ပဲရှိသေးတယ် .. ၄၀၀ ထပ်ပေးရဦးမယ်” ..
“အမ် .... ဒီမှာ ဆိုင်းဘုတ်မှာ ရေးထားတာ .. ၁၅၆၄ ကျပ်လေ ... ဘာလို့ ၂၀၀၀ ဖြစ်သွားတာလဲ ...”
“အဲ့ဒါက တစ်ယောက် ၁၀ သားပဲရတာ .. ၁ပိဿာမရဘူး .. ဆိုပြီး .. ဘုပြောတယ်”
ကျွန်တော်လည်း ဘယ်ခံမလဲ .. ကိုယ်က မှန်နေတာကိုး ... “ဒါဆိုရင် .. ၁၀ သားဈေးရေးပေါ့ .. ဒါမှမဟုတ် . အောက်မှ မှတ်ချက်လေး ဘာလေးရေးပေါ့ဗျာ .. လူတစ်ဦးကို ၁၀ သားသာ ရောင်းပါသည်လို့ ..ခုဟာက တစ်ပိဿာဈေးရေးထားပြီးမှ .. အမျိုးမျိုးပဲဗျာ .... ကျွန်တော်တို့ စားသုံးသူတွေ စာတတ်ပါတယ်ဗျ ....” ဆိုပြီး ၄၀၀ ထုပ်ပေးလိုက်တယ်။ ဆီးဗုံးဆွဲပြီး အိမ်ပြန်တာကလွဲလို့ ကျွန်တော့မှာ လုပ်စရာမရှိ ..... နောက်မှာတော့ ..“နင်ကများ .. ရာရာစစ ... %$%#^#&^&#%E%##$” စတဲ့အသံပေါင်းစုံနဲ့ အန်တီကြီး ကျန်ခဲ့လေရဲ့။ လုံးဝကို မကျေနပ်ဘူးဗျာ .... “ဘာဖြစ်လို့ စားသုံးသူ ပြည်သူတွေကို လိမ်လှည်နေကြတာလဲ”။ အဲ့ဒီလို ဘ၀ကနေ ဘယ်အချိန်ကျမှ လွတ်မြောက်နိုင်ကြမှာလဲ။ ကျွန်တော့် တော့ပစ်ခေါင်းစဉ်ကို “ဦးပိုင်က စားအုန်းဆီတွေ .. ၁ ပိဿာ ၁၅၆၄ ကျပ်နဲ့ အလကား ရောင်းပေးတယ် ....” လို့ပေးလိုက်တာပါ။ တကယ်မရောင်းပေးဘူး .. အလကားရောင်းပေးတာ ... ဘာပဲပြောပြော အဲ့ဒီနေ့က အပြင်ကထက်တော့ ၂၀၀ သက်သာခဲ့တယ်။ ကျေးဇူးတင်ပါတယ်ဗျာ ..

Read More...

မြန်မာ့ဆေးကောင်းတစ်ခွက်

သတိ ... ဤပိုစ့်အား အစာစားနေတုန်း၊ အစာစားပြီးစအချိန်တွင် မဖတ်ရန် အသိပေးအပ်ပါသည်။ :D
“တန်ဆေး လွန်ဘေး“တဲ့ ... ဒီစကားပုံကို ကြားဖူးကြမှာပဲနော်... အစာပဲဖြစ်ဖြစ် .. ဆေးပဲဖြစ်ဖြစ် .. တန်ရုံအသုံးပြု စားသုံးရမယ်လို့ ဆိုထားပါတယ်....
ကျွန်တော့အဖြစ်အပျက်လေးတစ်ခုကို တင်ပြရင်း .... သူငယ်ချင်းတွေကိုလည် ဆင်ခြင်စေလိုပါတယ်.. လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက စစ်တွေမှာ အလုပ်လုပ်နေတဲ့အချိန်ကပေါ့။ အဲ့ဒီတုန်းက ရေခူတွေကို တရုတ်ပြည်က ဈေးကောင်းပေးဝယ်ကြလို့ ကျွန်တော်တို့အဖွဲ့တွေ သွားပြီးစွန့်စားကြတယ်။ ကျွန်တော် သဲသောင် အ၀ယ်ဒိုင်မှာ တာဝန်ကျတဲ့အချိန်လေးမှာ ဖြစ်ပျက်ခဲ့တာပါ။ သဲသောင်ပေါ်မှာ တစ်ပတ်ကို ၁ ယောက် တာဝန်ကျသွားရတယ်။ အဲ့ဒီသဲသောင်(ကျွန်းလေး)ပေါ်မှာက ရေချိုအရမ်းရှားတယ်ဗျ။ ပင်လယ်ပြင်ထဲမှာဆိုတော့ ရေငန်တွေပဲ ပေါတယ်။ အဲ့ဒီတုန်းက အလုပ်ကလည်း အရမ်းရှုပ်။ ရေချိုကလည်း လွယ်လွယ်နဲ့မရတာကြောင့် ၃ ရက်လောက်ကို ရေမချိုးဖြစ်ဘူးဗျ။ .. ဟဲ .. ဟဲ .. ညစ်ပတ်တာဟုတ်ဘူးနော်... ဟီး .. ရေမရှိတာ ...။ ရေပတ်တော့ တိုက်တာပေါ့ဗျာ။ အဲ .. အဲ့ဒီမှာ စတော့တာပဲ .. လူကရေမချိုးဖြစ်လို့ အပူတွေ အရမ်းတက်နေတယ်။ ဒါနဲ့ အ၀ယ်ဒိုင်ကနေ မြို့ထဲကိုတက်မယ့် ၀န်ထမ်းတစ်ယောက်ကို ဆေးမှာလိုက်တယ်။ အပူကျဆေးပါ။ တစ်ကဒ်ဝယ်ခဲ့ဖို့ ကျွန်တော်မှာလိုက်တယ်။ ဒါပေမယ် .. အဲ့ဒီနေ့က မြို့ထဲမသွားဖြစ်ဘူး။ အဲ့ဒါနဲ့ ငနဲက “အပူကျဆေးမသောက်နဲ့ .... ၀မ်းပျော့ဆေးသောက် ..ကျွန်တော့်ဆီမှာ ရှိတယ်။ ရော့ .. ”ဆိုပြီးလာပေးတယ်။ ကျွန်တော်လည်း များများ စဉ်းစားမနေတော့ဘူး။
“အေး .. ၀မ်းပျော့ဆေးလည်းကောင်းတာပဲ ... ဒါနဲ့ ... ကိုညီ ဒီနေ့ ညနေတော့ ငါ့ကို ရေချိုးလို့ရအောင် စီစဉ်ပေးကွာ .. ရွာထဲသွားပြီးရေသွားဝယ်ပေးဦး” ...
“ဟုတ်ကဲ့ .. အကို.. ကျွန်တော် လူလွတ်လိုက်ပါ့မယ်”...
“အေးကွာ .. ကျေးဇူးပဲ”
သူလဲသွားရော .. ကျွန်တော့်လက်ထဲမှာ သူပေးထားတဲ့ ၀မ်းပျော့ဆေးဘူးကိုဖွင့်ပြီး ၅ လုံးလောက် သောက်ချလိုက်တယ်.. သောက်ပြီးမှ သတိရတယ်...
“ဟ ... ညအိပ်မှ သောက်ရမှာ .. ငါ့တော့ ဒုက္ခပဲ” ...
ဒါပေမယ့် ... ၀မ်းပျော့ဆေးက ညနေပိုင်းအထိ ဘာအစွမ်းမှ မပြဘူး။ ညနေကျတော့ ရေးချိုးလိုက်ရတယ်။ ထွက်လိုက်တဲ့အပူတွေ ရှိန်း ရှိန်း .. ရှိန်း ရှိန်းနေတာပဲ။ ရေတောင် အငွေ့ဖြစ်ပြီး ပျံသွားသလား မှတ်ရတယ်။
ညအိပ်ခါနီးကျတော့ .. “အင်း .. ငါမနက်တုန်းက ၀မ်းပျော့ဆေးတွေသောက်တာ ဘာမှလည်းမဖြစ်ပါလား .. မထူးပါဘူး ... အခုသောက်လိုက်ရင် မနက်ကျ အဆင်ပြေမှာပဲ”လို့တွေးမိပြီး .. နောက်ထပ် ၀မ်းပျော့ဆေး ၅ လုံးသောက်ချလိုက်တယ်။ ဘာမှမစဉ်းစားတော့ဘူး .. အိပ်လိုက်တယ်.....။
ဗိုက်ထဲက အောင့်သလိုလို ခံစားရတာနဲ့ ကျွန်တော် အိပ်ရာကနေနိုးခဲ့တယ်... နာရီကြည့်လိုက်တော့ ၄း၃၀ တိတိ။ “အမ်... အစောကြီးရှိသေးတယ် ... အား .. ဗိုက်ကလည်း ဘာဖြစ်တာပါလိမ်...အောင့်လိုက်တာ..” ပြီးမှ ညတုန်းက ၀မ်းပျော့ဆေးတွေ သောက်ထားမှန်းသတိရလိုက်တယ်။ ...“ဟ ...ဟ .. ပြေးမှဖြစ်တော့မယ်”ဆိုပြီး အိမ်သာကို တန်းပြေးတော့တာပေါ့။ ပထမတစ်ခါတုန်းကတော့ အဆင်ပြေတယ်။ အိပ်ရာထဲရောက်ပြီး ၁၀မိနစ်လောက်လည်းကြာရော .... “အီး .. အောက့်လာပြန်ပြီး ...ပြေးပြန်ပဟ” ..ဆိုပြီးပြေးရပြန်တယ်။ နောက် ၅ မိနစ်ခြား .. တတိယအကြိမ် .. ဒီလိုနဲ့ ...... အကြိမ်ပေါင်းမြောက်များစွာ ..... ပြေးပြီးတဲ့နောက် .. ကျွန်တော်တစ်ယောက် အိပ်ရာကနေ မထနိုင်တော့တဲ့အချိန်အထိပါပဲ။
“ဟာာ.... အကို ဘယ်လိုဖြစ်တာလဲဗျာ” ...ဆိုပြီး ကျွန်တော့ကို ဆေးပေးတဲ့ ၀န်ထမ်းက လာကြည့်တယ်။
“ေ အ း ... က ြ ာ ... မ င ္း ေ ပ း တ ဲ ့ ေ ဆ း ေ သ ာ က်ြ ပီး မ ထ နို င်ေ တာ့  ဘူး ကွ .....”
“ဟာ .. အကို ဘယ်နှစ်လုံးတောင် သောက်လိုက်တာလဲ ? ”
“ ၅ လုံး တ ည်း ပါ ကွာ ... အဲ . ... မ င်းေ ပး တု န်း က ၅ လုံး ..... ၁ ၀ လုံးေ ပါ့  ..”
“အမ်... ၁၀ လုံး .. အောင်မလေး ဖြစ်ရလေ ..အကိုရေ .. တစ်ခါသောက်မှ .. ၃ လုံးတည် သောက်ရတာ... ဒါတရုတ်ဆေးဟုတ်ဘူးလေ .. ယိုးဒယားဆေး ...”
“ . သ ိ ဘ ူ း ေ လ က ြ ာ .. မ င ္ း ေ ပ း တ ဲ ့ ေ ဆ း ဘ ူ း မွ ာ ဘ ာ မ ွ မ ွ ေ ရ း မ ထ ား တ ာ ”
ဟုတ်သည် ..သူပေးတဲ့ပုလင်းက ဘာတံဆိပ်မှ မပါ .. အလုံးလိုက်ဝယ်ပြီး ပုလင်းလွတ်တစ်လုံးထဲ ထည့်ထားပုံရတယ်။
“အကို .. ဒါဆိုရင် အကို ဆေးခန်းသွားမှဖြစ်မယ်... ဒီအတိုင်းဆိုမလွယ်ဘူး .. ကျွန်တော် ဘုတ်သွား စီစဉ်လိုက်မယ်” ..
“ ေ အ း က ြ ာ .. ဟ ိ ု ေ က ာ င ္ ေ တ ြ က ိ ု Cordless န ဲ ႔ လ ွ မ ္း ေ ျ ပ ာ လ ိ ု က ္ က ြ ာ .. ေ က ် း ဇ ူ း ပဲ”
ဒီလိုနဲ့ ကျွန်တော် တစ်ယောက် .. စစ်တွေ ဆေးခန်းကို ရောက်ပြီး ပုလင်းကြီးချိတ်ရတဲ့ ဘ၀အထိ ရောက်ခဲ့တယ်။ ၂ ရက်လောက် အိပ်ယာထဲမှာ လဲနေရတဲ့ဘ၀။ အခုထိ အမှတ်ရနေတုန်းပဲ .... :D ...။
ဒီလိုနဲ့ ..... သဲသောင်ပေါ်ကို နောက်တစ်ခေါက် တာဝန်အကျ ... ကျွန်တော်တို့ ဒိုင်ထဲက အလုပ်သမား အရီးတစ်ယာက်က “ သားလေး .. အရင်တစ်ခါက တော်တော် ခံလိုက်ရတယ်ဆို ...”
ကျွန်တော် နည်းနည်းတော့ရှက်သွားတယ်... “ အဟီး .. ဟုတ်တယ်.. အရီး ... အသောက်လွန်သွားတာ”
“သြော် .. မိဘနဲ့ ခွဲနေတဲ့သူတွေက အဲ့ဒီလိုပဲ .. ဒုက္ခရောက်တတ်ကြတယ်”
“အမ်....”
“ဟုတ်တယ်လေ .. မင်းမိဘနဲ့နေရင် .. ဒီလိုအဖြစ်မျိုးဖြစ်မလား ...”
ဟုတ်ပါသည်.... ရင်ထဲမှာ ကျွန်တော့် မိဘနှစ်ပါးကို သတိရပြီး လွမ်းလာသည်။
“ဟုတ်တယ်နော်..အရီး .... ကျွန်တော်တို့ မိဘနဲ့နေတုန်းက ဟိုဟာစားချင် .. ဒီဟာစားချင် ....ဆိုတိုင်း မိဘတွေက မကျွေးဘူး။ စာသင့်တဲ့ဟာကိုစားစေပြီး မစားသင့်တဲ့အရာတွေကို မကျွေးဘူး။ ငယ်ငယ်တုန်းကတော့ မစားရတော့ စိတ်ကောက်တာပေါ့ဗျာ .. အခုတော့ နားလည်လာပါပြီ ...”
“အေးကွယ်... မိဘတွေက နင်တို့တွေထက် အတွေ့အကြုံပိုများတယ်လေ ... သူတို့မေတ္တာနဲ့ အတွေ့အကြုံပေါင်းစပ်ပြီး သားသမီးတွေကို စောင့်ရှောက်တာပေါ့ .. အခုပဲကြည့် နင်လည်း .. အတွေ့အကြုံတစ်ခု ရသွားပြီ .. နင့်သားသမီးတွေ ရရင်အဲ့ဒီလိုအဖြစ်မျိုးမကြုံအောင် ဆိုဆုံးမ မှာပဲလေ .. ဟုတ်ဘူးလား ”
“ဟုတ်ကဲ့ .. အရီး .. ”
“တန်ဆေး .. လွန်ဘေးတဲ့ ..... ဆေးဆိုတဲ့အရာကလည်း အသုံးပြုလွန်ရင် ဘေးဖြစ်တတ်တယ်။
ကဲ .. အရီးမင်းကို မြန်မာ့ ဆေးကောင်တစ်ခွက်ပေးလိုက်မယ်။ အဲ့ဒါက ဘာလဲဆိုရင် .. မကျည်းသီးပဲ။ မကျည်းသီးကို မကျည်းရည်လုပ်သောက်လိုက်။ တစ်ခွက်လောက်ပဲသောက်။ မကျည်းသီး အနေတော်လောက်ကို ဆားနည်းနည် .. ပြီးတော့ ထန်းလျက်နည်းနည်းထည့်ပြီးဖျော်လိုက်။ အဲ့ဒါကိုသောက် အရမ်း ကောင်းတယ်... စမ်းသောက်ကြည့်ပေါ့ .. သောက်ကောင်းကောင်းနဲ့အများကြီးတော့ မသောက်နဲ့နော်.. ထပ်လျှောနေဦးမယ်...”
“ဟီး ... ကျေးဇူပဲအရီး .. ကျွန်တော် သောက်ကြည့်မယ်”
“ကဲပါလေ .. ငါပဲလုပ်ပြီးလာပို့မယ် .... ပစ္စည်းအဆင်သင့်ရှိတယ် .. ညနေကျ လာပို့လိုက်မယ်”
“ဟာ .. ကျေးဇူးအရမ်းတင်ပါတယ်..”
“ရပါတယ်ကွယ်..... ကဲကဲ .. သွားပြီနော်..”
“ဟုတ်ကဲ့ အရီး .. ဖြေးဖြေးနော်.....”
ညနေကျတော့ ... ၀န်ထမ်းတစ်ယောက်က ခွက်တစ်ခွက်နဲ့ မန်ကျည်းရည် အပြည့်လာပို့တယ်။ သောက်လို့ကောင်းလိုက်တာဗျာ။ (နောက်ပိုင်း ကိုယ့်ဘာသာကိုယ် လုပ်သောက်ကြည့်တာ အရသာမတူဘူးဗျ .. ဘာလိုနေလဲမသိဘူး .. ဟီး)။ မနက်ကျတော့ အနေတော်ပဲ .... အားလုံး OK တယ်.....
ဒါကြောင့် သူငယ်ချင်းတွေကိုလည်း ကျွန်တော့်လို အဖြစ်မျိုး မကြုံရလေအောင် ... မန်ကျည်းသီးကိုဆောင် ...... ......

Read More...

အဆင့်အတန်း

လူတွေဟာ ကိုယ့်ရဲ့ အဆင့်အတန်းကို မတင်းတိမ်တတ်ကြပဲ ၊ မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်
ကြီးမျှော်မှန်းနေကြတယ်။

People are not satisfied with their own position in life and are always aiming too high.

အရှင်ကောဝိဒ


Read More...

Monday, March 26, 2007

Adobe CS3 products Icons Set

Adobe ကနေပြီး ထုတ်လုပ်မယ့် CS3 ထုတ်ကုန်တွေရဲ့ Icon တွေကို ... Color Wheel နဲ့ ပြသထားတာကို Surfing လုပ်ရင်းတွေ့လို့ ပြန်တင်ပေးလိုက်တယ်။ တစ်ချို့  ထုတ်ကုန်တွေ ဘာမှန်းတောင်မသိဘူး။

Read More...

Thursday, March 22, 2007

တစ်ခါတုန်းက ( ၁. ၂ )

သူငယ်ချင်းတို့ရေ ခုတစ်လော အလုပ်တွေ အရမ်းရှုပ်နေလို့ ပိုစ့်တွေတောင်မတင်ဖြစ်ဘူး။ ဆောရီးဗျာ ……

တစ်ခါတုန်းက (၁) ကိုပြန်ဆက်မယ်.. (၁.၂) ပေါ့ .

ဒီလိုနဲ့ ကျွန်တော်တို့ဟာ ပဒေသာပင်ရုပ်လုပ်ဖို့အတွက် ၀ါးတွေအသင့်ရခဲ့တယ်။ နောက်တစ်နေ့ကျတော့ အရုပ်လုပ်ဖို့ တိုင်ပင်ကြတာပေါ့။ ပန်ချီဆွဲတတ်တဲ့ကျောင်းသားတွေစုပြီး အရုပ်ချိုးဖို့တိုင်ပင်ခဲ့ကြတယ်။ တစ်ယောက်တစ်ပေါက်နဲ့ နဂါးရုပ်လုပ်ဖို့ ပုံစံအကြမ်းပြီးသွားရော။ ဦးခေါင်းနဲ့ အမြီးပိုင်းကို ပုံဆွဲပြီး ကိုယ်ထည်ကို ပိုက်ဆံနဲ့ခေါက်ပြီး ပုံဖော်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ အဓိက လိုတဲ့ပစ္စည်း နောက်တစ်မျိုးက ပိုက်ဆံအသစ်တွေပေါ့။ ကျွန်တော်တို့မှာစုထားတဲ့ပိုက်ဆံတွေက အမျိုးအစားအစုံ။ ဒီတော့ ဘဏ်မှာ ငွေအသစ်သွားလှဲဖို့ လိုအပ်ပြီပေါ့။ ဒါနဲ့ပဲ ငွေလဲဖို့အတွက် ဘဏ်ကို ကောင်မလေးတွေလွတ်လိုက်တယ်။ ငွေတစ်ထောင်လဲဖို့အတွက် ဘဏ်စာရေးကို ၁၀၀ ပေးလိုက်ရတယ်ဗျာ။ သူတို့မိုဘုရားလှူမယ့်ငွေတွေ ယူရက်တယ်။ စုစုပေါင်း လဲတဲ့ငွေက ၆၅၀၀၀ ဆိုတော့ ၆၅၀၀ ပေါ့။ အဲ့ဒီတုန်းက တော်တော်စိတ်မကောင်းဖြစ်မိတယ်ဗျ။ နေ့လည်ပိုင်း ထမင်းစားဆင်းပြီးတာနဲ့ ကျွန်တော်တို့တွေ တစ်သိုက် အရုပ်ပုံဖော်ဖို့ ၀ါးတွေကို ခုတ်ပိုင်းအချောကိုင်ကြတယ်။ ပိုက်ဆံခေါက်တဲ့သူတွေကခေါက်၊ ကော်ကပ်တဲ့သူတွကကပ် ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်ညီလက်ညီနဲ့လုပ်လိုက်ကြတာ ၂ ရက်လောက်ကြတော့ အရုပ်ကြီးလည်းပြီးသွားရော။ ဟဲ .ဟဲ ..ကြွားရဦးမယ် .. အရုပ်ကြီးပြီးကတည်းက ကျောင်းကလူတွေက ကျွန်တော်တို့အခန်းဆုရမယ်လို့ ခန့်မှန်းကြတယ်။ အရမ်းပျော်တာပေါ့ဗျာ။ အရုပ်ကြီးပြီးသွားတဲ့နေ့ညဘက်မှာ ကျွန်တော်တို့ ကျောင်သားတွေ ကျောင်းမှာ ညအိပ်စောင့်ဖို့အတွက် ပြင်ဆင်ရတယ်။ အဲ့ဒီလို လုပ်ရတဲ့အကြောင်းရင်းက ရာဇ၀င်ရှိတယ်ဗျ။ အရင်က ကျောင်းမှာ ပဒေသာပင်တွေထားထားတာကို သူခိုးတွေဝင်ခိုးလို့ ပါသွားဘူးလို့ အခုလို ညအိပ်စောင့်ရတာပါ။ ကျောင်းစာသင်ခန်းဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ လုံခြုံမှုသိပ်မရှိဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့တတွေ ညအိပ်စောင့်ရတာ။ ညနေကျတော့ အိမ်ပြန် ကျောင်းမှာအိပ်ဖို့အတွက် အိမ်ကနေ ပြင်ဆင်ပြီးသွားကြတယ်။ ကျောင်းသားတွေဆိုတာ့ သိတဲ့အတိုင်းပဲ …… ညပိုင်းဆိုရင် သီချင်းလးဘာလေးဆိုရအောင်ဆိုပြီး ဂီတာတွေယူသွားကြတယ်။ ညဘက်ပျင်းရင် ဖဲရိုက်ဖို့အတွက် ဖဲထုပ်တွေယူသွားကြတယ်။ တစ်ချို့ကျတော့လည်း ရေဆာရင်သောက်ဖို့ ဗူးတွေယူသွားကြတယ်။ ဟီး .. ကျွန်တော်မပါဘူးနော်.. :D။ ညဖက်ရောက်တော့ သူငယ်ချင်းတွေစုပြီး သီချင်းဆိုလိုက်၊ ပျော်လိုက်နဲ့ပေါ့ဗျာ။ ဒီလိုနဲ့ ညသန်ခေါင်လောက်ရောက်ရော သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ စကားစပ်မိလို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဆုံးသွားတဲ့ အတန်းထဲက သူငယ်ချင်းတစ်ယောက်အကြောင်းကို ပြောမိကြတယ်။ သူငယ်ချင်းက လွန်ခဲ့တဲ့နှစ်ပတ်လောက်က အထက်လှန်အောက်လျှောနဲ့ ဆုံးသွားတာပါ။ ပြောရင်းနဲ့ သူငယ်ချင်းတစ်စု ကြက်သီးတွေတောင်ထတယ်။ ကိုယ့်အတန်းဖော်ဆိုတော့ သတိရတာပေါ့ဗျာ။ ဒီလိုနဲ့သူငယ်ချင်းတစ်စု စကားပြောပဲ တိတ်တစ်ဆိတ်အခိုက်အတန့်လေးဖြစ်သွားတယ်။ စကားစပြတ်သွားတာတဲ့အချိန် အခိုက်အတန့်လေးပေါ့။ အဲ့ဒီအချိန်မှာပဲ …….. ပေါ်ထပ်က ၀ုန်း ... ၀ုန်း .. ၀ုန်း .. ၀ုန်း .. ”ဆိုတဲ့ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ရုတ်တရက်အပေါ်ကို လှမ်းကြည့်လိုက်တော့ အပေါ်ထပ်ကြမ်းကြီးက နိမ့်ကျလာသလိုပဲ ….. အားလုံး ရုပ်ရုပ်သဲသဲတွေဖြစ်ပြီး ပြေးသူတွေကပြေး၊ ကြောင်ပြီးငေးနေသူကငေး၊ အောက်မှာ လေးဘက်ထောက်ပြီးအော်နေသူကတစ်မျိုး ….. ကျွန်တော်လည်း ရုတ်တရက်မို့ အခန်းအပြင်ဘက်ကို ထွက်ပြေးမိတယ်။ အဲ့ဒီအသံက ၇ စက္ကန့်လောက်ကြာသွားတယ်။ အဲ့ဒီမျာ လူကိုအီစိမ့်သွားတာပဲ။ ဘာဖြစ်မှန်းလည်းမသိ။ အစကတော့ စာသင်ဆောင်ကြီး ပြိုပြီမှတ်တာ။ အဲ့ဒီအချိန်မှာပဲ ကျောင်းစောင့် သရ၀မ်တွေ၊ တာဝန်ကျဆရာတွေ ပြေးလာပြီး “ဘာဖြစ်တာလဲ .. ဘာဖြစ်တာလဲ .. ဟေ့ ” .. လို့အော်ပြီးမေးကြတယ်။

“ မ .. မသိဘူးဆရာ ….အပေါ်ထပ်က ၀ုန်း ၀ုန်း တိုင်းတိုင်း အသံကြားရတာပဲ”

“အပေါ်ထပ်မှာ လူရှိလို့လား ??? ”

“မရှိဘူးဆရာ .. ၁၀ တန်းတွေက သူငယ်တန်းအခန်းတွေမှာ ပစ္စည်းသိမ်းကြလို့ .. အပေါ်ထပ်မှ ဘယ်သူမှမရှိဘူး”

“ဒါဆိုရင် … တက်ကြည့်ကြရအောင်ကွာ” ဆိုပြီး .. အကုန်လုံးအပေါ်ထပ်ကို ချီတက်ကြတယ်။

အပေါ်ထပ်ရောက်တော့ ကျွန်တော်တို့ အခန်းအပေါ်တည့်တည့်ကအခန်း ၁၀ တန်း (ဂ) ကို မှန်တံခါးပေါက်က လှမ်းကြည့်လိုက်တော့ ခုံတွေ အကုန်လုံး ကြမ်းပေါ်မှာ မှောက်လဲနေတာတွေ့၇တယ်။ အခန်းတံခါးကလည်း သော့တန်းလန်းကြီးနဲ့။ ဒါနဲ့ပဲ ဆရာက သရ၀မ်ဆီမှာ သော့တောင်းပြီး တံခါးဖွင့်ဝင်ခဲ့တယ်။ ကျောင်းသား တွေကတော့ တွန့် .. တွန့် .. တွန့် .. တွန့်နဲ့ပေါ့။ စောနက အသံကြီးကို ကြားထားရတာကို။ တစ်ချို့ဆို သေးတောင်ပေါက်ချတယ်။ .. ဟီး .. :D။ သူငယ်ချင်းတစ်ယောက်ပါ။ သူငယ်ချင်းရေ .. မင်းနာမည်ကိုတော့ ငါမရေးတော့ဘူး .. ဟီး …. ဆေားရီးကွာ …။ အခန်းထဲရောက်တော့ အရာအားလုံးက ခုနက သူမဟုတ်တဲ့အတိုင်းပဲ ငြိမ်သက်လို့။

“ဟေ့ကောင်တွေ ငေးမနေနဲ့ .. ခုံတွေပြန်စီကြ” ဆိုပြီး ဆရာကခိုင်းပါလေရော။ ကျောင်းသားတွေ ဘယ်နေနိုင်မလဲ ….. ခုံတွေ ပြန်စီရတော့တာပေါ့။

“ဘာမှမဖြစ်ပါဘူး ….. ဒီအခန်းက ကျောင်းသားတွေ ခုံကို ကောင်းကောင်း မစီခဲ့လို့ လှဲကုန်တာ။ ခုံတွေက အတန်းလိုက်ဆိုတော့ တစ်ခုံလှဲရင် အကုန်လှဲတော့တာပေါ့” လို့ပြောတယ်။ ကျွန်တော် သတိထားမိတာက ခုံကလှဲရင် တစ်တန်းတည်းလှည်းရမှာပေါ့ ဘာဖြစ်လို့ ၃ တန်းလုံး လှဲနေရတာလဲ။ ဒီမေးခွန်းကို ကျွန်တော် မမေးဖြစ်လိုက်ပါ။ စကားစတွေ ရှည်သွားမှာစိုးလို့။ ခုံပဲစီနေလိုက်တယ်။ အခုချိန်ထိ အဲ့ဒီမေးခွန်းက အဖြေမရှိသေးဘူး။ အောက်ပြန်ရောက်တော့ တစ်ယောက်တစ်ပေါက်စီ ပြောကြတာပေါ့။ “ဟေ့ကောင် .. ခုနက ဟိုကောင့်အကြောင်းပြောနေလို့ ငါတို့ကိုများလာခြောက်တာလား ???” ဘယ်သူမှ မဖြေနိုင်ကြ။ အားလုံးတိတ်ဆိတ်လို့ ……….. ဒီလိုနဲ့ ငုတ်တုတ်မိုးလင်းပါလေရော …. မနက်ရောက်တော့ အလုပ်က ရှုပ်ရပြန်ပြီလေ .. ကထိန်ခင်းမယ့်နေ့ … ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ခေါင်းထဲမျာ မထားနိုင်တော့ဘူး။ ……

ဆက်ဦးမည်

Read More...

Thursday, March 8, 2007

တစ်ခါတုန်းက ( ၁ )

ကျွန်တော်ဒီနေ့ ဘာဖြစ်မှန်းမသိဘူး ကျောင်းသားဘ၀မှာ ပျော်ခဲ့တာတွေကို ပြန်ပြီသတိရနေတယ်။ အဲ့ဒီထဲမှာမှ ရင်ထဲက မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်တယ်။ ဟိုး ....... ကျွန်တော် ၉ တန်းကျောင်းသား ဘ၀တုန်းက နယ်ကျောင်းတစ်ကျောင်းမှာ တက်ခဲ့ရပါတယ်။ အ.ထ.က - ၆ မှာ တက်ခဲ့ရတယ်။ အိမ်နဲ့လည်း သိပ်မဝေးလှဘူး။ လမ်းလျှောက်သွားရင် မိနစ် ၂၀ လောက်ဆိုရင်ရောက်ပြီ။ အထက်တန်း ကျောင်းသား ပေါက်စဆိုတော့ အပျော်အပါးအရမ်းမှတ်ခဲ့တယ်။ ဒါပေမယ့် စာကိုတော့ ပိုပြီးကြိုးစားရတယ်။ ဘာသာရပ်တွေက များလာပြီကိုး ......
အဖြစ်အပျက်က ဒီလိုပါ ... ကျွန်တော်တို့ကျောင်းကနေပြီး ကထိန်ခင်းဖို့ အစီအစဉ်ကနေစတာပါ။ ကထိန်မခင်းခင် ၃ လလောက် ကတည်းက အခန်းထဲမှာ ကထိန်ကြေးကို နေ့စဉ်ထည့်ရပါတယ်။ တစ်ရက်ကို ၁၀ ကျပ် နေ့စဉ် ထည့်ရပါတယ်။ ကျောင်းသားဘ၀တုန်းကဆိုရင် အဲ့ဒီလို ပွဲတွေရှိရင် အရမ်းပျော်ကြတာ။ စီလည်းအရမ်းစီတာကိုး။ ကထိန်ပွဲ၊ ဆရာကန်တော့ပွဲ စသည့်ဖြင့်ပေါ့ဗျာ။ ကထိန်ပွဲကျတော့ ကျောင်းမှာ တစ်ခန်းနဲ့ တစ်ခန်း၊ တစ်တန်းနဲ့ တစ်တန်း အပြိုင်လုပ်ကြတာ။ ပိုက်ဆံပဒေသာပင်အဖြစ် အရုပ်ကြီးတွေလုပ်ပြီး ပြိုင်ကြတာ။ ကျောင်းကနေလည်း တစ်နှစ်ကိုတစ်ခေါက် အလှဆုံး ပဒေသာပင် အရုပ်ကိုရွေးပြီး ဆုချပါတယ်။ အဲ့ဒါကြောင့် ကျောင်းသားတွေဟာ သူ့ထက်ငါအပြိုင် ပဒေသာပင်ကို အလှပဆုံးနဲ့ ဆန်းပြားတဲ့ အရုပ်ကြီးတွေ ပြုလုပ်ပြီး ဘုန်းကြီးကျောင်းကို လှူဖို့ပြင်ဆင်ကြတာပေါ့။ ဒီလိုချစ်စရာကောင်းလှတဲ့ ဓလေ့လေးကို အခုချိန်ထိ အမှတ်ရနေတုန်းပဲ။ အဲ့ဒီတုန်းက မှတ်မှတ်ရရ ကျွန်တော်တို့အခန်းက နဂါးရုပ်ကြီး ပြုလုပ်ဖို့အကြံရပါတယ်။ ကျွန်တော်ဟာ အဲ့ဒီတုန်းက အခန်းထဲမှာ အရုပ်ပြုလုပ်ဖို့အတွက် ခေါင်းဆောင်နေရာကနေ ပါဝင်လှုပ်ရှား ရပါတယ်။ အရုပ်ပြုပ်လုပ်နေတဲ့အချိန်တွေမှာဆိုရင် အခန်းထဲမှာ နေစရာမလိုဘူး။ တခြားအသင်းဝင် သူငယ်ချင်းတွေနဲ့ လိုအပ်တာတွေကို စီစဉ်။ ၀ယ်ချန်းရမယ့် ပစ္စည်းတွေကိုလည်း ဈေးကို ပြေးပြီးဝယ်။ အရမ်းကိုပျော်ဖို့ကောင်းတဲ့ အချိန်လေးပေါ့ဗျာ။ နဂါးရုပ်ကြီးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ၀ါပိုးဝါးကိုလည်း သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ်တက်ပြီးတော့ခုတ်ကြ။ အဲ ... အဲ့ဒီမှာ ပြဿနာတက်သေးတယ်ဗျ။ ကျွန်တော်တို့က တောင်ပေါ်တက်သွားတာ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“ငါ့ဦးလေးခြံနားလေးမှာ ၀ါးရုံကြီးရှိတယ်ကွ .. ငါတို့အဲ့ဒီမှာသွားခုတ်ရင် ၀ယ်စရာမလိုတော့ဘူးပေါ့”
“အေး .. ဒါဆိုလည်း အဲ့ဒီကိုသွားကြတာပေါ့ကွာ... ငါတို့လုပ်မယ့် အရုပ်ကြီးက ၀ါးအများကြီးကုန်မှာကွ။ အနည်းဆုံး ၀ါပိုးကြီ ၅ လုံးလောက်လိုမှာ.. ဒီလိုဆိုရင်ငါတို့ ဘုန်းကြီးကျောင်းလှူမယ့် ပိုက်ဆံပိုထွက်လာတာပေါ့ကွာ”ဆိုပြီး သူငယ်ချင်းတွေ တစ်ပျော်တစ်ပါးနဲ့ တောင်ပေါ်ကိုချီတက်ခဲ့ကြတယ်။ တောင်ပေါ်မှာရောက်တော့ ရွာလေးတစ်ရွာကို ရောက်တယ်။ ရွာကြီးလို့ပြောလို့ရမယ်ထင်တယ်။ အိမ်ခြေ တော်တော်များတယ်။ ပြီတော့ အိမ်တွေကလည်း အိမ်ကောင်းတွေများတယ်။ အများစုက လယ်သမားတွေ ဆိုတာသိရတယ်။ တောင်ပေါ်ရောက်တော့ သူ့ဦးလေးကအိမ်မှာမရှိဘူး။ ခရီးထွက်သွားတယ်ဆိုတဲ့အတွက် သူပြောတဲ့ ၀ါရုံတောကို ချီတက်ခဲ့တယ်။ ၀ါရုံတောကိုရောက်တော့ ၀ါးပင်ကြီးကို ခုတ်ဖို့ ပြင်ဆင်ကြတယ်။ ၀ါပိုးဝါးခုတ်တာ အမြင်ကတော့ လွယ်ပေမယ့် တစ်ကယ်တမ်းကျတော့ မလွယ်လှဘူးဗျ။ ၀ါးပိုးတစ်ပင်ကို ပေ၂၀ ၊ ၂၅ လောက်ရှိတာ။ အချင်းလုံးပတ်က ပျှမ်းမျှ တစ်ပေလောက်ရှိတယ်။ အရမ်းကိုလေးတာ။ ပြီးတော့ ၀ါးကိုခုတ်ရတာဟာ တစ်ခြားအပင်တွေခုတ်ရတာနဲ့မတူဘူး။ သူ့အပြင်သားက ချောနေတော့ အရမ်းထက်တဲ့ ဓါးနဲ့မှခုတ်လို့ရတာ။ ပြီးတော့ ခုတ်နေရင်းကိုယ်ဘက်ကိုကျမလာအောင် ကြိုးတွေနဲ့ဆွဲထားရသေးတယ်။ အဲ့ဒီ ၀ါရုံတောနားမှ မြေကွက်လပ်က နည်းနည်းကျယ်လို့တော်သေးတယ်။ အိမ်တွေနဲ့နီးရင်တော့ ခုတ်ဖို့ မလွယ်ကူဘူး။ ဒီလိုနဲ့ သူငယ်ချင်းတွေ အင်တိုက်အားတိုက်နဲ့ ခုတ်လိုက်ကြတာ ခုတ်နေကျမဟုတ်တော့ စုစုပေါင်း ၅ ပင်ကို ၂ နာရီလောက်ကြာသွားတယ်။ ခုတ်ပြီးသားဝါးပင်တွေကို အရွက်တွေသပ် လုံးချောဖြစ်အောင် လုပ်ပြီး။ ၃ ယောက် ၂ လုံးနှုန်းနဲ့ထမ်းပြီးပြန်ကြမယ်လို့ ဆုံးဖြတ်ကြတယ်။ လွယ်တော့ မလွယ်ကူလှဘူးဗျ။ ပေ၂၀လောက်ရှည်တဲ့ ၀ါးပိုးကြီး၂လုံးကို လူသုံးယောက်ထမ်း ..... ကားလမ်းပေါ်မှာ ကန့်လန့် ကန့်လန့် ကိုးရို့ကားယားနဲ့။ တစ်ဖွဲ့ကိုတစ်ဖွဲ့ကြည့်ပြီး ရီလိုက်ကြတာ ပျော်ဖို့ကောင်းလိုက်တာ။ ၀ါးလုံးကြီးက အရမ်းလေးတာဗျ။ ဒီလိုနဲ့ ထမ်းလိုက် နားလိုက် .. နားလိုက်ထမ်းလိုက်နဲ့ ကျောင်းကိုချီတက်ကြတာ။ ကျောင်းနဲ့ တောင်ပေါ်နဲ့က ၃ မိုင်လောက်ရှိတယ်။ လူကိုစုတ်ပြတ်သတ်သွားတာပဲ .... သူငယ်ချင်းတွေ မုန့်ဆိုင်လေး တစ်ခုတွေ့ရင် တစ်ယောက်က တစ်မျိုးဝယ်ကျွေးလိုက်။ အအေးဆိုင်ရောက်ရင် အအေးထုပ်တွေ ပြေဆွဲလိုက်နဲ့ အရမ်းကိုပျော်စရာကောင်းတယ်။ ဒီလိုပျော်ပျော်ပါးပါးနဲ့ပဲ ကျွန်တော်တို့အုပ်စု ကျောင်းကို အောင်မြင်စွာနဲ့ရောက် ရှိခဲ့တယ်။ ကျောင်းရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော်တို့ကို ကြည့်ပြီး ......
“ဟာ..... လူတွေလည်း စုတ်ပြတ်သတ်လို့ပါလား .. အောင်မြတ်လေး .. နင်တို့မိဘတွေ ဒီပုံအတိုင်းနင်တို့ကို တွေ့လို့ကတော့ ငါကတော့ ခေါင်းကျိန်းမှာပဲ၊ ၀ယ်လိုက်ပါဆို မ၀ယ်ဘူး”ဆိုပြီး ဂရုနာဒေါနနဲ့ဆူပါတယ်။ ကျွန်တော်တို့က “ဆရာမ.... ဒီဝါးပိုးကြီးတွေက ၀ယ်လို့မရဘူး (အမှန်တကယ်လည်းဝယ်ဖို့မလွယ်ကူလှပါ)၊ ၀ယ်လို့ရတယ်ထားဦး ကိုယ်လိုချင်တဲ့ အရွယ်အစားကလည် ရချင်မှရတာ။ အခုဆိုရင် ... ပဒေသာပင်တီဖို့ ပိုက်ဆံတွေပိုထွက်လာတယ်။ ကိုယ်လိုချင်တဲ့ ၀ါးလုံးအရွယ်အစားကိုလည်းရတယ်။ ကျွန်တော်တို့လည်း ကုသိုလ်ပိုရတာပေါ့ ..... ဆရာမ။ “အေးကွယ်..... ဆရာမက မင်းတို့ ပင်ပန်းတာ မကြည့်ရက်လို့ပါ .. ပြီးရင် အိမ်ကလူကြီးတွေတွေ့ရင် တစ်မျိုးထင်နေမှာစိုးလို့ပါ ... သာဓုကွယ်.. သာဓု .. သာဓု .. ” အတွေးကိုယ်စီနဲ့ ခဏတာ ငြိမ်နေလိုက်ကြတယ်။ ဘယ်သူတွေ ဘာတွေတွေးနေလဲဆိုတာတော့ ကာယကံရှင်ပဲသိမှာပေါ ..... xxxxxxxxx
(ဆက်ဦးမယ် ........ )

Read More...

Wednesday, March 7, 2007

ချစ်စရာ User Bar လေးများ .....

MBlogger Forum ပေါ်မှာ ကို CMS က User Bar Generator Site တစ်ခုပေးထားတယ်။ ကျွန်တော် ၀င်သုံးကြည့်တော့ တော်တော်လေးကို အဆင်ပြေတယ်ဗျ။ အသွင်အပြင် ဒီဇိုင်းတွေကို ကိုယ့်စိတ်ကြိုက် ပြုလုပ်လို့ ရတယ်။ အဲ့ဒီမှာ Member တွေဆွဲထားတဲ့ User Bar တွေကိုလည်း Download လုပ်လို့ရသလို။ ကိုယ်ပိုင်တစ်ခု ကိုလည်း ပြုလုပ်လို့ရတယ်။ အဲ့ဒီလိုဆွဲချင်ရင် ဒီကိုနှိပ်ပါ။ အဲ့ဒီမှာ ကိုယ့်စိတ်ကြိုက် ကိုယ်စိတ်ကူးရှိသလို လွယ်ကူစွာ ပြုလုပ်လို့ရတယ်။ တစ်ခုတော့ရှိတယ်.. Size ကိုတော့ ပြင်လို့မရဘူး။ သူ့ Default အတိုင်းပဲ လုပ်လို့ရမယ်။ ပြီးတော့ Scroller Layer ဆိုပြီး ပြုလုပ်ချက်အသစ်ကို စမ်းသပ်လို့ရတယ်။ သူကတော့ ကိုယ်အသုံးပြုမယ့် User Bar ကို Scroller Animation ထည့်လို့ရတယ်။ စမ်းကြည့်ကြပါ။ ဥာဏ်ရှိသလို သုံးလို့ရပါတယ်။
တစ်ချို့ တစ်ချို့  ကိုတင်ပေးလိုက်တယ်..









Read More...

Monday, March 5, 2007

Myanmar Blogger Community !!!

သွားရင်း လာရင်း .. ခလုတ်တိုက်လို့ ရောက်ခဲ့တယ်... Myanmar Blogger Community တဲ့ဗျာ .. Myanmar Blogger တွေ စုဝေးစေမယ့်နေရာလို့ထင်မိတယ်။ ယူဇာကတော့ နည်းနည်းပဲရှိသေးတယ်။ ကဲ .. အားပေးလိုက်ပါဦး ... Myanmar Bloggers Forumers ......
မြန်မာ ဘလော့ တည်ဆောက်ဖို့အတွက် လိုအပ်တဲ့အကူအညီတွေ ကိုလည်းတောင်းခံနိုင်တယ်။ ကိုယ်သိတာတွေကိုလည်း တစ်စုတစ်စည်းတည်း နဲ့တင်ပြလို့ရတယ်။ အရမ်းကောင်းတယ်။ သိတာလေးတွေကို အဲ့ဒီနေရာလေးမှာ ပျော်ပျော်ပါးပါး Share ကြရင်း .. စကားလက်ဆုံကျလို့ရတာပေါ့ ... Myanmar Blogger Community

Read More...

ကြက်ငှက်တုပ်ကွေး .... ကကြီး ..ခခွေး ...

ကြက်ငှက်တုပ်ကွေးဟာ .. ဟိုးတစ်လောက ငြိမ်ချက်သားကောင်းပြီး .. အခုတစ်ဖန် ပြန်ပြီးတော့ ဦးမော့လာတယ်လို့ ဆိုတယ်။ သူဟာ .. ကပ်ရောဂါမျိုးလို အရှိန်အဟုန်နဲ့ ပျံ့နှံ့နိုင်တယ်လို့လည်းဆိုတယ်။ အဓိက ကတော့ ဆောင်းခိုငှက်တွေကနေပြီးတော့ တစ်ဆင့်ကူးစက်တာလို့လည်းပြောကြတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် ဘယ်အတိုင်းအတာထိဖြစ်နေသလဲဆိုတာကိုတော့ မြန်မာနိုင်ငံရဲ့ သတင်း Policy ကြောင့် အမှန်ကို မသိနိုင်ပါဘူး။ အောက်မှာ ကြက်ငှက်တုပ်ကွေးအကြောင်း ဘိုလို ရှင်းပြထားပါတယ်။ ကြက်ဥ/ဘဲဥ ကြက်သား/ဘဲသား ဈေးတွေဟာ တစ်ဟုန်ထိုးကျနေသလို တစ်ချို့ဈေးတွေမှာ လုံးဝမရောင်းရဘူးလို့သိရတယ်။ ရောင်းရင်လိုက်ဖမ်းတယ်လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် သတိနဲ့တော့ နေသင့်တယ်။ အသက်ကို ဥာဏ်စောင့်၏တဲ့။ ဈေးပေါတုန်း ကျိတ်မယ်ဟတော့ မတွေးနဲ့နော်.... Flu ပြီး ... မ Blogger နိုင်ဘဲ ဖြစ်နေဦးမယ်.....
ဒီမှာ Bird Flu အကြောင်း ရေးထားတာတွေ့လို့ တင်ပေးလိုက်တယ်။ တစ်ခါတစ်လေ အင်္ဂလိပ်လို ဖတ်ကြနော်.. ဟီး .. ဘာသာပြန်ရမှာ ပျင်းလို့ ....

Avian influenza in birds

Avian influenza is an infection caused by avian (bird) influenza (flu) viruses. These influenza viruses occur naturally among birds. Wild birds worldwide carry the viruses in their intestines, but usually do not get sick from them. However, avian influenza is very contagious among birds and can make some domesticated birds, including chickens, ducks, and turkeys, very sick and kill them.

Infected birds shed influenza virus in their saliva, nasal secretions, and feces. Susceptible birds become infected when they have contact with contaminated secretions or excretions or with surfaces that are contaminated with secretions or excretions from infected birds. Domesticated birds may become infected with avian influenza virus through direct contact with infected waterfowl or other infected poultry, or through contact with surfaces (such as dirt or cages) or materials (such as water or feed) that have been contaminated with the virus.

Infection with avian influenza viruses in domestic poultry causes two main forms of disease that are distinguished by low and high extremes of virulence. The “low pathogenic” form may go undetected and usually causes only mild symptoms (such as ruffled feathers and a drop in egg production). However, the highly pathogenic form spreads more rapidly through flocks of poultry. This form may cause disease that affects multiple internal organs and has a mortality rate that can reach 90-100% often within 48 hours.

Human infection with avian influenza viruses

There are many different subtypes of type A influenza viruses. These subtypes differ because of changes in certain proteins on the surface of the influenza A virus (hemagglutinin [HA] and neuraminidase [NA] proteins). There are 16 known HA subtypes and 9 known NA subtypes of influenza A viruses. Many different combinations of HA and NA proteins are possible. Each combination represents a different subtype. All known subtypes of influenza A viruses can be found in birds.

Usually, “avian influenza virus” refers to influenza A viruses found chiefly in birds, but infections with these viruses can occur in humans. The risk from avian influenza is generally low to most people, because the viruses do not usually infect humans. However, confirmed cases of human infection from several subtypes of avian influenza infection have been reported since 1997. Most cases of avian influenza infection in humans have resulted from contact with infected poultry (e.g., domesticated chicken, ducks, and turkeys) or surfaces contaminated with secretion/excretions from infected birds. The spread of avian influenza viruses from one ill person to another has been reported very rarely, and has been limited, inefficient and unsustained.

“Human influenza virus” usually refers to those subtypes that spread widely among humans. There are only three known A subtypes of influenza viruses (H1N1, H1N2, and H3N2) currently circulating among humans. It is likely that some genetic parts of current human influenza A viruses came from birds originally. Influenza A viruses are constantly changing, and they might adapt over time to infect and spread among humans.

During an outbreak of avian influenza among poultry, there is a possible risk to people who have contact with infected birds or surfaces that have been contaminated with secretions or excretions from infected birds.

Symptoms of avian influenza in humans have ranged from typical human influenza-like symptoms (e.g., fever, cough, sore throat, and muscle aches) to eye infections, pneumonia, severe respiratory diseases (such as acute respiratory distress), and other severe and life-threatening complications. The symptoms of avian influenza may depend on which virus caused the infection.

Studies done in laboratories suggest that some of the prescription medicines approved in the United States for human influenza viruses should work in treating avian influenza infection in humans. However, influenza viruses can become resistant to these drugs, so these medications may not always work. Additional studies are needed to demonstrate the effectiveness of these medicines.

Avian Influenza A (H5N1)

Influenza A (H5N1) virus – also called “H5N1 virus” – is an influenza A virus subtype that occurs mainly in birds, is highly contagious among birds, and can be deadly to them. H5N1 virus does not usually infect people, but infections with these viruses have occurred in humans. Most of these cases have resulted from people having direct or close contact with H5N1-infected poultry or H5N1-contaminated surfaces.

Avian influenza A (H5N1) outbreaks

For current information about avian influenza A (H5N1) outbreaks, see our Outbreaks page.

Human health risks during the H5N1 outbreak

Of the few avian influenza viruses that have crossed the species barrier to infect humans, H5N1 has caused the largest number of detected cases of severe disease and death in humans. However, it is possible that those cases in the most severely ill people are more likely to be diagnosed and reported, while milder cases go unreported. For the most current information about avian influenza and cumulative case numbers, see the World Health Organization (WHO) avian influenza website.

Of the human cases associated with the ongoing H5N1 outbreaks in poultry and wild birds in Asia and parts of Europe, the Near East and Africa, more than half of those people reported infected with the virus have died. Most cases have occurred in previously healthy children and young adults and have resulted from direct or close contact with H5N1-infected poultry or H5N1-contaminated surfaces. In general, H5N1 remains a very rare disease in people. The H5N1 virus does not infect humans easily, and if a person is infected, it is very difficult for the virus to spread to another person.

While there has been some human-to-human spread of H5N1, it has been limited, inefficient and unsustained. For example, in 2004 in Thailand, probable human-to-human spread in a family resulting from prolonged and very close contact between an ill child and her mother was reported. Most recently, in June 2006, WHO reported evidence of human-to-human spread in Indonesia. In this situation, 8 people in one family were infected. The first family member is thought to have become ill through contact with infected poultry. This person then infected six family members. One of those six people (a child) then infected another family member (his father). No further spread outside of the exposed family was documented or suspected.

Nonetheless, because all influenza viruses have the ability to change, scientists are concerned that H5N1 virus one day could be able to infect humans and spread easily from one person to another. Because these viruses do not commonly infect humans, there is little or no immune protection against them in the human population. If H5N1 virus were to gain the capacity to spread easily from person to person, an influenza pandemic (worldwide outbreak of disease) could begin. For more information about influenza pandemics, see PandemicFlu.gov.

No one can predict when a pandemic might occur. However, experts from around the world are watching the H5N1 situation in Asia and Europe very closely and are preparing for the possibility that the virus may begin to spread more easily and widely from person to person.

Treatment and vaccination for H5N1 virus in humans

The H5N1 virus that has caused human illness and death in Asia is resistant to amantadine and rimantadine, two antiviral medications commonly used for influenza. Two other antiviral medications, oseltamavir and zanamavir, would probably work to treat influenza caused by H5N1 virus, but additional studies still need to be done to demonstrate their effectiveness.

There currently is no commercially available vaccine to protect humans against H5N1 virus that is being seen in Asia and Europe. However, vaccine development efforts are taking place. Research studies to test a vaccine to protect humans against H5N1 virus began in April 2005, and a series of clinical trials is under way. For more information about H5N1 vaccine development process, visit the National Institutes of Health website.

Read More...

အကယ်ဒမီပေးပွဲ ....

ဒီနေ့ ညနေ ၅နာရီမှာ .... နေပြည်တော်မြို့ .. မြို့တော်ခန်းမရှေ့တွင် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော်သိသလောက အခုဆိုရင် .. ရုပ်ရှင်မင်းသား/မင်းသမီး/အဆိုကျော်/မော်ဒန် တွေအားလုံးနီးပါး .. နေပြည်တောာာ .. အဲလေ .. နေပြည်တော် ကိုရောက်နေပါပြီ ..........

Read More...

Saturday, March 3, 2007

သြော်.. လူတွေ .. လူတွေ ..

တပေါင်းလပြည့်နေ့ .. ရုံးပိတ်လို့ ရွှေတိဂုံဘုရားသွားဖူးဖြစ်တယ်။ ရုံးပိတ်ရက် ဘုရားပေါ်မှာ လူတွေဟာ အရင်ကလောက် မစီတော့ဘူးလို့တောင် စိတ်ထဲကထင်နေမိတယ်။ ဘာရယ်မဟုတ် .. ဘုရားရှိခိုး .. ပုတီးလေးစိတ်လိုက်နဲ့ ဘုရားပေါ်မှာ ၃ နာရီလောက်ကြာသွားတယ်။ ဘုရားပေါ်က ပြန်ဆင်းတော့ လမ်းမတော်က အစ်မ၀မ်းကွဲအိမ်ကို ၀င်ဖို့စိတ်ကူးမိလိုက်တယ်။ ဒါနဲ့ ရွှေပုဇွန်မှာ မုန့်လေးဘာလေး ၀ယ်သွားရအောင်ဆိုပြီး ရွှေပုဇွန်ကို သွားခဲ့တယ်။ ရွှေပုဇွန်ရောက်တော့ ထုံးစံအတိုင်း လူတွေက များနေတယ်လေ။ ကိုယ်လိုချင်တာတွေကို ၀ယ်ပြီး ကောင်တာမှာ ငွေရှင်းဖို့သွားတော့ ... နောက်ကနေပြီး .... ၀င်တိုက်တာ ခံလိုက်ရတယ်။ ကြည့်လိုက်တော့ အထုပ်တွေ မနိုင်မနင်းနဲ့ အဒေါ်ကြီး တစ်ယောက် ... နည်းတဲ့ မုန့်ထုပ်တွေမဟုတ်ဘူး။ ဒီလိုနဲ့ ကျွန်တော်က သူ့နောက်ကို ရောက်သွားတာပေါ့။ ပိုက်ဆံရှင်းဖို့ သူ့မုန့်တွေ Casher ကောင်တာပေါ် တင်လိုက်တာ ကောင်တာတောင် မဆံ့ဘူး။ အလိုလိုနေရင်း ကိုယ်ဝယ်တဲ့မုန့်ကိုကြည့်ရင်း .. အားတောင်ငယ်လာသလိုပဲ .. ;)။ ကျွန်တော်က နည်းနည်းလေးပဲဝယ်တာပါ။ ကိတ်မုန့်ရယ်.. တူ/တူမလေးတွေအတွက် ဂျယ်လီ .. ပြီးတော့ မုန့်လိပ်ပြာ .. စတာတွေပါ။ ဒီလိုဆိုရင် ကိုယ့်ရှေ့က အဒေါ်ကြီး ငွေရှင်းပြီးမှ ရှင်းရမယ့်ပုံပေါက်နေပြီ။ တစ်ခြား ကောင်တာတွေကလည်း မအား။ ဒါနဲ့ပဲ .. Casher ကကောင်လေးက “အစ်ကို .. အစ်ကို့ဟာအရင်ပေး .. အရင်ရှင်းပေးလိုက်မယ်” လို့ပြောတော့ ကျွန်တော်ကလည်း အထုပ်တွေပေးလိုက်တယ် အဲ့ဒီမှာ ပြဿနာက စတော့တာပဲ ..... ကိုယ့်ရှေ့က အဒေါ်ကြီးက “ဟဲ့ .. ငါဒီမှာ အရင်ရောက်နေတယ်လေ .... ငါ့ဟာအရှင် မရှင်းဘဲ .. ဘာဖြစ်လို့ ကျော်ရှင်းတာလဲ.. စည်းကမ်းကို မရှိဘူး”လို့
Casher ကောင်လေးကိုပြောလိုက်တယ်။ ကောင်လေးက ဘာလုပ်ရမှန်းမသိတော့ပဲ ကျွန်တော့်ကိုကြည့်ပြီး “ဒီက အကိုဟာက နည်းနည်းလေးမို့ အရင်လုပ်ပေးလိုက်တာပါ . အန်တီ”
“ဟဲ့ ....နည်းနည်း များများ .. ငါလည်းပိုက်ဆံပေးဝယ်တာ .. သူလည်းပိုက်ဆံပေးဝယ်တာ .. ငါအရင်ရောက်တာ ငါ့ကိုအရင်လုပ်ပေး .. မလုပ်ပေးရင် .. ငါဒါတွေ မယူတော့ဘူး”လို့ပြန်ပြောတယ်....
ကျွန်တော်လည်း မနေနိုင်တာနဲ့ ...
“ညီလေး ရတယ်.. အရင်လုပ်ပေးလိုက်... အကို တစ်ခြားကောင်တာက သွင်းလိုက်မယ်” ဆိုပြီး တစ်ခြားကောင်တာမှာ သွားစောင့်ပြီးသွင်းလိုက်တယ်။
လောကကြီးရယ်..... တစ်ခါတစ်လေ .. အမှားနဲ့အမှန်ကို ဘယ်လိုခွဲခြားရမှန်းမသိဘူး။ နှစ်ဖက်လုံးကြည့်တော့ မှန်ကြတာချည်းပဲ။ ဒါပေမယ်. ကြည့်တဲ့ ရှု့ထောင့်နဲ့ .. စိတ်ထားလေးတွေတော့ ကွာသွားမယ်ထင်တယ် ... ဘာပဲပြောပြော .... လောကကြီးမှာ ..... ကောင်းတဲ့စိတ်လေးတွေ မွေးနိုင်ကြမယ်ဆိုရင် ..................................

Read More...

Thursday, March 1, 2007

သင့် Blog အတွက် နာရီတစ်လုံးလိုချင်ပါသလား ..???

သင့် Blog အတွက် Flash Clock လေးလိုချင်ရင် .. ဒီကိုသွားပြီး ကြိုက်သလောက်အလကားယူပစ်လိုက်ပါ။ Flash Player မရှိရင်တော့ မမြင်နိုင်ပါဘူး။ Clock Gallery မှာ ကိုယ်ကြိုက်ရာ ပုံစံဒီဇိုင်းတွေကို စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ Time Setting ကိုလည်း ကြိုက်သလို ချိန်ညှိလို့ ရပါတယ်။ Try & Enjoy it ....... ;)



Read More...

ရွှေဧည့်သည် VS ရွှေပိုက်ပူ

လောကကြီးရေ .. မင်္ဂလာပါ .. မနေ့က ထူးထူးဆန်းဆန်း ..... ကျွန်တော်နေတဲ့ ရပ်ကွက်မှာ နံနက် ၉ နာရီလောက်အထိ မြူတွေ ဝေနေတယ်ဗျာ။ အရမ်းကိုနေလို့ကောင်းတယ်။ အဲ့ဒီလို အခြေအနေမျိုး မကြုံရတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ပြီးတော့ ဒီနေ့က အခြားနေ့တွေထက်ပိုပြီးတက်ကြွနေတယ်လေ။ သိတယ်မလား .... လကုန်ရက်။ ဟီး ... လစာထုတ်ရမယ့်နေ့ဆိုတော့ လူက မြောက်ကြွမြောက်ကြွနဲ့ပေါ့။ လေသံလည်း နည်းနည်း မာလာသလိုပဲ ;) ။ ဒီလိုနေ့တွေမှာ ရုံးကလူတွေအားလုံးလိုလို ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွဖြစ်နေတတ်တာကို သတိထားမိတယ်။ အလုပ်လုပ်ရတာကိုက တခြားနေ့တွေနဲ့ မတူသလိုဘဲ။ ဒီလိုပဲပေါ့ဗျာ .. ကျွန်တော်တို့ လက်လုပ်လက်စားသမားတွေ ဒါလေးကိုပဲ မျှော်နေမိတာပေါ့။ ပြီးတော့ ဒီနေ့လစာထုတ်ပြီးရင် နက်ဖြန်လစာကို ပြန်မျှော်နေတတ်တာလည်း ကျွန်တော်တို့ အကျင့်တစ်ခုပဲမဟုတ်လား .. မဟုတ်ရင် စိတ်မဆိုးနဲ့နော်... ကိုယ့်ကိုကိုယ်ပြောရမှာ အားငယ်လို့ အဖော်ခေါ်လိုက်တာ .. :D ..။ ဒါနဲ့ပဲ ..ညနေကျတော့ လစာထုတ်ရတာပ။ အင်.. လူဆိုတဲ့အမျိုးက အကောင်းကြိုက်လေ။ လက်ထဲ ပိုက်ဆံလေးရှိရင် ဘာမဆို အကောင်းပဲသုံးချင်ကြတာ။ အကောင်းပဲလိုချင်ကြတာ။ ကျွန်တော်လည်း ဒီလိုပဲ ..... ဒီနေ့တော့ မစီးစဘူး .... ရွှေဧည့်သည် ကားကို စောင့်စီးမယ်လို့ စိတ်ပိုင်ဖြတ်မိတယ်။ ဒီလိုနဲ့ ရုံးဆင်းတော့ မှတ်တိုင်မှာ မတ်မတ် မတ်မတ်နဲ့ လားစမ်းဟဲ့ .. ဒီနေ့တော့ ရွှေဧည့်သည် ကိုစီးပစ်မယ် လို့ စိတ်ထဲက ကြုံးဝါထားတယ်။ ၅ မိနစ်လောက်ကြာတော့ ထိုးထိုးထောင်ထောင်နဲ့ လာပါလေရော ။ မှတ်တိုင်ရောက်တော့ တက်မလို့လုပ်တာ .. ကိုယ်ရှေ့က လူနှစ်ယောက်အရင် တက်သွားတယ်။ ကိုယ်တက်ဖို့အလှည့်လည်းရောက်ရော ...... စပယ်ယာက .. “အကို ... မရတော့ဘူး .. လူပြည့်သွားပြီ” ဆိုပြီးတော့ ပြောပြီး တားတယ်။ ကျွန်တော်လည်း “အမ်.. သြော် .. ဟုတ်လား”ဆိုပြီး နောက်ပြန်လှည့်ရတော့တာပေါ့။ သူက ပြန်ပြောတယ်. “အကို နောက်ကားက ၁၅ မိနစ်လောက်ဆိုရင် ရောက်မယ်”တဲ့။ ကျွန်တော်လည်း သြော် .. စောင့်လက်စနဲ့ မထူးပါဘူး .. ဆိုပြီစောင့်နေတာ .. မိနစ် ၂၀ လောက်သာ ကြာသွားတယ်.. ရွှေဧည့်သည် က ပေါ်မလားဘူး။ ဒါနဲ့ နာရီကြည့်လိုက်တော့ ၆ နာရီ ၁၅ မိနစ်။ ဒီနေ့ လစာထုတ်ရက်ဆိုတော့ ... ရုံးက နာရီဝက်လောက် နောက်ကျပြီးမှ ထွက်လာတာ။ အခုကားစောင့်တာနဲ့ ၆နာရီကျော်သွားပြီ။ ဒီလိုနဲ့ပဲ .. နောက်ထပ် ၁၀ မိနစ်လောက် စောင့်မိတယ်။ ...... ဟော .. လာပြီဗျာ ...... ရွှေဧည့်သည်ကြီး .... အရောင်က ဟီးနေတာပဲ ..... ......။ မှတ်တိုက်ရောက်တော့ တကောင်းသားက ... ရပ်တောင်မရပ်ဘူး ..... ကားပေါ်ကြည့်လိုက်တော့ လူအပြည့် ... အား ........။ ဒုတ်ခေါးပဲ .... စီးမယ်ဆိုကာမ ...... စီးခွင့်မကြုံ .. ခါတိုင်ကျတော့ မမြင်ချင်တဲ့အဆုံး။ သြော် .. လူဘ၀ .. လိုတာမရ .. ရတာမလို...။ အနိစ္စ .. ဒုက္ခ ... အနတ္တ။ ရွှေဧည့်သည်စောင့်ရင်း ... တရားတောင် ပေါက်ချင်လာပြီ။ မထူးတော့ပါဘူး .. ကြုံရာကားနဲ့ပဲလိုက်တော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါနဲ့နောက် ၅ မိနစ်လောက်ကျတော့ ပိုက်ပူကြီး .... မှတ်တိုင်ကို ကျွိခနဲ .. ရောက်လာတယ်။ လူသိပ်မပါဘူး။ ထိုင်ခုံနေရာတွေ လွတ်နေတယ်။ အင်း .. မထူပါဘူး .. ဆိုပြီး ... ပိုက်ပူပေါ်ပဲ တက်လိုက်တော့တယ်။ ထိုင်ခံနေရာရတာ မဆိုးပါဘူး။ ဒီလိုနဲ့ ထိုင်ပြီးလိုက်လာတာပေါ့ ..... ကားစပယ်ရာက ကားခတောင်းတော့ ၁၀၀ တန်ထုတ်ပေးလိုက်တယ်။ ငါဒီနေ့ လစာထုတ်တာ ..... ၁၀၀ ပေးလိုက်တော့ မယ်... အမ်းချင်အမ်း မအမ်းချင်နေဆိုပြီးထုတ်ပေးလိုက်တာ။ စပယ်ယာက ပြူးကြည့်ပြီး “အကို နောက် ၅၀ ထပ်ပေးပါ” ... “ဟေး ..... ဘာလို့လဲကွ .... ဘယ်လိုဖြစ်လို့ ၁၅၀ တောင်ယူတာလဲ” လို့မေးတော့ .. “အကိုတွေ့တဲ့အတိုင်းပဲလေ .. ကျွန်တော်တို့ကားမှာ လူမှမပါတာ ... ပြီးတော့ ၇နာရီထိုးတော့မယ်လေ။ ကျွန်တော်တို့က အောက်စိုက်ကားဗျ။ လိုင်းကားမဟုတ်ဘူး” ... “အမ်.... ” .. ကျွန်တော် ပြန်ဆင်းမလို့စဉ်းစားမိလိုက်တယ်။ မပေးနိုင်လို့မဟုတ်ဘူးဗျ... ဒီကောင်တွေ လူပါးဝလို့ .. ဒါပေမယ့် ... ကိုယ်ကကားပေါ်မှရောက်နေပြီ .. ဆင်းပြီးတစ်ခြားကားစောင့်ရင်လည်း အနည်းဆုံးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာဦးမှာ .. မထူးပါဘူးဆိုပြီး .. ၅၀တန်ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော်ဆင်းခါနီး ကားစပယ်ယာကို တစ်ခုတော့ လှမ်းပြောလိုက်တယ်..... “အကို .. အကို့ကားကိုလေ .. နောက်နေ့ကျရင် ဆိုင်းဘုတ်ပြောင်းတပ်လိုက်ပါလား” .. “အမ်.. ဘာဆိုင်းဘုတ်လဲ ...??? ” ..ကျွန်တော်ပြောပြီး ကားပေါ်ကဆင်းလိုက်တယ်. .... “ရွှေပိုက်ပူ” အဲ့ဒီတော့မှ စပယ်ယာက စပ်ဖြီးဖြီးနဲ့ .. “အဟီး ... ကောင်းသားပဲ .... မဆိုးဘူး”လို့လှမ်းပြောသေးတယ် ...... ဒီလိုနဲ့ ရင်နာနာနဲ့ ပိုက်ပူကို ၁၅၀ ပေးစီးခဲ့ရတယ်လေ ................................ တွတ်ပီလိုပဲ အော်လိုက်ချင်တော့တယ်....
“ဒီနေ့ကံမကောင်းပါလား !!!! ”

Read More...