Wednesday, November 7, 2007

နောက်ကျသွားတဲ့ငါ့ဦးဏှောက်

တစ်ခါက ဆိတ်ငြိမ်တဲ့ အေးချမ်းတဲ့ဝန်းကျင်မှာ
လေယူရာယိမ်းနေတဲ့ ပန်းပင်တွေကိုကြည့်ပြီး
တေးသံစဉ်ဖွဲ့ခဲ့ဖူးတယ် နူးညံ့သာယာပြီး
ချစ်သူကိုပေးဖို့ အချစ်သီချင်းချိုချိုလေးတစ်ပုဒ် ကျွန်တော်သီကုံးနိုင်ခဲ့တယ်

အခုတော့ ပြောင်းဆန်နေတဲ့ မြန်မာပြည်ထဲမှာ
ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှူးတွေကြည့်ပြီး
တေးသံစဉ်ဖွဲ့ခဲ့ပြန်တယ် ကြမ်းကြုတ်ပြင်းထန်ပြီး
ရှုပ်ထွေးလှတဲ့ ပေါက်ကွဲသံစဉ်တွေကြားမှာ ကျွန်တော်အမောဆို့နေလေရဲ့
ဘယ်လို သီကုံး၊ ရေးဖွဲ့မှ ရက်စက်မှုတွေ ပေါ်လွင်မလဲဆိုတာကိုတော့
ကျွန်တော်မစဉ်းစားနိုင်ခဲ့ဘူး .....

0 comments: