Thursday, March 29, 2007

အရမ်းကောင်းတဲ့ Free System Cleaner လေး

ကွန်ပျူတာ အသုံးပြုသူတော်တော်များများဟာ ကိုယ့်ကွန်ပျူတာရဲ့ Temporary files တွေကို ရှင်းဖို့ မေ့နေ တတ်တယ်။ တစ်ချို့ကျတော့လည်း နားမလည်လို့။ Temp Files ဆိုတာ Computer Application/System Operations တွေလုပ်တဲ့အခါ Hard Disk ပေါ်မှာ ယာယီသိမ်းထားတဲ့ ဖိုင်မျိုးတွေပါ။ အဲ့ဒီဖိုင်တွေ များလာတာနဲ့အမျှ ကိုယ့်ရဲ့ Hard Disk Space ပေါ်မူတည်ပြီး စက်ဟာ လုပ်ဆောင်မှုစွမ်းရည်ကျသွားနိုင်တယ်။ Computer အသုံးပြုရတာ နှေးကွေးလေးလံသွားစေနိုင်ပါတယ်။ ဒါကြောင့် Temp Files တွေကို ကိုယ်အသုံးပြုမှုပေါ် မူတည်ပြီး ရှင်းလင်းသင့်တယ်။ ဒါမှလည်း ကိုယ့်ကွန်ပျူတာဟာ အလုပ်လုပ်ရတာ အဆင်ချောမှာပေါ့။ Temp Files တွေကို Manual ရှင်းချင်တယ်ဆိုရင်တော့ Window+R (Start Menu က Run) ကိုနှိပ်ပါ။ Run Box တက်လာရင် %tmp% လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အဲ့ဒါဆိုရင် Temp Files တွေပါတဲ့ Window ပေါ်လာလိမ့်မယ်။ အဲ့ဒီ Window ထဲကရှိသမျှဖိုင်တွေကို Shift+Delete နဲ့ ရှင်းလိုက်ပါ။ တစ်ချို့ဖိုင်တွေကို ဖျက်လို့ရမှာမဟုတ်ဘူး။ System က ယူသုံးနေတယ်လို့ Error တက်လိမ့်မယ်။ ဒီအတိုင်းထားလိုက်ပါ။ ဒီထက်ပိုပြီး Temp ဖိုင်ကို ရှင်းချင်တယ်ဆိုရင် My Computer ရှင်းချင်တဲ့ Drive ကို Right Click နှိပ်ပါ။ ပြီးရင် Properties ကိုရွေး။ Dialog Box ပေါ်လာရင် အောက်နားက Disk Cleanup ဆိုတဲ့ Button လေးကိုနှိပ် Dialog Box ထပ်ပေါ်လာရင် List ထဲမှာ ကိုယ်ဖျက်ချင်တဲ့ ဖိုင်တွေကို Check လုပ်။ ပြီးရင် OK နှိပ်။ ခဏလေးစောင့်လိုက်။ ဒါဆိုရင်ရပါပြီ။ အဲ့ဒါတွေမလုပ်ချင်ဘူး ... ပျင်းတယ် ဆိုရင် အကောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းပေးမယ့် အခမဲ့သုံး Software လေးရှိတယ်။ အဲ့ဒါကတော့ CCleaner လေးပါပဲ။ အခမဲ့သုံးလို့ရသလို Powerful လည်းဖြစ်တယ်။ ခုနကလို Temp Folder ထဲမှာ ဖျက်လို့မရတဲ့ ဖိုင်တွေကိုပါ ရှင်းလင်းပေးတယ်။ ပြီးတော့ Application Temps, Internet Temp Files, System Temp Files တွေကိုပါ ရှင်းပေးတယ်။ နောက်တစ်ခုက Registry Issue လုပ်လို့လည်းရတယ်။ အရမ်းမြန်ပြီး အရမ်းကောင်းတယ်။ ကိုယ့်စက်ထဲက Temp Files တွေကို စက္ကန့်ပိုင်းအတွင်း ရှင်းလင်းပေးနိုင်တဲ့ အစွမ်းထက် Tool လေးတစ်ခုပါပဲ။ ဒါကြောင့် ကွန်ပျူတာ အသုံးပြုသူတိုင်း ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ။


CCleaner ကို Download လုပ်ချင်တယ်ဆိုရင် Get CCleaner


0 comments: