Friday, March 30, 2007

Adobe CS3 Package အကြောင်း တစ်စေ့တစ်စောင်း












Adobe ဟာ အဆင့်မြင့် ထုတ်ကုန်တွေနဲ့ နာမည်ကြီးချမ်းသာလာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကြီး Application ဖြစ်တဲ့ Photoshop, Illustrator, Acrobat, Premier Pro စတဲ့ Software တွေကို လူသုံးများပါတယ်။ အခုဆိုရင် Adobe ဟာ သူ့ရဲ့ CS3 Package ကိုဈေးကွက်ကိုတင်ဖို့ တာစူးနေပါပြီ။ Amazon.com မှာ ရောင်းချမယ့် ဈေးနှုန်းတွေတောင် သိနေရပါပြီ။ CS3 Package မှာ Software ပေါင်း ၂၁ မျိုးပါဝင်မှာဖြစ်ပါတယ်။ အရင် Micromedia ပိုင်ဆိုင်တဲ့ Flash, Firework, Dreamwaver ကိုပါ။ Adobe က နည်းပညာဝယ်ယူပြီး CS3 Package မှာ ထည့်သွင်းထုတ်လုပ် ထားပါတယ်။ သူတို့ရဲ့ Interface တွေဟာ ဘယ်လိုဖြစ်လာမယ် ဆိုတာကိုတော့ မသိသေးပါဘူး။ လောလောဆယ် Adobe က Photoshop ကိုပဲ Beta Version အဖြစ်ပေးထားတာပါ။ ဈေးနှုန်းတွေကတော့
Adobe Creative Suite CS3 Master Collection = $2499,
Adobe Creative Suite CS3 Web Premium = $1599,
Adobe Creative Suite CS3 Design Premium = $1599 နဲ့
Adobe Creative Suite CS3 Production Premium = $1199 အသီးသီးတို့ ဖြစ်ကြပါတယ်။ အဲ့ဒီထုတ်ကုန်အများစုကို April 20 ရက်နေ့လောက်မှာ ထွက်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် Master Collection အတွက်ဆိုရင် July လ အထိစောင့်ရလိမ့်မယ်လို့ မှန်းဆကြပါတယ်။ Adobe က ဒီတစ်ခါ သူတို့ ထုတ်ကုန်အသစ်ထုတ်လုပ်မှုဟာ သူတို့ထုတ်ကုန်သမိုင်းမှာ အကြီးမားဆုံးနဲ့ အများဆုံးပဲလို့ပြောပါတယ်။ စုစုပေါင်း Software ၂၁ မျိုးကြီးတောင်ဆိုတော့ ဘယ်လိုလူမျိုးက ဒီလောက်အများကြီး ၀ယ်သုံးမလဲ မသိဘူးနော်.....

0 comments: