အလုပ်ကလည်း မအားတော့ အင်တာနက်လည်း မ၀င်ဖြစ်ဘူး .....
အဲ့ဒါနဲ့ပဲ ဘလော့ကို ပစ်ထားမိတာလည်း အတော်ကြာဘီ .....
ဟိုက် ... ဖုန်တွေ နည်းတာမဟုတ်ဘူး .....
ဖူး .... ဖူး .. ဘုတ် .. ဘုတ် ... ဘုတ် (ဖုန်ခါနေခြင်းဖြစ်သည် ... )
အခုမှပဲ အိမ်နဲ့တူတော့တယ် .....
လာပြီ ... ဂျောက်ဂျက်နဲ့ ဘောက်ဖက် ..... ပြောချင်လွန်းလို့ပါဗျာ .... ပြောချင်လွန်းလို့ ...... တိုက်ဆိုင်သွားရင် ခွင့်လွတ်တော်မူပါ ....
ဂျောက်ဂျက်တစ်ယောက် ပြုံးစိ ပြုံးစိဖြင့် လမ်းထိပ်မှ ပြန်လာသည်ကို ဘောက်ဖက်တစ်ယောက် အိမ်ရှေ့မှ လှမ်းတွေ့နေရသည်။
အနားရောက်တော့
ဘောက်ဖက် - “ဟေ့လူ ... ဘယ်လိုဖြစ်ပြီး ပြုံးစေ့ ပြုံးစိဖြစ်နေတာတုန်း ... ဘာတွေ သဘောတွေ့စရာများနဲ့ ကြုံလာခဲ့သလဲ .... နည်းနည်းပါးပါး ဝေမျှစမ်းပါ”
ဂျောက်ဂျက် - “ဟီး ... ရီချင်လွန်းလို့ ... တစ်လုံးလုံး တွေးရင်းရီ ... ရီရင်းတွေးလာတာ .... ကျွန်တော်ဗျာ မြို့ထဲမှာ ပစ္စည်းနည်းနည်းသွားဝယ်တာ ..... လမ်းမှာလေ ဂျာနယ်ရောင်းတဲ့လူတစ်ယောက်တွေ့ခဲ့တယ်”
ဘောက်ဖက် - “အမ် .. ဒါနဲ့ပဲ ရီရရောလား ... ဂျာနယ်ရောင်းတဲ့သူတွေက အများကြီးရယ်”
Thursday, April 3, 2008
ရန်ကုန်က တိရိစ္ဆာန်တွေ နေပြည်တော်ပြောင်းကုန်ပြီ ......
ရေးသားသူ -
မိုးတိမ်
at
7:36 PM
0
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့်ဘောက်ဖက်
Wednesday, February 13, 2008
ဂုဏ်ပြုအပ်ပါသည်
ဤနေ့တွင် ကျရောက်သော နိုင်ငံဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။
ဖခင် ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် ရောက်လေရာဘ၀ဆက်တိုင်းတွင် လိုအင်များပြည့်စုံ၍ ဘေးအန္တရာယ်အပေါင်း ကင်းရှင်းနိုင်ပါစေ။
ရေးသားသူ -
မိုးတိမ်
at
9:40 AM
1 comments
Wednesday, February 6, 2008
ေ န ဘု န်း လ တ် သို့
ရေးသားသူ -
မိုးတိမ်
at
10:37 AM
1 comments
Thursday, January 31, 2008
မမေ့ချင်သော အဖြစ်အပျက်များ ........................
ကျွန်တော်တော်တော်မေ့တတ်တာဗျာ့ ...... ငယ်ငယ်ကတည်းကပဲ ...... အရမ်းကိုမေံတတ်တာ ... ဘယ်လောက်ထိမေ့လဲဆိုရင် ငယ်ငယ်တုန်းက အကြောင်းတွေကို ကောင်းကောင်းမမှတ်မိတော့ဘူး ... ဖတ်ဖူးတဲ့စာအုပ်တွေ ..... ရုပ်ရှင်ကားတွေကို နာမည်သာမှတ်မိတာ ..... ဘာဇာတ်လမ်း .... ဘာတွေလဲဆိုတာ မမှတ်မိတတ်ဘူး ...... ဒါပေမယ့် စူးစမ်းချင်တဲ့စိတ်ကတော့ မောင်မိုးတိမ်တစ်ယောက် ပြင်းပြတယ် ...... တစ်ကယ် ... တစ်ခါတုန်းက ကျောင်းမြေအောက်ခန်းမှာ သူငယ်ချင်းတွေခိုးဝင်တုန်းကဆိုရင် သူငယ်ချင်းတွေက ... ဟာ .. ဟိုရှေ့မှာ မည်းမည်းအပေါကကြီး .. ဘာကြီးလဲမသိဘူးလို့ ပြောရုံရှိသေး .... မောင်မိုးတိမ်က ရှေ့ရောက်ပြီးသား .... ပြီးတော့လက်လေးနဲ့ ပေါက်ကိုနှိုက်ကြည့်တယ် ..... ချွဲကျိကျိနဲ့ .... ဟင်း ... ဒါဆိုရင်သေချာပြီ ............. အဲ့ဒါဟိုဒင်းပဲ ........................................................ ရေပိုက်အပေါက်ပြောပါတယ် .... ဟီး .. (တော်သေးတာပေါ့ ရေပိုက်ကယ်ပေလို့ ...) အခန်းကမှောင်နေတော့ ရှင်းရှင်းလင်းလင်းမမြင်ရဘူးလေ ..... ဟိ ... အဲ့ဒီလောက်ထိကို စူးစမ်းတာ .... မေ့တတ်တဲ့အကြောင်းတွေရေးနေတာ အကြောင်းရှိတယ် ..... ခုတစ်လော အင်တာနက်မသုံးဖြစ်တော့ ... စကားပြောဖြစ်နေကျ သူငယ်ချင်းတွေနဲ့ ဝေးရပြီလေ ..... တစ်ချို့ဆို အလုပ်တွေဘာတွေပြောင်းဆိုတော့ ပြန်တွေ့ဖို့က မလွယ်ဘူးလေ ...... အွန်လှိုင်းပေါ်မှာတွေ့တဲ့၊ ခင်မင်တဲ့သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေ၊ ဆရာတွအများကြီး .... သူတို့နဲ့ပြောခဲ့တာတွေ၊ ပျော်ခဲ့တာတွေကိုတော့ မမေ့ပစ်ချင်ဘူး ... မမေ့အောင်လည်း ထိန်းသိမ်းသွားမယ် ... ချစ်သူငယ်ချင်းတို့ရေ .......
ရေးသားသူ -
မိုးတိမ်
at
2:02 PM
0
comments
မိတ်အင်ဒီတင်
ဒီနေ့တစ်မနက်လုံး ကိုဘောက်ဖက်တစ်ယောက်ပျောက်ချက်သားကောင်းနေသည်။ အိမ်တံခါးလည်းသော့ခတ်ထားလို့ ..... ဘယ်ကိုသွားလဲမသိ။ ကိုဂျောက်ဂျက်တစ်ယောက် အိမ်ရှေ့လေသာဆောင်မှာထိုင်ရင်း တရားငိုက်နေသည်။ အမှန်က ငိုက်နေခြင်းဖြစ်သည်။ လူကြားကောင်းအောင် တရားထည့်လိုက်ခြင်းဖြစ်လေသည်။ ရွာဦးကျောင်းမှာလည်း ဒီလိုငိုက်နေကျ .. ဟီး ......
ဂျောက်ဂျက် - "၀ါး .... အိပ်ချင်လိုက်တာ ...."
ပါစပ်ကသာ အိပ်ချင်လိုက်တာလို့ပြောတာ ... နှစ်ရေးလောက်အိပ်ပြီးသွားပြီ။
ဂျောက်ဂျက် -"ကိုဘောက်ဖက် ဘယ်ကိုသဝေထိုးနေပါလိမ့် .... ဟိုက် ... ၄ နာရီတောင်ထိုးနေပြီဟ .... ညနေစာ ထမင်းလေးချက်လိုက်ဦးမယ် ..... အင်း .. မီးကလည်း ခဏခဏလာနေတော့ .... မီးမွှေးရဦးမယ် ..."
အိမ်နောက်ဖေးသို့ ယိုင်တိယိုင်တိုင်ဖြင့် ထွက်သွားလေသည်။ ခဏအကြာ .... ကိုဂျောက်ဂျက်တို့အိမ်မှ မီးခိုးငွေများ အူ၍ထွက်ပေါ်လာသည် ... သေချာသည်က ကိုဂျောက်ဂျက်တစ်ယောက် ထမင်းချက်ဖို့ မီးမွေးနေခြင်းဖြစ်သည်။ မီးသွေးမရှိလို့ ...... အိမ်နံရံစည်းရိုးများချိုး၍ မီးမွေးနေသည်လားမသိ ......
ဂျောက်ဂျက် - "ဟင်းနော် ..... ရွာမှာနေတုန်းကပေါလိုက်တဲ့ထင်းတွေ ... ခုတော့ မီးသွေးကို ဈေးကြီးပေးဝယ်ရပြီး ထင်းလောက်တောင် မီးကမတောက်ပါလား ... လူတွေများ ... ကြောက်ဖို့ကောင်းလိုက်တာ ... ပိုက်ဆံရဖို့ဆိုရင် နည်းမျိုးစုံနဲ့ ညှာပြီးရောင်းနေပါလား ... အေးလေး ... ဖြစ်သင့်ပါတယ် .... သူခိုးကြီးအောက်က သူခိုးလေးတွေပါပဲ ..."
"ဗျို့ .... ကိုဂျောက်ဂျက် .... တစ်ရပ်ကွက်လုံးကို မီူးခိုးမှိုင်းတိက်နေတာလား ...... မွန်ထူနေတာပဲ ... လမ်းထိပ်က မီးသတ်စင်ကတောင် ခင်ဗျားအိမ်ကို တက်ကြည့်နေတယ် ... ကြည့်လုပ်ဦးကိုယ့်လူ ..."
ဂျောက်ဂျက် - "ဟား .... ကိုဘောက်ဖက်ပါလား ... ခင်ဗျား ... ဘယ်တွေသွားနေတာတုန်း .. တစ်မနက်လုံး မတွေ့ပါလား ...... ခု ဘယ်ကပြန်လာတာတုန်းဗျာ့ ...."
ဂျောက်ဂျက် - "အေးဗျာ ... မနက်တုန်းက မြို့ထဲသွားနေတာ .... ခင်းဗျားကို လှမ်းကြည့်သေးတယ် .. မရှိလို့ မခေါ်တော့တာ ...... ပစ္စည်းလေးတွေလိုလို့ သွားဝယ်တာ ....."
ဘောက်ဖက် - "အေးဗျာ .. မနက်တုန်းက ကျူပ်ဈေးထဲသွားပြီး မီးသွေးသွားဝယ်နေတာဗျာ့ ..... ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း ... ပြစမ်းပါဦး ..."
ဂျောက်ဂျက် - "ဒီမှာ ...... ထမင်းပေါင်းအိုးနဲ့ ဖန်ခွက်တွေဝယ်လာတယ် ... စက်မှုစွမ်းအား ပြည်ထွန်းကားတဲ့ဗျာ ... မြန်မာနိုင်ငံကထုတ်တာ .... စက်မှုတစ်က ထုတ်တာဗျာ .. ဈေးသက်သာတယ် ... ၀င်းသူဇာက ၀ယ်လာတာ .. ဟဲ .. ဟဲ .. "
ဘောက်ဖက် - "အမ် ... ပြစမ်းပါဦး ...... ဟိုက် .. ခင်ဗျားအထုပ်က ပေါ့လှချည်လား .... ပြောတော့ ထမင်းပေါင်းအိုးပါတယ်ဆို .. ပြီးတော့ဖန်ခွက် ... ခင်ဗျားအထုပ်က စက္ကူထုပ်ကျနေတာပဲ ... ပေါ့ပေါ့လေး .."
ဂျောက်ဂျက် - "ဖွင့်ကြည့်ပါဦးဗျာ့ .... ဒါတောင် ကျွတ်ကျွတ်အိတ်နဲ့ စက္ကူအိတ်က အပြင်က၀ယ်ပြီးထည့်လာတာ ... ၀င်းသူဇာကမပေးဘူး ....."
ဘောက်ဖက် - "အိမ် ... ခင်ဗျားဟာကလည်း ... ဒီလောက်ပစ္စည်းတွေရောင်းနေတာတောင် အိတ်မပေးဘူးလား ... "
ဂျောက်ဂျက် - "ဟုတ်တယ် .. မပေးဘူး .. သူတို့ အင်္ကျီချုပ်ဝတ်လို့ ကုန်သွားတယ်ထင်ပါ့ .. "
ဘောက်ဖက် - "အေးဗျာ .. ကျူပ်လည်း ထမင်းပေါင်းအိုးဝယ်ဦးမှပဲ ... မီးမွေးရတာမသက်သာပါဘူးဗျာ ..... ခင်ဗျား အရင်သုံးကြည့်ပါဦး ... ကောင်းရင်ပြော .. ကျူပ်လည်းဝယ်မယ်ဗျာ ... "
ဂျောက်ဂျက် - "ဟုတ်ပါပြီ .. ကျူပ်အရင်စမ်းသုံးကြည့်ပါဦးမယ် .... သွားပြီဗျို့ .... ပေါင်းအိုးအသစ်နဲ့ ထမင်းသွားချက်လိုက်ဦးမယ် .... မီးကခဏခဏလာနေတာမလား ..."
ဘောက်ဖက် - "ကောင်းပါပြီဗျာ ..... ခဏနေမှ ခင်ဗျားဆီလာဦးမယ် .. ကျူပ်လည်း စားဖို့သောက်ဖို့ လုပ်လိုက်ဦးမယ်ဗျာ ..."
ဂျောက်ဂျက် - "သွားပြီဗျို့ ...."
ဘောက်ဖက်တစ်ယောက် မီးခိုးတွေကြား တစ်ဝမ်းစာအတွက် လုံးပမ်းနေခဲ့တယ်။ ချက်ပြုတ်ပြီးတော့ မီးခိုးနံ့၊ ဟင်းနဲ့တွေနဲ့ အီနေတာမို့ ထမင်းစားချင်စိတ်မရှိတော့သလိုကိုဖြစ်သွားတယ်။ ဒါနဲ့ပဲ လူလန်းသွားအောင်လို့ ရေမိုးလေးချိုးလိုက်တယ်။ "အား .. ခုမှပဲလန်းဆန်းသွားတော့တယ် ... ထမင်း၊ ဟင်းတစ်ခါချက်တာ .... တိုက်ပွဲဝင်ရတာကျနေတာပဲ ...... ခုလောက်ဆို ကိုဂျောက်ဂျက်တစ်ယောက် ဇိမ်နဲ့ထမင်းစားနေရောပေါ့ .... ကောင်းလိုက်တာ .. ငါလည်း ထမင်းပေါင်းအိုးတစ်လုံးလောက်ဝယ်မှဖြစ်မယ် .. ဒီပုံစံနဲ့ဆိုရင် မလွယ်ဘူး .... သူ့ဆီသွားလိုက်ဦးမှ အခြေအနေလေးဘာလေးသိရအောင်"ဆိုပြီး ကိုဂျောက်ဂျက်အိမ်ဘက်ကို ကူးခဲ့ပါရော။ အိမ်ရှေ့ရောက်တော့ ကိုဂျောက်ဂျက်တစ်ယောက် မှေးလေးထောက်ပြီး မှိုင်ထွေထွေနဲ့ ငုတ်တုတ်လေးဖြစ်နေတာတွေ့လိုက်တော့
ဘောက်ဖက် - "ဟိုက် ...ဘယ်လိုဖြစ်တာတုန်း .... စားပြီးသောက်ပြီးလို့ စားပို့နှင့်နေတာလား .... "
ဂျောက်ဂျက် - "မပြောချင်ပါဘူး .. ကိုဘောက်ဖက်ရာ .. စိတ်ညစ်လို့ ..... "
ဘောက်ဖက် -"ပြောစမ်းပါဦး ... ဘာတွေစိတ်ညစ်နေတာတုန်း ... "
ဂျောက်ဂျက် - "ဒီလိုဗျာ ..... ကျူပ် ၀င်းသူဇာက ၀ယ်လာတဲ့ပစ္စည်းတွေကြောင့် စိတ်ညစ်နေတာ ...... ၀ယ်လာတဲ့ဖန်ခွက်လေးနဲ့ အမောပြေရေလေးသောက်ရအောင် ရေဇလုံထဲထည့်ဆေးလိုက်တာ .. ဖန်ခွက်ကို ပြန်ရှာမရတော့ဘူး .... အပျောက်ပဲ ......"
ဘောက်ဖက် - "အမ် .... ဒီလောက်တောင်ထူသလားဗျာ .. ဖန်ခွက်က ..."
ဂျောက်ဂျက် - "ဟုတ့်ပါ့ .. ကျန်သေးတယ် ...... ထမင်းပေါင်းအိုးနဲ့ ထမင်းချက်တာ ....... ခုတော့ .. ခုတော့ .."
ဘောက်ဖက် - "ဘာဖြစ်တာတုန်း .. ပြောပါဦး "
ဂျောက်ဂျက် - "ထမင်းကမကျက်ဘဲ ... ပေါင်းအိုးက ကျက်သွားလို့ဗျာ့ ................ ဟီး ................ "ဘောက်ဖက် - "ဟေး ............................................. ဗုဓ်ဒေါ ......................"
ကဲ .............. သုံးချင်ပသေးလား .. မြန်မာဖြစ် ..... နှိမ်တာမဟုတ်ဘူးနော် .. တစ်ကယ်ဖြစ်နေတာ ....
ရေးသားသူ -
မိုးတိမ်
at
2:01 PM
1 comments
Monday, December 17, 2007
လက်နက်မပါတဲံ ဓါပြ
ကိုဂျောက်ဂျက်တစ်ယောက် အိမ်တွင်းမှ ဘုရားရှိခိုးနေသဖြင့် ပြန်မဖြေဘဲ ... ဆက်လက်ရှိခိုး ၀တ်ပြုနေသည်။
“ဟိုက် ... ဘယ်သူမှ မရှိဘူးထင်တယ် ..... ဗျို့ ... ကိုဂျောက်ဂျက် ..... မရှိဘူးလား ... ”
အဲ့ဒီတော့မှ ဂျောက်ဂျက်တစ်ယောက် ဘုရားဝတ်ပြုခြင်းကိုအဆုံးသတ်၍
ဂျောက်ဂျက် - “ရှိတယ်ဗျို့ ... ဘုရားရှိခိုးနေလို့ ..... ဘာလဲဗျို့ ... အထဲလာခဲ့ဦး”
ဘောက်ဖက် - “သြော် .... ကန်တော့ဗျာ ... ကန်တော့ .. ကျွန်တော်မသိလို့ .. တံခါးကြီးဖွင့်ပြီး အသံတိတ်နေလို့ ..... ဓါပြများ ၀င်စီးသွားသလားလို့ပါ ....”
ဂျောက်ဂျက် - “ငြိမ်နေတာလည်းဟုတ်တယ် ... ဓါပြ၀င်စီးသွားတာလည်းဟုတ်တယ် .....”
ဘောက်ဖက် - “လုပ်ပြန်ပြီ ... မြန်မာကို ဗမာလိုရှင်းအောင်ပြောဗျာ ...”
ဂျောက်ဂျက် - “မနက်စောစောစီးစီးဗျာ ... ဓါပြ၀င်စီးသွားတယ် ...... အကုသိုလ်များလိုက်တာ ..”
ဘောက်ဖက် - “ဟေ ... ဘယ်တုန်းကလဲ ..... ခင်ဗျားကဘာလို့ အသံမပြုတာလဲ ..... ဘာတွေပါသွားလဲ .... အန္တရာယ်မပေးသွားတာ .. ကံကောင်းတာပေါ့ ... ”
ဂျောက်ဂျက် - “အန္တရာယ်တော့မပေးဘူးဗျာ .. ကျိန်းသွားတယ် ... ကျူပ်ကို ကောင်းကျောင်းကျိန်းသွားတယ် ... ပြီးတော့ ငွေ ငါးရာ ပါသွားတယ်ဗျာ.... အဲ့ဒီငွေနဲ့စားပြီး ပိုက်နာပါစေဗျာ”
ဘောက်ဖက် - “ဟား .... ထူးထူးဆန်းဆန်းပါလား ..... ငွေငါးရာတည်းပါသွားတယ် .... ပြီးတော့ ဘာတွေကျိန်းသွားတာတုန်း”
ဂျောက်ဂျက် - “ဟုတ်ပါ့ ငါးရာတည်း .. ဒါတောင် ကျူပ်မနည်း ပြန်ပြီးချေပခုခံလိုက်လို့ဗျာ .... တောင်းတာက ၂၀၀၀ တဲ့ .... ကျူက်ကို ကျန်းသွားသေးတယ် ..”
ဘောက်ဖက် - “အေးဆို .. ဘယ်လိုကျိန်းတာတုန်း .. ထူးဆန်းလိုက်တဲ့ ဓါပြ .. တစ်ခါမှ မကြုံဖူးပေါင် .. ကျူပ်ဒီမှာနေလာတာ ကြာလှပြီ တစ်ခါမှ ဓါပြတိုက်တာ မကြားဖူးဘူး .. သက်ဆိုင်ရာကို အကြောင်းကြားလိုက်ပါလား ... ”
ဂျောက်ဂျက် - “ဆုံးအောင် နားထောင်ဦး ... ကျူပ်ကို ဒီလိုကျိန်းသွားတာ ... ခင်ဗျားကို ဥက္ကဌနဲ့တိုင်မယ်တဲ့ဗျာ ..”
ဘောက်ဖက် - “ဟေ ... ဘယ်နဲ့ .. ဓါပြမှာ ဥက္ကရှိသေးသလား ....”
ဂျောက်ဂျက် - “ရှိတယ်ဗျို့ .. လမ်းထိပ်က ထိပ်ပြောင်ပြောင်နဲ့ ဥက္ကဌကိုပြောတာ .... ရပ်ကွက်ဥက္ကဌ ....”
ဘောက်ဖက် -“ဟင် ... ရက်ကွက် ဥက္ကဌက ဓါပြတိုက်တယ် .. ဘယ်လို .. ဘယ်လို .. ရှင်းပါဦးဗျာ .. ခင်ဗျားလုပ်လိုက်ရင် ရှုပ်နေတာပဲ”
ဂျောက်ဂျက် -“ကျူပ်က ရှုပ်တာမဟုတ်ဘူး .. သူတို့က ရှုပ်တာ ..... မနက်စောစောစီးစီးဗျာ .. အိမ်မှာလာပြီးတော့ ရပ်ကွက်ထဲက လူတွေကော .. ပြီးတော့ဗျာ .. ဘာတဲ့ .. ခြေနီကောင်ဆိုလား .... ဘာဆိုလား .... သူတို့ခြေထောက်တွေတော့ မနီပါဘူး .. မည်းတူးနေတာပဲ”
ဘောက်ဖက် -“ကြက်ခြေနီလုပ်ပါ ...”
ဂျောက်ဂျက် -“အေးအေး .. ထားပါတော့ သူတို့တွေပေါ့ .. ၅ ယောက်လောက်ရှိတယ် ... လက်ထဲမှာလည်း ရေဘူးကြီးနဲ့ ... ကျူပ်တို့ရွာမှာ လယ်တွေကိုဆေးဗျန်းတဲ့ ဘူးကြီးမျိုး ... ကျူပ်ကိုတွေ့တော့ ..... အကိုတဲ့ ရပ်ကွက်က သွေးလွန်တုပ်ကွေး ကင်းရှင်းရေး စီမံချက်အတွက်တဲ့ ဆေးဖျန်းမလို့ပါတဲ့ ... ငါကလည်း သြော် .. အေးကောင်းတာပေါ့ကွာ .. ဖျန်းဖျန်းဆိုပြီး ခွင့်ပြုလိုက်တယ် .... ဒါနဲ့ပဲ အိမ်ထဲဝင်တယ် ... ဟိုဂျောင်ထဲသွား .. ရှလွတ် .. ရှလွတ် .. ဒီဂျောက်ထဲသွား .. ရှလွတ်ရှလွတ်နဲ့ ဖျန်းပြီး ပြန်ထွက်လာရော ..... ပြီးတော့ အကိုတဲ့ စီမံချက်ရန်ပုံငွေအတွက်တဲ့ အလှူငွေလေးထည့်ပါတဲ့ .... ကျူပ်ကလည်း နေဦး .. ကျူပ်ဂျီးတော်ကိုမေးလိုက်ဦးမယ်ဆိုပြီး သွားမေးတော့ ငါးရာတန်တစ်ရွက်ကို တုန်တုန်ရင်ရင်နဲ့ ထုတ်ပေးတယ် ..... ကျူပ်ကလည်း အဲ့ဒါယူပြီး ရော့မောင်ရင် အလှူငွေဆိုပြီးပေးလိုက်တော့ ဘာပြောတယ်မှတ်လဲ”
ဘောက်ဖက် -“ဘာတဲ့လဲ ..”
ဂျောက်ဂျက် -“အကိုတဲ့ .. ၅ ရာမရဘူးတဲ့ ၂၀၀၀ ထည့်ရမယ်တဲ့ ..... ငါလန့်သွားတာပေါ့ .. ပြောတော့အလှူငွေတဲ့ ... ငါးရာထည့်တာမရဘူး .. ၂၀၀၀ ထည့်ရမယ်ဆိုပဲ ... ကျူပ်ကလည်းဘယ်ရမလဲ .. သိတယ်မလား ... ရွာသားပဲ .. ဘာဖြစ်လို့ ၂၀၀၀ ထည့်ရမှာလဲ ... အလှူငွေဆို .. စေတနာရှိသလောက်ထည့်မှာပေါ့ဗျာ့ .. မထည့်နိုင်ပါဘူး ...”
ခြေနီကောင် -“အကို ... ဒါရပ်ကွက်က သတ်မှတ်ထားတဲ့ စည်းကမ်းဗျာ့ ..... မထည့်လို့မရဘူး .. ထည့်ရမယ်”
ဂျောက်ဂျက် -“ဟေ့ကောင် မထည့်ဘူးကွာ .. မထည့်နိုင်ဘူး ... တောသားဆိုပြီး လာလူလည်ကျတာလား .. ရှင်းရှင်းပဲပြောမယ် .. ငါ့ဂျီးတော်မို့ မင်းတို့ကို ၅၀၀ ပေးတာ .. ငါဆိုရင် ၁ ပြားမှမပေးဘူး .... ဘာလဲကွာ .. စီမံချက် .. လူသိရှင်ကြားလုပ်ပါလား .... ကြော်ငြာပါလား .... ဒီမှာ ကျူပ်တို့ ရွာက အလှူပွဲတောင်လေ ... စည်းစနစ်ရှိတယ်ဗျာ .... ပွဲပြီးရင်တောင်စာရင်းကို တိတိကျကျ စာရင်းရှင်းရတယ် ... အဲ့ဒီ ၅၀၀ ယူချင်ယူ .. မယူချင်နေ .. မင်းတို့ မယူရင် ငါလဘ္ကက်ရည်သွားသောက်ပစ်မယ် ... ဒါပဲ ..”
ခြေနီကောင် -“ခင်ဗျားကြီးမှတ်ထား .... ပြီးမှ စာရင်းရှင်းမယ် .. တစ်ခြားအိမ်တွေ ကျန်နေသေးလို့ ... ခင်ဗျားကို ဥက္ကဌနဲ့ တိုင်မယ် .... သွားမယ် ဟေ့ကောင်တွေ”
ဂျောက်ဂျက် -“ဘာလဲ ... ပိုက်ဆံမယူဘူးလား ... ”
ခြေနီကောင် -“ယူမှာပေါ့ဗျာ ... ပေး ... ”
ဆိုပြီးဆွဲသွားတာဗျာ ..... ကျူပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူး .... လက်နက်မပါပဲ တိုက်တဲ့ ဓါပြ ဒီတစ်ခါပဲတွေ့ဘူးသေးတယ် ...
ဘောက်ဖက် -“အောင်မြတ်လေး ... ဘာများလဲလို့ .. ဒါများဗျာ ... ကျူပ်တို့ဆီမှာ ရိုးနေပြီ ... ဥက္ကဌကိုပဲကြည့် ဘာလို့ထိပ်ပြောင်နေလဲသိလား ....ဓ
ဂျောက်ဂျက် -“အမ် .. သူ့ထိပ်ပြောင်တာ ကျူပ်ဘယ်လိုလုပ်သိမတုန်းဗျာ့ ...”
ဘောက်ဖက် -“ပြောပြမယ် ... ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်လပြည့်နေ့မှာ ကျူပ်တို့တတွေ နိဗ္ဗာန်ဈေးလုပ်တယ်ဗျာ .. အဲ့ဒီမှာ စတိုးဆိုင်တစ်ဆိုင်က ဆိုင်ကပစ္စည်းတွေကို ထုတ်ပြီး ကုသိုလ်လုပ်တယ် ... အဲ့ဒီထဲမှာ ခေါင်းလျှော်ရည်ထုပ်လေးတွေပါတယ်ဗျာ ...... ပွဲလုပ်တဲ့အချိန်ကျတော့ ဥက္ကဌက အဲ့ဒီမဲတွေကို တစ်ဝက်ပဲပေးပြီး ဖျောင်ထားတယ် ..... နောက်နေ့လည်းကျရော .. အဲ့ဒါနဲ့ ခေါင်းလျှောင်တော့တာပဲ .. ဘယ်လောက်များလဲဆိုရင် သူထိပ်တောင်ပြောင်တယ်ဗျာ ..... ဒါပဲကြည့်”
ဂျောက်ဂျက် -“သြော် .... ဒါကြောင့်ကို .. သူလည်း လူတော်ထဲက လူတော်ပါပဲဗျာ ...... မှတ်သားစရာပဲ .... ”
ရေးသားသူ -
မိုးတိမ်
at
6:04 PM
1 comments
Labels: ဟာသ, ဂျောက်ဂျက်နှင့်ဘောက်ဖက်
Friday, November 30, 2007
သံဝယ်၊ ကြေးဝယ်သူတွေ သတိထား
ဂျောက်ဂျက် - “အေးဗျာ ... လက်ဘက်ရည်ဖိုး ... ဆေးလိပ်ဖိုး ... ဘီယာဖိုးလေးရမလားလို့ ကုလားကို စောင့်နေတာ ... ခါတိုင်း တစ်နေ့ကို အခါနှစ်သိန်းလောက်လာလာအော်နေတာ .... ဒီနေ့ပေါ်မလာလို့ မျှော်နေဗျို့ ....”
ဘောက်ဖက် - “သြော် .... ခင်းဗျားက ဒီသတင်းမကြားသေးဘူးကို”
ဂျောက်ဂျက် - “ဘာလဲဟင် ... ဖြစ်ဖစ်လို့ရဲ ... ရင်တွေတုန်လာပြီ ..... ဘယ်သူက ဘယ်မှာ ဘာတွေ ဖြစ်ပြန်တာတုန်း ....”
ဘောက်ဖက် - “တိုးတိုးနေ .. ပြောပြမယ် .. ဒီလိုဗျာ ... တစ်လောကလေ .... ယမမင်းကြီးက ... သူ့ငရဲပြည်မှာ ငရဲသားတွေထပ်ရောင်လာမှာမို့ .. သူ့ဒယ်အိုးက မဆန့်ဘူးတဲ့လေ ..... အဲ့ဒါကြောင့် အမိန့်ထုတ်လိုက်တယ် ငရဲထိန်းတွေ .. ငရဲမင်းဘီအေတွေ ... ငရဲကြပ်တွေ .... ငရဲဗိုလ်ကြီးတွေအကုန်လုံး လူ့ပြည်ဆင်းပြီး သံတွေဝယ်စုရမယ်တဲ့ .... အဲ့ဒါကိုဗျာ .. ဟိုလူစု ဘယ်လိုသတင်းရတယ်မသိဘူး .... သံလိုက်ဝယ်တဲ့ လူတွေအားလုံးကို ငရဲမင်းလွတ်တဲ့လူဆိုပြီး လိုက်ဖမ်းနေတယ်ဆိုပဲဗျာ .... ”
ဂျောက်ဂျက် - “ဟေ .............. ဟုတ်လား .. အောင်မြတ်လေး ... မောင်မင်းကြီးသား ကံကောင်းပေးလို့သာပေါ့ ... ကိုဘောက်ဖက်ကယ်ပေလို့ မဟုတ်လို့ကတော့လေ .. ကျူပ် အသက်ကြီးခါမှ အင်ဂျင်နီယာကျောင်း သွားတက်ရဦးမယ် ဟုတ်မှာပါ ..... သတင်းကပေါက်မှာပေါ့ ... ငရဲမင်းနားမှာ ဘီအေတွေ၊ ငရဲကြပ်တွေ၊ ငရဲထိန်းတွ၊ ငရဲဗိုလ်တွေရှိနေတာကိုးဗျာ ......... ကံကောင်းပေလို့သာပေါ့ ... ကျေးဇူး ယူပီဂျီ ... အဲလေ .. ကျေးဇူး ကိုဘောက်ဖက် ... ကျေးဇူးဗျာ ... ”
ဘောက်ဖက် - “ရပါတယ်ဗျာ ... ကိစ္စမရှိပါဘူး .. အချင်းချင်းတွေပဲ ... ကယ်ရတာပေါ့ .. နို့နေပါဦး .. ခင်ဗျားအထုပ်ထဲက ကျူပ်အသုံးဝင်တာလေးများရှိမလားလို့ နှိုက်လိုက်ဦးမယ် .. ဟီး ......”
ဂျောက်ဂျက် - “နှိုက်စေဗျာ ...... ဖြေးဖြေးတော့နှိုက်နော် ... ပြီးရင် ပိုက်ဆံပေးသွားဦး ...”
ဘောက်ဖက် - “အမ် .. ဘာလို့တုန်း ... ဘာဖြစ်လို့ဖြည်းဖြည်းနှိုက်ခိုင်းတာတုန်း ပြီးတော့ ခင်ဗျားအတွက်မှအသုံးမ၀င်တော့တာ ...”
ဂျောက်ဂျက် - “အို .... ခင်ဗျားကလည်း ... အသံမြည်ရင် ကြီးတော်နှိုးသွားမှာစိုးလို့ဗျာ ...... ပြီးတော့ ခင်ဗျား ဆံပင်ဖြောင့်တယ်လို့ပဲသဘောထားလိုက် ... ကြိုက်တာတွေ့ရင် ဆေးလိပ်ဖိုးတော့ပေးခဲ့ ... ဟီး ...”
ဘောက်ဖက် - “တင့်ပါ့ဘုရား ... အဲလေ .... ဟုတ်ပါပြီ ... တကတည်း .. ဖြစ်နေလိုက်တာ ....... ငါ့အိမ်က ကြက်ဆူဆီကြိတ်တဲ့စက်တောင် ဘယ်ကုလားဆီ ပိဿာချိန်နဲ့ ရောင်းရမလဲစဉ်းစားနေတာ ....”
ဂျောက်ဂျက် - “မထူးပါဘူး ... မင်း ပြည်သူ့ဆောက်လုပ်ရေးဌာနက လမ်းတံတားဆောက်လုပ်ရေးမှာ လှူလိုက်တော့ ကျောက်ခဲကျိတ်ရအောင်လို့ .......”
ဘောက်ဖက် - “တော်ပါဗျာ ... ဒီကောင်တွေ ကျောက်ခဲမကျိတ်ဘဲနဲ့ အိမ်တစ်လုံးရပြီဆိုပြီး ၀င်အိပ်နေဦးမယ် .... ဒီကောင်တွေလည်း အတူတူပဲ ... နည်းနည်းရ များများယူမယ့်ကောင်တွေ ... ”
ဂျောက်ဂျက် - “ဟုတ်ပါ့ .. နောင်ကြီးရေ ... ကျူပ်ကြီးတော်တောင် မနည်းဖွက်ထားရတယ် ... ဟား .. ဟား .. ”
ရေးသားသူ -
မိုးတိမ်
at
12:40 PM
0
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့် ဘောက်ဖက်
ဘုမပါတဲ့ စာရွက်ကြီး
ဘောက်ဖက် - “ကောင်းတာပေါ့ဗျာ ... ကောင်လေး .... ဘယ်လောက်လဲကွ တစ်စောင်ကို ... ”
ကောင်လေး - “ ၁၅၀ ပါအကို ....”
ဘောက်ဖက် - “ဟ ..... မင်းဟာက ဈေးမကြီးဘူးလား ...... ”
ကောင်လေး - “ဒီမှာအကို ... မှတ်ထား .... သတင်းစာထဲက သတင်းကသာမမှန်သာ ... ကျွန်တော်ရောင်းတဲ့ဈေးက အမှန်ဗျာ့ ... အမှန် ...... ကျွန်တော့်နာမည်ကိုက ဘုကြီးတဲ့ ..”
ဂျောက်ဂျက် - “ဟား ... ပြေားချက်ကတော့ ကောင်းတယ်ကွာ ... နေပါဦး .. ဘုကြီးနဲ့ မှန်တာနဲ့ ဘာဆိုင်လို့တုန်း ... ”
ကောင်လေး - “အကိုကလည်းဝေးပါ့ ... ဘယ်မှာနေတာလဲ .....”
ဂျောက်ဂျက် - “ဒီမယ်လေ .. ဒီဘေးမှာ .. မဝေးပါဘူး ..”
ကောင်လေး - “ဘုကြီးဆိုမှတော့ မှန်ပြီပေါ့ဗျာ ... မှန်လို့ပဲ ဘုကြီးပေါက်လာတာပေါ့ ......”
ဘောက်ဖက် - “သြော် .. သြော် ... မင်းကိုတော့လေးစားပါတယ်ကွာ .. သတင်းစာမရောင်းနဲ့ .. သတင်းစားပဲရေးစားပါတော့လား ... ပေးပါ တစ်စောင့် ရော့ ... ၁၅၀ ... ”
ကောင်လေး - “ကျွန်တော်က သတင်းစားရောင်းချင်လို့မဟုတ်ဘူး ... ၀ါသနာပါလို့ ... အမှန်က ဆရာပြောသလို သတင်းစားဆရာဗျာ့ ... ရေးချင်တာရေးမရတာ ကြာလာလို့ သတင်းစာထရောင်းတာဗျာ့ .. ရော့ တစ်စောင် .... ဘုမပါတဲ့ သတင်းစာ” လို့ပြောပြီး ထွက်သွားတယ်။
ဘောက်ဖက် - “လုပ်ပြန်ပြီ ... ဘာလဲဟ ဘုမပါတဲ့သတင်းစား .... ဟုတ်တော့လည်း ဟုတ်ပါတယ် .. သတင်းစာက အပြားကြီးကို ...”
ဂျောက်ဂျက် - “စကားလုံးငှားသုံးလိုက်ဦးမယ် ... ခင်းဗျားကလည်းဝေးပါ့ဗျာ ... ဘယ်မှာနေတာလဲ”
ဘောက်ဖက် - “ခင်ဗျား အိမ်ဘေးမှာလေ ...”
ဂျောက်ဂျက် - “သိသားပဲ ... အမြင်ကပ်လို့ကိုမေးတာ .. အလိုက်တာ .. ဘုမပါတော့ မမှန်ဘူးပေါ့ ... မမှန်တော့ ဘုမပေါက်ဘူးပေါ့ ... ဒါကိုပြောတာ ...”
ဘောက်ဖက် - “ဟင် .. ဒါဆို .. ဒီသတင်းစားကြီးက ... အင်ကြီးပေါ့ ....”
ဂျောက်ဂျက် - “မဟုတ်ဘူး .... မိတ်အင် ချိုင်းနား ... အတု ... ”
ဘောက်ဖက် - “သြော် ..... ပညာရှိစကား .. မှတ်သားထားဦးမှပဲ ... မိတ်အင်ချိုင်းနားက အတုတဲ့ ..... ဘာပဲပြောပြောဗျာ ပိုက်ဆံနဲ့ ၀ယ်ထားတာ အကျိုးရှိအောင်တော့ သုံးရမယ်ဗျို့ .. မှန်းစမ်းအနောက်ကနေ ဖတ်မယ် ... ”ဆိုပြီး သတင်းစာအခေါက်လေးအတိုင်း နောက်ကိုကြည့်လိုက်တယ်။ တွေ့လိုက်ရတဲ့စာသားက “လေလိုင်းပေါ်က လူသတ်သမား ... ပြည်သူအားလုံးသတိထား ... ”
ဘောက်ဖက် - “ဟိုက် ..... တရုပ်တွေရွာထဲ ... အဲလေ .. မြို့ထဲဝင်လာပြီထင်တယ်”
ဂျောက်ဂျက် - “ဟင် .. ဘာဖြစ်လို့လဲ ... ဘာလို့ တရုပ်ကမြို့ထဲကို ၀င်လာတာတုန်း .. ပြပါဦး .. ”
ဘောက်ဖက် - “ဒီမှာကြည့်လေ .. လေလှိုင်းပေါ်က လူသတ်သမားတဲ့ ...... ဒါ တရုပ်သိုင်းကားတွေထဲက လူဆိုးတွေ မြို့ထဲဝင်လာတာပဲဖြစ်လိမ့်မယ် .... အဲ့ဒီကောင်တွေကစွမ်းတယ်ဗျာ ... လက်လေးလှုပ်လိုက်တာနဲ့ သစ်ပင်ကြီးတွေ ... ကျောက်ဆောင်ကြီးတွေ ပြိုကုန်ရော ..... သိုင်းကားတွေထဲမှာ ကျူပ်ကြည့်လိုက်ရတယ် ...”
ဂျောက်ဂျက် - “အာ .. ပေါက်ပေါက်ရှာရှာ .... စာကို အစကနေမဖတ်ဘဲနဲ့ ဘာတွေ လျှောက်ပြီး ယုန်ထင်ကြောင်ထင် ထင်နေတာတုန်း .... အပေါ်ကိုလည်းကြည့်ဦး .. ဘယ်သိုင်းသမားတွေလဲလို့ ... အဲလေ .. ဘာတွေလဲလို့ .. ”
ဘောက်ဖက် - “ကော့ကျင့်လိမ်နေသည်၊ ဖုန်းက ညှာနေသည်၊ ယွင်က ရန်တိုက်ပေးနေသည် ... တဲ့ ... အဲလေ .. ခင်ဗျားလုပ်တာနဲ့ ရောကုန်ပြီ ... ဘာတဲ့ .... လှည်းထောက်တွေရော .. ဘုလုံးတွေရော .... ၀လုံးတွေရော ကျွန်တော်မသိဘူးဗျာ့ ......”
ဂျောက်ဂျက် - “သြော် ... သဘောပေါက်ပြီ .... သဘောပေါက်ပြီ ...”
ဘောက်ဖက် - “ဘာလဲဟင် .. ဘာကိုပြောတာလဲ”
ဂျောက်ဂျက် - “အဲ့ဒါ ယတြာချေထားတာပေါ့ ... ကျူပ်တို့ရွာမှာဆိုရင် နွားအိုဖင်ကြီး အနာပေါက်ရင် လှည်းထောက်တွေကို သစ်ပင်အောက်မှာထားပြီးတော့ ယတြာလုပ်ပေးရတယ်ဗျာ့ ... အဲ့ဒီလိုနေမှာ ”
ဘောက်ဖက် - “သြော် .. လက်စသတ်တော့ နွားအိုးကြီးဖင်မှာ အနာပေါက်နေတာကို ယတြာလုပ်တာကိုး ...... နေဦးဗျာ့ .. ခုနက ဟိုကောင်လေးအော်တာ .. ကမ္ဘာလိပ်ကြီးတွေအကြောင်းပါတယ်ဆို .... ရှာကြည့်ဦးမယ် ....” ဆိုပြီး သတင်းစာကို တရွက်ချင်းလှန်ရှာတယ် ... စာမျက်နှာသာကုန်သွားတယ် .. လိပ်ဆိုတဲ့စာလုံး တစ်လုံးမှ မတွေ့ .. “ဟင် .... ဘာလိပ်မှလည်း မပါဘူး ... ကိုဂျောက်ဂျက် ... ခင်ဗျား ရှာကြည့်ဦး ....ရော့”ဆိုပြီး ကိုဂျောက်ဂျက်ကို သတင်းစားလှမ်းပေးလိုက်တယ် ... ကိုဂျောက်ဂျက်ကလည်း သတင်းစာကို ထုံးလိုမွေ ရေလိုနောက်အောင် ဖင်ပြန်ခေါင်းပြန် အပေါ်ပြန်အောက်ပြန် ဘယ်ပြန်ညာပြန် ရှာသည် .... “ဟား .. ခေါင်းမူးလာပြီ .. ဒါလား သတင်းစာ ..... အမေလေး .. မူးလိုက်တာ ရှုပ်နေတာပဲ ..... ကျူပ်တို့ ရွာထိပ်က မကျည်းပင်ကအရွက်တွေတောင် ဒီလောက်မရှုပ်ဘူး ....... မတွေ့ဘူးဗျို့ .. ဟိုကောင်လေး .. ညှာရောင်းသွားတာထင်တယ် ... ပြောတော့ ဘုကြီးတဲ့ ... မှန်တယ်တဲ့ ...” အဲ့ဒီအချိန်မှာပဲ .. အိမ်ရှေ့မှ .. “ သတင်းထူးတွေပါတယ် .... ထူးထူးဆန်းဆန်း လူသတ်သမားနဲ့ ... ကမ္ဘာလိပ်ကြီးအကြောင်းတွေပါတယ် ...” ဆိုတဲ့အသံကို ကြားပြန်တယ် .... “ဟား .. ကိုဘောက်ဖက် .. ဟိုကောင် .. လူလိမ်ဘုကြီး .. ခေါ်ခေါ် အဲ့ဒီကောင်ကိုခေါ် ... ဒီလို မမှန်မကန်လုပ်တာကို မကြိုက်ဘူး .. ဒီကောင့်ကို ဆုံးမရမယ် ... ”
ဘောက်ဖက် က အိမ်ရှေ့ကိုထွက်ပြီး ... “ဟဲ့ကောင် .. ဘုမပါတဲ့ကောင် လာစမ်း ..... လာစမ်းပါဦး .. ရှင်းစရာရှိလို့ ...”
ဘုကြီး - “ဘာလဲဗျာ ...... ဘုကြီးဗျာ့ .. ဘုကြီး .. ဘာဘုမပါတဲ့ကောင်လဲ .. လူကိုများ ..”
ဂျောက်ဂျက် - “အောင်မယ် .... မင်းကများပြန်ပြောရတယ်ရှိသေး .... ဒီရွာသားအကြောင်းသိသွားမယ် ... မင်းဘာလို့ လိပ်အကြောင်းမပါပဲ .. ပါတယ်လို့ ...... လိမ်ရောင်းတာလဲ ... မင်းနာမည်နဲ့မလိုက်လို့ သူက ဘုမပါတဲ့ကောင်လို့ခေါ်တာ ဘာဖြစ်လဲ ... ဟေ့ကောင် .. ငါတို့ပိုက်ဆံပြန်ပေး .. ရော့မင်းသတင်းစား ....” စိတ်ပေါက်ပေါက်နဲ့ ဂျောက်ဂျက်ကထပြောလိုက်တော့ ဘုကြီးက “လုပ်ပြန်ပြီ .... ခင်ဗျားတို့က နီးနီးလေးနဲ့ ဝေးတောကိုး .... ခင်ဗျားတို့ကိုမေးမယ် ... လိပ်တွေက ရေကူးရင် ဘယ်လိုယက်ကြလဲဗျာ ..”
ဂျောက်ဂျက်+ဘောက်ဖက် - “ကိုယ့်ဘက်ကိုယ်ယက်တာပေါ့ကွ .... ဒါလေးများ ..”
ဘုကြီး - “အေးလေဗျာ ... ကျူပ်ပြောချင်တာလဲ ဒါပဲ .. ဒီထဲမှာ ကမ္ဘာပေါ်မှာ ကိုယ့်ဘက်ကိုယ်ယက်တတ်တဲ့ အကြီးစား သတ္တ၀ါတွေအကြောင်းပါတယ်လို့ပြောတာ ... ပြီးတော့ အရေးကြုံရင် ခေါင်းလေးဝင်သွား တတ်သေးတယ်ဗျာ့ ..... သူတို့ဘက်မှသူတို့မယက်ရင် သူတို့ကို ဘယ်သူမှယက်ပေးမှာမဟုတ်တော့ဘူး ... ကိုယ့်ကောင်းကြောင်းကိုယ်မှမပြောရင် ဒီလူတွေ ပုတ်နေတာကြာပြီ .. ဒါကိုပြောတာ ... ခင်ဗျားတို့ တော်တော်ပိန်းတာပဲ ....... ရော့ ၆လစာ ... အဲလေ .. ရောင်လို့ ... သွားပြီဗျို့” ဟုပြော၍ ထွက်သွားလေသည်။
ဂျောက်ဂျက်+ဘောက်ဖက် - “ဟိုက် .... လေးစားပါဘိ မဟာပညာရှိကြီးရယ် .........”
ဂျောက်ဂျက် - “ဟင်း စေားစေားစီးစီး ငွေ ၇၅ ကျပ်က အကျိုးမရှိဖြစ်တော့မှားလား .... မတန်ပါဘူးကွယ် ...” လို့ပြောတော့ ဘောက်ဖက်က ခဏလေးငြိမ်ပြီး စဉ်းစားနေတယ် .. ပြီးမှ .. “ဟုတ်ပြီ .. ကျူပ်အကြံရပြီ .. အကျိုးရှိအောင်သုံးမယ်ဗျာ ... ဟိုမှာကြည့် ... ခင်ဗျားအိမ်က မှန်ပြတင်းပေါက်ကို .. ဒီမှကြည့် ကျူပ်အိမ်က မှန်ပြတင်းပေါက်ကို ....”
ဂျောက်ဂျက် - “အေး .. မည်းနေတာပဲ .. ဖုန်တွေနဲ့ .... အဲ့ဒါဘာဖြစ်တုန်း .....”
ဘောက်ဖက် - “ခင်ဗျား .. တော်တော်ပိန်းတာကိုးဗျာ .. သတင်းစာက မှန်သုတ်ရင်အကောင်းဆုံး ... အပြောင်ဆုံးဗျာ့ ....”
ဂျောက်ဂျက် - “သြော် .. သိပြီ .. သိပြီ .. မေ့နေလို့ .. ဟုတ်သားပဲ .... ကျူပ်လုပ်နေကျအလုပ်ပဲဗျာ .. မလုပ်တာကြာလို့ မေ့သွားတာ ..... ရွာဦးကျောင်းမှာတုန်းက ဆရာတောကို မြို့က ဒကာတစ်ယာက် သတင်းစာလှူထားတာရှိတယ်ဗျာ့ .... တစ်ပတ်ကို အနည်းဆုံးတစ်ခါ .. တစ်ခါတစ်လေ နှစ်ခါလာပြီး သတင်းစားတွေလာလာလှူတယ်”
ဘောက်ဖက် - “ဟေ .. ဆရာတော်က သတင်းစားဖတ်တာ ၀ါသနာပါလို့လား”
ဂျောက်ဂျက် -“ဘယ်ကလာဗျာ .. သူ့ခဗျာသတင်းစားမဖတ်ပါဘူး .. ကျူပ်ကို မှန်သုတ်ဖို့ ပေးထားတာ ... ဟီး .. သူက သူ့ရေဒီယိုလေးနဲ့ငြိမ့်နေတာ .. ကျူပ်မှာတောင် သူ့စွန့်ထားတဲ့ အဟောင်းလေးတစ်လုံးနဲ့ အလုပ်ဖြစ်နေတာ .... ”
ဘောက်ဖက် - “သြော် ... ဘုမပါတဲ့ စာရွက်ကြီးတွေ အသုံးဝင်ပုံကတော့ လေးစားပါတယ် ... လေးစားပါတယ်”
ရေးသားသူ -
မိုးတိမ်
at
11:32 AM
4
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့် ဘောက်ဖက်
ဆိတ်ချေးတုံး သကြားဖြူး
ဘောက်ဖက် - “ အာာာာာ ... ဘာတွေလျှောက်ပြောနေတာလဲ .. အရေးထဲ .. ဘုရားဒကာနဲ့လာတွေ့နေပြန်ပြီ .... ဘာမှမဟုတ်တာမလုပ်ဘူး .... မဟုတ်တာ လုပ်ထားတဲ့လူတွေရဲ့ အကြောင်းကိုကြည့်နေတာ ... ရှူးတိုးတိုးနေ .. ကျူပ်ပြောပြမယ် .. ဟိုတစ်လောကလေ .. ဟိုလူကြီးရဲ့ သမီး မင်္ဂလာဆောင်တာ သိတယ်ဟုတ်လား .... တိတ်တိတ်ပုန်းဆောင်တာလေ ..... ဟိုနာမည်ကြီး လူကြီးရဲ့ သမီးလေ .....”
ဂျောက်ဂျက် - “အင် ... ကြားတယ် .... အဲ့ဒါဘာဖြစ်လဲ ... ”
ဘောက်ဖက် - “အဲ့ဒီ .. မင်္ဂလာဆောင် မှတ်တမ်းခွေကို ကြည့်နေတာ .... တိုးတိုးလုပ် ... ကြားသွားဦးမယ် ... အဲ့ဒီခွေကို မိတ်ဆွေတစ်ယောက်စီကရတာ .. ခက်တာက ကျူပ်ဆီမှာ ဗွီစီတီဖွင့်စက်မရှိဘူးလေ ... အဲ့ဒါကြောင့် လမ်းထိပ်က တီဗွီပြင်ဆိုင်က ကိုမြင့်ဦးကို အရက်တိုက်ပြီး ငှားလာတာ ... ခုကြည့်နေတုန်း .. ခင်ဗျား ရောက်လာတာပဲ ...... အစကပြန်ပြမယ် .. ခင်ဗျားလည်း မြင်ဘူးအောင်ပေါ့ ... ဒါမျိုးတွေက ရှားတယ် ... ကမ္ဘာပေါ်မှာကို ရှားတာ ....”
ဂျောက်ဂျက် - “ဟုတ်လား .. ဟီး .. ဒါဆို ၀ါသနာပါတယ် .. ပြ .... ပြ .. ကြည့်မယ် ”
အဲ့ဒီလိုနဲ့ပဲ နှစ်ယောက်သား အဲ့ဒီခွေကို ထိုင်ကြည့်ဖြစ်တယ် .... ဘာခွေလည်းဆိုတာ စာဖတ်သူသိမှာမို့ မပြောတော့ပါဘူး ..... ကဲ ... ခွေလည်းပြီးရော ...... ဂျောက်ဂျက်တို့က ထုံးစံအတိုင်း ... “ဟား ... ခင်ဗျားက မင်္ဂလာဆောင်ခွေဆို ... ဘာတွေလဲဗျာ .....”
ဘောက်ဖက် - “ဟုတ်တယ်လေ .. မင်္ဂလာဆောင်ခွေ .. ခင်ဗျားအမြင်ပဲဟာကို ..... ”
ဂျောက်ဂျက် - “ဟုတ်သလားဗျာ .... မသိပါဘူး .. ကျူပ်က ......... ဆိတ်ခြေးတုံးတွေကို သကြားဖြူးထားလို့ ပုရွက်ဆိတ်တွေ တက်နေတာလို့ ထင်နေတာ ...... ”
ဘောက်ဖက် - “ဟိုက် .... ခုမှပဲ ရှင်းတော့တယ် ...... ”
ရေးသားသူ -
မိုးတိမ်
at
11:18 AM
0
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့် ဘောက်ဖက်
Thursday, November 29, 2007
ဒီလူတွေလက်ထပ်မှာ ကမ္ဘာ့ပညာရှင်တွေ စက်ပစ္စည်းကို ရေနဲ့မောင်းလို့ ရအောင် မတီထွင်နိုင်ကြပါစေနဲ့ဘုရား
နောက်ဆုံးရှိခိုးလို့ပြီးခါနီး ... ကိုဂျောက်ဂျက်က “ .... သတ္တ၀ါအပေါင်း ကျန်းမာ၊ ချမ်းသာကြပါစေ အရှင်ဘုရား၊ ဒီလူတွေလက်ထပ်မှာ ကမ္ဘာ့ပညာရှင်တွေ စက်ပစ္စည်းကို ရေနဲ့မောင်းလို့ ရအောင် မတီထွင် နိုင်ကြပါစေနဲ့ဘုရား” ဆိုပြီးတော့ ဆုတောင်းတယ်။
ကိုဘောက်ဖက်ကကြားတော့ ... “ဟေ့လူ .. ခင်ဗျားဆုတောင်းက တစ်မျိုးကြီးပါလား ..... ကျူပ်ကို ရှင်းပြပါဦး ... ဘာကို ရည်ညွန်းတာတုန်း ...”
ဂျောက်ဂျက် - “ဒီလိုလေဗျာ .... ကျုပ်တို့နိုင်ငံမှာ ဒီလောက်ပေါများနေတဲ့ CNG သဘာဝဓါတ်ငွေ့တွေ အစတုန်းက ပေါပေါလောလောရတယ်မဟုတ်လား .... သူတို့တတွေခုတော့ အဲ့ဒါတွေကို ဈေးတင်လိုက်ပြီလေ ... နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းနိုင်အောင်လို့ဆိုပဲဗျာ ....... ဖားတုလို့ ခရုခုန်ရင် အိုင်ပျက်မှာပေါ့ .... အခြေအနေခြင်းမှာမတူတာလို့ .... အကယ်၍များ ... ဒီလူတွေလက်ထပ်မှာ ပညာရှင်တွေကို စက်တွေကို ရေနဲ့မောင်းနိုင်အောင် တီထွင်နိုင်ရင် ရေလည်းပဲ ဈေးတက်မလာဘူးလို့ ပြောလို့မရဘူးလေဗျာ ... ရေတောင်လိုင်စင်တင်ပြီးတော့ သုံးရမှာထင်တယ်။ ခင်ဗျားတို့ကျွန်တော်တို့ ရေကို တစ်နှစ်နေမှာ တစ်ခါလောက်ပဲချိုးရတော့မှာ ..... ဒီလူတွေက သူတို့ရဖို့အတွက်ဆိုရင် အကုန်သိမ်းကျူံးယူမှာ ... မဟုတ်ဘူးလား .. ကျူပ်ဆုတောင်းတာ မှားသလား ?”
ဘောက်ဖက် - “တင်ပါ့ မမှားပါဘူးဘုရား ... အဲလေ .. မမှားပါဘူး .. မှန်ပါတယ်ဗျာ .. မှန်ပါတယ် .... အမျှော်အမြင်ရှိတဲ့ ဆုတောင်းလေးပါပဲ........ ”
ရေးသားသူ -
မိုးတိမ်
at
4:25 PM
0
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့် ဘောက်ဖက်
ကြက်ဆူဆီထွက် ဘောက်ဖက်ငတ်
ဂျောက်ဂျက် “ဟိုက် ... ဘာလဲဟ .. စောစောစီးစီး ... ဘာသံတွေလဲ ..... ” ဆူညံသံတွေကြောင့် ဂျောက်ဂျက်တစ်ယောက် ဘုန်းကြီးကျောင်းမှာ ကောင်းကောင်းမအိပ်ရတာတွေကို အတိုးချပြီး နှပ်နေတုန်း .... လန့်နိုးခဲ့သည်။ “သွားကြည့်ဦးမှာပဲ ....” ဟုဆိုကာ ... အိမ်နှောက်ဖေးသို့သွား၍ မျက်နှာသွားသစ်လေသည်။ ပြီးနောက် အသံလာရာကို နားဆွံ့ကြည့်ရာ တစ်ခြားမှမဟုတ် .. သူ့မိတ်ဆွေ ဘောက်ဖက်အိမ်မှ ထွက်လာသော အသံများဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ဘောက်ဖက်အိမ်ရှေ့သို့ သွား၍ ... “ဗျို့ ကိုဘောက်ဖက် .. ဘာတွေလုပ်နေတာလဲဗျာ့ ..... ခင်ဗျား .. သံအိုးသံခွက်တွေ ကုလားရောင်းမလို့ ထုနေတာလား ... ”
ဘောက်ဖက် - “ကိုဂျောက်ဂျက်ရေ .... အိမ်နောက်ဖေးလာပါဦးဗျ .... ပြစရာရှိလို့ ... ”
ဂျောက်ဂျက် - “အေး .. အေး .. လာပြီ”
အိမ်နောက်ဖေးရောက်တော့ မြေကွက်လပ်လွတ်ပေါ်မှာ ထူးထူးဆန်းဆန်း သံဗုံးကြီးတစ်ခုကို တွေ့လိုက်တယ်။ ပြီးတော့ဘေးနားမှာ တရုပ်ထော်လာဂျီခေါင်းအင်ဂျင်တစ်လုံးနှင့် ... ကိုဂျောက်ဂျက်ရောက်သွားတော့ စက်ပိတ်ထားပြီးဖြစ်သည်။
ဂျောက်ဂျက် - “ဟေ့လူ ...... အဲ့ဒီဗုံးကြီးက ဘာလဲဗျာ့”
ဘောက်ဖက် - “ခင်ဗျားကလည်း ခေတ်နောက်ကျလိုက်တာ .... ခင်ဗျားမကြားဘူးလား .. မြန်မာနိုင်ငံမှာ ကြက်ဆူသီးကနေ ကြက်ဆူဆီထုတ်လို့ရတယ်ဆိုတာလေ .. ဘိုင်အိုဒီဆယ်ဆိုတာ ..... ဒီစက်က အဲ့ဒီကြက်ဆူးတွေကို ကျိတ်ပြီး ဆီထုတ်မယ့်စက်ဗျာ့ .. မနေ့ကမှ ၀ယ်လာတာ .. ပြည်တွင်းထုတ် ....”
ဂျောက်ဂျက် - “သြော် ... အေး ကြားပါတယ် .... အဲ့ဒီဆီက မီးထွန်းလို့ရတယ်ဆို .... စက်တွေမောင်းလို့ရတယ်ဆို ”
ဘောက်ဖက် - “သိပ်ဟုတ်တာပေါ့ဗျာ ....... ခုနက ကျွန်တော် ဆီကျိတ်နေတာ ....”
ဂျောက်ဂျက် - “သြော် .. ဒါကြောင့်ကို .. နေပါဦး .. ခင်ဗျားစက်က အသံဒီလောက်တောင် ကျယ်ရသလားဗျာ ... ကျုပ်တောင် လန့်နိုးတယ် .... ကြည့်လုပ်ဦး .. ကျူပ်ကြီးတော် နေကောင်းတာမဟုတ်ဘူး .... တစ်ခါတည်း ကန့်သွားမှ ... ကျူပ်အမွေ ရနေဦးမယ် .... ”
ဘောက်ဖက် - “အေးဗျာ ... တောင်းပန်ပါတယ် ... ကျွန်တော် ဒီလောက်ကျယ်မယ်မှန်း အစကမသိခဲ့လို့ပါဗျာ .. ဒါတောင် ဆိုင်လန်ဆာ ဆိုလား တပ်ထားတယ်ဗျာ ...”
ဂျောက်ဂျက် - “ရပါတယ်ဗျာ .... ကိစ္စမရှိပါဘူး ... အချင်းချင်းတွေပဲ ... နေပါဦး .. ခင်ဗျား .. ဆီဘယ်လောက်ထွက်ပြီလဲ .. ပြောပါဦး”
ဘောက်ဖက် - “ဟား .. သိပ်ထွက်တာပေါ့ ..... ၁ နာရီလောက်မောင်းတာ ၁ ဂါလံလောက်ရတယ် ...”
ဂျောက်ဂျက် - “ဟိုက် .. ဟုတ်လှချည်လား .. ဒါဆို .. ခင်ဗျား တစ်ရက် ၈ နာရီကြိတ်ရင် ၈ ဂါလံလောက်ရမှာပေါ့ ... ခင်ဗျားတော့ အလုပ်ဖြစ်ပြီထင်တယ် ...... အလုပ်ဖြစ်ရင် ကျူပ်ကိုမမေ့နဲ့ဦးနော် ....”
ဘောက်ဖက်- “မမေ့ပါဘူးဗျာ .. ဒါပေမယ့် .... အဟင့် .... အဟင့် ..”
ဂျောက်ဂျက် - “ဘယ်လိုဖြစ်တာတုန်းဗျာ ... ကြီးပွားမယ့်လမ်းကို ငိုမဲ့ငိုမဲ့နဲ့ ....”
ဘောက်ဖက် - “ခင်ဗျား မသိသေးပါဘူးဗျာ .... ဒီစက်ကြီးက အသံဒီလောက်ကျယ်တာ .... အိမ်ဘေးတွေ ၀ိုင်းသတ်ကြမှာပေါ့လို့ ... ဒီစက်ကိုမောင်းဖို့ မြေအောက်ခန်းတူးမှရမယ် .... ပြီးတော့ အရေးကြီးဆုံးအချက်က ...... ကြက်ဆူတစ်ဂါလံရဖို့အတွက် ....... စက်မောင်းတာ .. ဒီဇယ် နှစ် ဂါလံကုန်တယ်ဗျာ ... ကျူပ်တော့ သွားပါပြီ .... ”
ဂျောက်ဂျက် - “ ဟောာာာာာာာာာာာာာာာာာာာာာာဗျာာာာာာာာာာာ”
ရေးသားသူ -
မိုးတိမ်
at
3:42 PM
0
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့်ဘောက်ဖက်
ဂျောက်ဂျက်နှင့် ဘောက်ဖက်
ကျွန်တော်အခု ကျွန်တော့်ရဲ့ ဇာတ်ကောင်နှစ်ကောင်ကို မွေးထုတ်ပေးချင်ပါတယ်။ သူတို့တွေကတော့ ဂျောက်ဂျက်နဲ့ ဘောက်ဖက်တို့ပဲဖြစ်ပါတယ်။ အတတနဲ့ စကားပြောရင်လည်း မပြေပြစ်ဘူး။ ဒါပေမယ့်ဘယ် အလေးအနက်တော့ထားတတ်တဲ့ လူနှစ်ယောက်ကို စကားပြောဇာတ်ကွက်လေးတွေလုပ်ပြီး ရေးချင်လို့ပါ။ အမှားပါရင် ခွင့်လွတ်ကြကုန် ..... အရင်ဦးဆုံး သူတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးပါ့မယ် .... ဂျောက်ဂျက်က ကပ္ပိယ .... ရွာဘုန်းကြီးကျောင်းမှာ ကပ်နေတယ်။ ဒါပေမယ့် စာပေလိုက်စားမှုရှိတယ်။ အင်္ဂလိပ်စာကိုလည်း အတော်အတန်နားလည်တယ် ... တနေ့ မြို့က သူ့ရဲ့ တစ်ဦးတည်းသော ရွှေမျိုးဖြစ်တဲ့ သူ့ကြီးတော်နေမကောင်းလို့ မြို့တက်ပြီး သွားရောက် ပြုစုနေတဲ့သူပါ။ ဘောက်ဖက်ကတော့ မြို့သား ... ဂျောက်ဂျက်ရဲ့ ကြီးတော်အိမ်ဘေးက အိမ်နီးချင်း။ တစ်ယောက်တည်းနေတဲ့ လူပျိုကြီး။ သူလည်းပဲ စာပေမတတ်တစ်ခေါက်လိုက်စားတယ်။ သတင်းစုံတယ် ... ဂျောက်ဂျက်မြို့ကိုရောက်တော့ ဘောက်ဖက်နဲ့ ခင်သွားပြီး စကားပြောဖော်၊ ဆွေးနွေးတိုင်ပင်ဖော်တွေဖြစ်သွားကြတယ်။ ဒါကသူတို့တွေရဲ့ နိဒါန်းပေါ့ဗျာ ... နောက်တဖြည်းသူတို့ ဇာတ်ကြောင်းတွေပါ ထည့်ထည့်ရေးသွားပါမယ် ...... အခုတော့ ပထမဦးဆုံး တစ်ပုဒ် ...
လကမ္ဘာသွားမယ့်အစား .....
ကိုဂျောက်ဂျက်တစ်ယောက် မြို့စရောက်ခါစဆိုတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ပေါ့ ....... ကံကောင်းတာက အိမ်နီးနားချင်း စကားပြောဖော် ဘောက်ဖက်ကို ရထားတာပါပဲ။ သူတို့ နှစ်ယောက်က အတိုင်အဖောက်ညီတယ်။ တစ်နေ့မှာ မနက်တစ်ခုမှာ ဂျောက်ဂျက်နဲ့ ဘောက်ဖက် အိမ်ရှေ့မှာ လဘ္ကက်ရည်သောက်ရင်း စကားပြောဖြစ်ကြတယ်။ ဘောက်ဖက်အိမ်မှာ တီဗွီအစုတ်လေးတစ်လုံးရှိတော့ နိုင်ငံတကာသတင်းတို့ ဘာသတင်းတို့ ကြည့်ဖြစ်ကြတယ်။ ပြီးတော့ ကိုဂျောက်ဂျက်က ရေဒီယိုနားထောင်တာ အရမ်းဝါသနာပါတာ။ ရွာဦးကျောင်းမှာတုန်းက ကျောင်းထိုင်ဘုန်းဘုန်းက ရေဒီယိုအဟောင်းလေး တစ်လုံးစွန့်ထားတော့ သူ့ကအဲ့ဒါကိုအပိုင်းစားရထားတယ်လေ။ လဘ္ကက်ရည်သောက်ရင်း ဂျောက်ဂျက်ကစပြီး ... "ကိုဘောက်ဖက် ...... ထူးဆန်းတာတစ်ခု ခင်ဗျားကို ပြောပြရဦးမယ်ဗျာ့ ... ဒီလို ... မနေ့ညက ကျုပ် စိတ်ကျည်းကျပ်တာနဲ့ လမ်းထွက်ပြီး လမ်းလျှောက်ခဲ့တယ် .. မိုးက တော်တော်ချုပ်နေပြီ .... အဲ့ဒီအချိန်မှာလေ ... အလင်းလုံးကြီးတစ်ခုကလေ ... ဝေါကနဲနဲ့ ကူပ်ဘေးနားကနေ ဖြတ်သွားတယ်ဗျာ့ ... သေချာကြည့်လိုက်တော့ လူတွေလည်းပါတယ် ....... "
ဘောက်ဖက် - " ဟုတ်လား ....... ဘာမှန်းမသိလိုက်ဘူးလား"
ဂျောက်ဂျက် - "အေးဗျာ .. ဒါပေမယ့် ကျူပ်တစ်ခုတော့ စဉ်းစားမိတယ်ဗျာ့ .. ဟိုတစ်လောက သတင်းထဲမှာ ခင်ဗျားကြားလိုက်လားမသိဘူး ... တရုတ်တွေ လကမ္ဘာကို ဂြိုလ်တုလွတ်ပြီး လေ့လာကြတယ်ဆိုတာလေ .. လပေါ်က ချုင့်ခွက်ကြီးတွေက စိတ်ဝင်စားစရာကြီးတွေ ဆက်ပြီးလည်းလေ့လာမှုလုပ်နေတယ်ဆိုတာကိုလေ"
ဘောက်ဖက် - "အင်း ဟုတ်တယ်လေ ... ကြားတယ် .. ဓါတ်ပုံတွေတောင်ကြည့်ရသေးတယ်... ဘာလို့လဲဗျာ့"
ဂျောက်ဂျက် - "ဒီလိုဗျာ့ .... ကျူပ်စဉ်းစားမိတာတစ်ခုက တရုတ်တွေ ဂြိုလ်တုလွတ်တာ .... လကမ္ဘာမရောက်ဘူးထင်တယ်"
ဘောက်ဖက် - "အာ ... ခင်ဗျားကလည်း အဲ့ဒီကိုမရောက်ဘဲ .. ဘယ်က ဓါတ်ပုံတွေ ရမှာတုန်း"
ဂျောက်ဂျက် - "နေပါဦး .. ကျူပ်ပြောတာ နားထောင်ဦး .. ကျူပ်အထင်တော့ သူတို့ ဂြိုလ်တုက လကမ္ဘာပေါ်ရောက်တာမဖြစ်နိုင်ဘူးဗျာ့ ... သူတို့ဂြိုလ်တုက နေရာမှားပြီး မြန်မာနိုင်ငံကို ရောက်လာတယ်ဖြစ်မယ်"
ဘောက်ဖက် - "ဟိုက် ဘယ်လိုဖြစ်လို့တုန်း .. ရှင်းစမ်းပါဦး"
ဂျောက်ဂျက် - "အေးဗျာ ... မနေ့က လမ်းလျှောက်တော့ ကျွန်တော် အလင်းလုံးကြီး တွေ့တယ်လို့ပြောတယ်မလား ... အဲ့ဒါပဲဖြစ်မယ်ဗျာ့ .... ပြီးတော့ ဓါတ်ပုံတွေကလည်း လကမ္ဘာပေါ်က ဓါတ်ပုံတွေမဖြစ်နိုင်ဘူး ... ကားလမ်းမပေါ်က ချိုင့်ခွက်တွေကို သူတို့ ကင်မရာနဲ့ အနီးကပ်ရိုက်ထားတာဖြစ်မယ်"
ဘောက်ဖက် - "ဟားဟား ... ခင်ဗျားတော့ လုပ်ချလိုက်ပြီဗျာ ....... မြန်မာနိုင်ငံက လမ်းအဲ့ဒီလိုဖြစ်နေတာ ဟိုကောင်တွေပြောသလို ... ကားမောင်းပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတာဗျာ .... ဟားဟား ... ယိုးဒယားမှာ မြန်မာအမျိုးသမီးတစ်ယောက် ပထမဆုရသွားတာမကြားဘူးလား .. အဲ့ဒါ ... အဲ့ဒါ ... "
ဘောက်ဖက် - "ဟားဟား .. ဒီလိုလား .. ဒါများဗျာ တရုတ်က အပင်ပန်းခံပြီး လကမ္ဘာပေါ်တက်နေသေးတယ် .. မြန်မာနိုင်ငံသာလာခဲ့ပါလား ... ချိုင့်ခွက်တွေ လကမ္ဘာကထက်ကြီးတယ် .. ခုချိန်ဆို ပိုတောင်လာလို့ရသေးတယ် .. သူတို့ ယောက်ဖတွေက အလကား၊ စရိတ်ငြိမ်းခေါ်ထားကြလိမ့်မယ် ... အဲ့ဒါကို အီးပေးဆိုလား .. အီးဖေးဆိုလား ပို့ပြီး ပြောဦးမယ်ဗျို့ .... ကဲကဲ .. စကားကောင်းနေတာ ကျက်သရေရှိတဲ့ လဘ္ကက်ရည်သောက်လိုက်ဦးဗျာ ...."
အမှားပါရင် ဒါမှမဟုတ် .. တိုက်ဆိုင်သွားရင် ခွင့်လွတ်ကြပါ ......
ရေးသားသူ -
မိုးတိမ်
at
3:28 PM
0
comments
Labels: ဟာသ, ဂျောက်ဂျက်နှင့်ဘောက်ဖက်
Monday, November 19, 2007
လုပ်ချလိုက်ပြန်ပြီ အာာာာာာာ-ဆီယံရယ်
ခင်းဗျားတို့လုပ်တာနဲ့ မြန်မာနိုင်ငံက တကယ့် Demo-cracy ရတော့မှာပဲ ..... Demo ဆိုတဲ့စကားကို ကွန်ပျူတာ သမားတွေသိကျမှာပါ .... မသိတဲ့သူတွေသိအောင်လို့ ပြောပြမယ် ... ကွန်ပျူတာလောကမှာ software ကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်တွေကို ကြော်ငြာပြီး အစမ်းပေးသုံးတဲ့အနေနဲ့ Demo Version ဆိုပြီး ထုတ်ကြတယ်၊ ပေးကြတယ်ဗျာ ... အဲ့ဒီ Demo Version ဟာ အပြည့်အ၀အလုပ်မလုပ်ပါဘူး .. အသုံးပြုသူတွေအနေနဲ့ အစမ်းသုံးကြည့်လို့ရအောင် စီမံထားတာပါပဲ။ အခုလည်းဒီလိုပဲ ... အာာာာဆီယံနဲ့ တရုတ်လုပ်တာနဲ့ မြန်မာနိုင်ငံက Demo Version of Cracy ရတော့မယ်။ ကြည့်ကျက်လည်းလုပ်ကြဦး ... ခင်းဗျားတို့ဟာက လိပ်ကြီးတွေဖြစ်နေပြီ .. ကိုယ့်ဘက်ကို ယှက်နေကြတယ်။ လိပ်ဆိုတာသိတယ်မလား .. အခြေအနေမကောင်းရင် အခွံထဲကို ခေါင်းရော ခြေပါ သွင်းထာမယ် ... အခြေအနေကောင်းမကောင်းသိချင်ရင် ခေါင်းလေးပြူကြည့်မယ် ..... ၀င်လိုက်ထွက်လိုက်နဲ့ ... အခြေအနေကောင်းရင် ခြေတွေလက်တွေထွက်ပြီး နှေးတိ နှေးတုတ်နဲ့လုပ်မယ် ...... ခင်ဗျားတို့လည်း ဒီလိုဖြစ်နေပြီ ..... ကျွန်တော်တို့လည်း Demo Version ကို Full Version ဖြစ်အောင်လို့ Crack လုပ်ကြရမယ်ဗျာ .......
ရေးသားသူ -
မိုးတိမ်
at
10:40 AM
0
comments
Labels: ရင်ထဲကစကားလေးတွေ, ရင်ထဲရှိတာလေးတွေ
Wednesday, November 14, 2007
ဗွီဒီယိုကြည့် ပရိတ်သတ် တွေကို အားနာပါဦးဗျာ ....
တနေ့က အငြိမ်ခွေရယ်၊ ပြဇာတ်ရယ်ငှားကြည့်တယ်ဗျာ ..... နှင်းဆီသခင်အငြိမ့်နဲ့ အစဆွဲထုတ်ကြသူများ စတဲ့ခွေတွေပေါ့။ တော်တော် ရီရပါတယ်။ စကားလုံးတွေက မိုက်တယ်။ အဲ့ဒီခွေတွေ ကြည့်ရာမှာ စိတ်ပျက်ဖို့အကောင်းဆုံးအရာက ဘာလဲသိလား ......... ကြော်ငြာတွေ ... ကြော်ငြာ ... အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ ဗွီဒီယိုဇာတ်လမ်းကြော်ငြာတွေဗျာ ....... ခွေကြည့်တာ ကောင်းကောင်း မကြည့်ရဘူး .... တစ်ခါတစ်လေ ပစ္စည်းကြော်ငြာတောင်ပါလိုက်သေးတယ် ..... စိတ်ပျက်ဖို့ကောင်းလိုက်တာ ... အဲ့ဒါတွေ ဘယ်သူတွေက စီစဉ်ပြီးထည့်တာလဲတော့မသိဘူး ...... ကျွန်တော်သိတာတစ်ခုက ဒါ စားသုံးသူ ပြည်သူတွေကို စော်ကားနေတာနဲ့အတူတူပဲ ... ပိုက်ဆံပေးပြီးကြည့်တဲ့၊ အားပေးတဲ့ ပရိသတ်ကို စော်ကားနေတာပဲ။ ...... ဒီလို အလုပ်မျိုးကို ဘယ်နိုင်ငံကမှ မလုပ်ပါဘူး။ လုပ်ရင်တောင် ကြော်ငြာတွေကို ခွေရဲ့အဆုံးမှာ Track/Chapter အနေနဲ့ပဲထည့်ကြတာ။ ဒါတောင်နည်းနည်းပဲတွေ့ဘူးတာ။ ခုမြန်မာနိုင်ငံမှာ လုပ်နေတာက ခွေအစမှာလည်းထည့်တယ် .... အလယ်မှာလည်းထည့်တယ် .. အဆုံးမှာလည်းထည့်တယ် ... ထည့်ပုံလည်းကြည့်ဦး .... အဲ့ဒီကြောင်ငြာတွေကို မကြည့်ချင်ရင် Track/Chapter ကျော်ကြည့်လို့မရအောင် ဖိုင်ကို တစ်ဆက်တည်း Track/Chapter တစ်ခုတည်းလုပ်ထားတယ်။ မူရင်းဗွီဒီယိုဇာတ်လမ်းနဲ့ကြော်ငြာကို တစ်ဆက်တည်းထည့်ထားတယ်ဗျာ ...... ဒါကြောင့် ကြော်ငြာမကြည့်ချင်ရင် Forward လုပ်ပြီး ကြည့်နေရတယ် ... အချိန်ကြာပြီး အလုပ်ရှုပ်တာပေါ့ဗျာ .... ဒါကို ခွေကြည့်သူအားလုံး ခံစားကြရလိမ့်မယ်လို့ ကျွန်တော်သိပါတယ်။ တစ်ခါတစ်လေကြော်ငြာတွေများလွန်းလို့ .... ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းတောင် မေ့သွားတယ်ဗျာ ... အဲ့ဒီလောက်ထိကို အဖြစ်ကဆိုးတာ ... ဒါကြောင့် ဘယ်သူပဲ အဲ့ဒီဟာကိုလုပ်လုပ် ..... အားပေးသူ ပြည်သူ ပရိသတ်တွေကို အားနာပါဦးလို့ပြောချင်တယ်ဗျာ ..... လူတိုင်းရင်မှာ အဲ့ဒါကြီးကို မုန်းတီး အမြင်ကပ်နေတာ အမှန်ပဲ ..... ကျွန်တော်ပဲ လူစွာလုပ်ပြီး ၀င်ပြောတော့မယ် ..... ပရိသတ်ကို အားနာပါဦး ... အနုပညာရှင်တွေအနေနဲ့လည်း ကိုယ့်ကိုအားပေးတဲ့ ပရိတ်သတ်ကို လေးစားချစ်ခင်ရင် ဒီအချက်ကို စဉ်းစားပြီး ညှိုနှိုင်းပေးသင့်တယ်လို့ ကျွန်တော်ကတော့ထင်တယ်ဗျာ ...............
ရေးသားသူ -
မိုးတိမ်
at
2:39 PM
0
comments
Labels: ရင်ထဲရှိတာလေးတွေ, သိစေချင်တာလေးတွေ
Wednesday, November 7, 2007
နောက်ကျသွားတဲ့ငါ့ဦးဏှောက်
တစ်ခါက ဆိတ်ငြိမ်တဲ့ အေးချမ်းတဲ့ဝန်းကျင်မှာ
လေယူရာယိမ်းနေတဲ့ ပန်းပင်တွေကိုကြည့်ပြီး
တေးသံစဉ်ဖွဲ့ခဲ့ဖူးတယ် နူးညံ့သာယာပြီး
ချစ်သူကိုပေးဖို့ အချစ်သီချင်းချိုချိုလေးတစ်ပုဒ် ကျွန်တော်သီကုံးနိုင်ခဲ့တယ်
အခုတော့ ပြောင်းဆန်နေတဲ့ မြန်မာပြည်ထဲမှာ
ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှူးတွေကြည့်ပြီး
တေးသံစဉ်ဖွဲ့ခဲ့ပြန်တယ် ကြမ်းကြုတ်ပြင်းထန်ပြီး
ရှုပ်ထွေးလှတဲ့ ပေါက်ကွဲသံစဉ်တွေကြားမှာ ကျွန်တော်အမောဆို့နေလေရဲ့
ဘယ်လို သီကုံး၊ ရေးဖွဲ့မှ ရက်စက်မှုတွေ ပေါ်လွင်မလဲဆိုတာကိုတော့
ကျွန်တော်မစဉ်းစားနိုင်ခဲ့ဘူး .....
ရေးသားသူ -
မိုးတိမ်
at
11:05 AM
0
comments
Labels: ကဗျာ
Saturday, October 27, 2007
သီတင်းကျွတ်ပြီ ......
ရေးသားသူ -
မိုးတိမ်
at
11:02 AM
0
comments
Labels: Festivals, သီတင်းကျွတ်မီးထွန်းပွဲတော်
Wednesday, October 17, 2007
ဒါမှတကယ့်အမှန်တရား
ရေးသားသူ -
မိုးတိမ်
at
12:58 PM
0
comments
Labels: ရင်ထဲရှိတာလေးတွေ, သိစေချင်တာလေးတွေ
အင်တာနက်ကို လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုကြမယ်
ယခုအချိန်မှာ အင်တာနက်ကို အဆင်ပြေပြေ၊ လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်အားလုံးကို Software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်အကြောင်းမပြောခင် ထုံးစံအတိုင်း intro လေးဝင်လိုက်ဦးမယ်နော် ….
ဒါကတော့ သူ့ရဲ့ Manual လေးပါ http://www.wujie.net/userguide.htm
ကျွန်တော်အခု Ultra Surf အသုံးပြုပုံအကြောင်းကို အသေးစိတ်တင်ပြပါ့မယ်။
Ultra Surf ကို Download ချပြီးသွားရင် ကိုယ့်စက်ထဲမှာ (Unzip) ဖြေလိုက်ပါ။ အဲ့ဒီထဲမှာ u.exe (ultrasurf) ဆိုတဲ့ exe ဖိုင်လေးတစ်ခုပါပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။

စဖွင့်လိုက်တာနဲ့ Ultrasurf က proxy server နဲ့စတင်ချိတ်ဆက်မှုပြုလုပ်နေပါမယ်။ ပုံအောက်နားက အနီရောင်လေးထောင့်နဲ့ဝိုင်းပြထားပါတယ်။ ပထမဦးဆုံး Ultra Surf ကိုအသုံးပြုဖို့အတွက် Options တွေကို သတ်မှတ်ပေးရပါမယ်။ Option ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ အောက်မြင်ကွင်းအတိုင်းမြင်ရမှာဖြစ်ပါတယ်။

အပေါ်မှာ Delete Cookies နဲ့ Delete History ကိုတွေ့ရမှာပါ။ အဲ့ဒါတွေက ကိုယ်အသုံးပြုပြီးသွားတဲ့အခါ ကိုယ့်ရဲ့လျို့ဝှက်အချက်အလက်တွေ၊ အသုံးပြုမှုမှတ်တမ်းတွေကို ရှင်းလင်းပစ်ဖို့ဖြစ်ပါတယ်။ သူတို့အောက်မှာ check box option ခြောက်ခုကိုတွေ့ရမှာပါ။ ပထမတစ်ခုက Start IE automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ကို automatically ဖွင့်မယ့် option ပါ။
ဒုတိယတစ်ခုက Set IE proxy automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ရဲ့ proxy setting ကို အလျိုအလျောက်သတ်မှတ်ထည့်သွင်းပေးဖို့ပါ (Firefox အတွက်ကတော့ ကိုယ်တိုင်လုပ်ဆောင်ရပါမယ်။ အောက်မှာ အသေးစိတ်ဖော်ပြပေးမှာပါ) ။ ဒါကို Check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ IE နဲ့ တစ်ခါတည်းအသုံးပြုနိုင်ပါတယ်။ proxy setting တွေထည့်ပေးစရာမလိုပါဘူး။
နောက်နှစ်ခုက Delete Cookie/History automatically when program exit ကို check လုပ်ထားရင် Ultrasurf ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို ဖျက်ပေးသွားမှာပါ။
နောက်တစ်ခုက Close IE automatically when program exit ကတော့ Ultrasurf ကို ပိတ်လိုက်ရင် IE ကိုပါအလိုအလျောက်ပိတ်သွားစေမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက Hide Golden Lock (take effect on next start) ကတော့ Ultrasurf ကိုဖွင့်လိုကရင် PC window ရဲ့ ညာဘက်အောက်မှာ ရွှေရောင်သေ့လေးပေါ်နေမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။

အဲ့ဒီသော့လေးမပေါ်ချင်ရင် အဲ့ဒါကို Check လုပ်ရပါမယ်။ ဒါပေမယ့် ချက်ခြင်းတော့မပျောက်ဘူး နောက်တစ်ခါ ဖွင့်မှာပျောက်မှာပါ။ Option ကတော့ ဒါပါပဲ။ အခုနောက်ဆုံးအနေနဲ့ Proxy Setting အတွက်တင်ပြပေးမှာဖြစ်ပါတယ်။ Proxy Settings Button လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာပါ။

အောက်ဆုံးမှာ skip this dialog box in next start ဆိုတဲ့ check box ရှိပါတယ်။ အဲ့ဒါကို check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ Proxy settings တန်းတက်လာမှာဖြစ်ပါတယ်။ မရွေးထားရင်တော့ မတက်ဘူးပေါ့။ Proxy setting မှာ အပြာနဲ့ဝိုင်းထားတဲ့အပိုင်း (Auto detect proxy)နဲ့ အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy Setting) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ အပြာနဲ့ဝိုင်းထားတဲ့အပိုင်းကတော့ proxy setting ကို သူ့အလိုအလျောက်ရှာဖွေသွားမှာဖြစ်ပါတယ်။ အရင်ဆုံးအဲ့ဒီ setting နဲ့စမ်းသပ်ကြည့်ပါ။ Ultrasurf က သူရဲ့ proxy server ကို ဆက်သွယ်နိုင်ပြီဆိုရင် အောက်ပါအတိုင်းမြင်ရမှာပါ။

အကယ်၍ contacting fail ဖြစ်နေတယ်။ ဆက်သွယ်လို့မရဘူးဆိုရင် အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy setting) ကို အသုံးပြုရပါမယ်။ အဲ့ဒီလိုအသုံးပြုရာမှာ မိမိရဲ့ ISP ဒါမှမဟုတ် Proxy Server ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသုံးပြုရမှာပါ။ ဥပမာ ပုဂံ(မြန်မာတယ်လီပို့) အတွက်ဆိုရင် proxy server က 20.381.71.237/4/8 port : 8080 ကိုထည့်သွင်းရမှာပါ။ server ကနေတဆင့် internet အသုံးပြုသူတွေအနေနဲ့တော့ အများအားဖြင့် 192.168.0.1 port : 8080 နဲ့အလုပ်လုပ်ပါတယ်။ အဲ့ဒီလိုထည့်သွင်းပြီးသွားပြီဆိုရင် Ultrasurf က Retry Button ကိုနှိပ်ပါ။ စတင်အလုပ်လုပ်ပါမယ်။ Connection successful ဖြစ်သွားပြီဆိုရင် IE နဲ့စတင်အသုံးပြုနိုင်ပါပြီ။ အဲ့ဒီမှာ အပြာနဲ့ဝိုင်းထားတဲ့နေရာမှာ ရွေးချယ်စရာ proxy server သုံးခုကို speed နဲ့တစ်ကွဖော်ပြပေးထားပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Firefox နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Firefox ရဲ့ Connection Setting (Tool > Option > Network > Connection မှာပါ။ version အလိုက်ကွဲပြားမှုတော့ နည်းနည်းရှိပါတယ်။ Connection Setting ကိုရအောင်ရှာပါ။) က Manual Proxy setting မှာ proxy address : 127.0.0.1 port : 9666 ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။

ဒါဆိုရင် Ultrasurf ကိုအခက်အခဲမရှိအသုံးပြုနိုင်ပါပြီ။ ဒါပေမယ့် ဘယ်အချိန်အထိ အသုံးပြုနိုင်မလဲဆိုတာ ကိုတော့ မသိပါဘူး။ သက်ဆိုင်ရာကလည်း ဒါကိုလိုက်လံပိတ်ပင်ဦးမှာပါပဲ ......
ရေးသားသူ -
မိုးတိမ်
at
10:30 AM
5
comments
Labels: Bypassing, Internet, သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ
Saturday, October 13, 2007
ဘယ်သူတားတား တို့မရပ် ... ဆက်လက်တင်နေမည် ...
ပြည်တွင်းမှာ စိတ်မကောင်းစရာ၊ မချမ်းမြေ့စရာ သတင်းတွေကို ဆက်တိုက်ဆိုသလို ကြားနေရပါတယ် .....
လူထုဟာလည်း စိုးရိမ်ပူပန်မှုတွေနဲ့ သွားလာလှုပ်ရှား ရုန်းကန်နေကြရပါတယ်။ ရွှေဝါရောင်တိုက်ပွဲကြီး ဖြစ်ပွားပြီးနောက် လူတွေဟာ ရင်ထဲမှာ ကုသမရတဲ့ ဒဏ်ရာချက်ကြီးတစ်ခု ရရှိခဲ့ပါတယ်။ ကျဆုံးသွားတဲ့ သံဃာတော်တွေနဲ့ ဆန္ဒပြသူများကို လေးစားဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြင်ကွင်းတွေကို မကြာခင်မှာ ပိုစ့်ရေးပြီးတင်ပါ့မယ်။ ခုလောလောဆယ် အသုံးပြုရတာ သိပ်အဆင်မပြေလို့ပါ။ ကမ္ဘာမှာမြင်တွေ့ခဲ့ရတဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်ကြတယ်လို့ ကမ္ဘာသူ ကမ္ဘာသားများက ပြောတာကို ကြားခဲ့ရပါတယ်။ ဒါဟာအကင်းပဲရှိပါသေးတယ်။ လက်ရှိဖြစ်ပျက်ခဲ့တာတွေဟာ အဲ့ဒီထက် အဆမတန်မှ ဆိုးဝါးလှပါတယ်။ တစ်ဘ၀လုံး မက်ခဲ့ဘူးတဲ့ အိပ်မက်ဆိုးတွေတောင် သူ့ထက်ကြောက်စရာမကောင်းဘူး။ စွမ်းအားရှင်၊ ကြံဖွတ်နဲ့ စစ်သားတွေဟာ လူမှဟုတ်ကြရဲ့လားလို့ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်ပြန်မေးမိတယ်။ သူတစ်ပါးရဲ့အသက်ကို မနှမြောပဲ အရုပ်လေးတစ်ရုပ်ကို လုပ်ချင်တိုင်း လုပ်ခဲ့သူတွေပါ။ တစ်ကယ် ရက်စက်ကြမ်းကြုတ်သူတွေ၊ လူမဆန်သူတွေပါ။ သူတို့ကို မွေးတဲ့မိဘတွေကတော့ လူလော့ကမှာ နှစ်ခါပြန်သေရတဲ့သူတွေပဲ။ သေလွန်ပြီးသားဆိုရင် တမလွန်မှာ ထပ်ပြီးရင်ကွဲသေကြလိမ့်မယ်။ မသေသေးဘူးဆိုရင်လည်း ရင်ကွဲကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့မိဘတွေက သူတို့တတွေလိုပဲဆိုရင်တော့ မပြောတတ်ဘူး ........... ခုတော့ ဘလောဂါလည်း ဘမ်း သွားပြီဆိုတော့ ရရာနည်းနဲ့ပဲ ရေးရတော့မှာပေါ့ .... ဆက်ရေးနေဦးမှာပါ ...
သူငယ်ချင်းတစ်ယောက်က ကဗျာတစ်ပုဒ်ရေးပေးလို့ တင်ပေးလိုက်တယ် .....
ဘယ်မှာလဲ
သွေးစက်တွေ မြေလူးလို့
စတေးခဲ့ရ သက်ပေါင်းများစွာ
သာသနာ့ သမိုင်းဟာ
ညှိုးလျော်စွာ ကြေမွခဲ့ရပြီ။
အာဏာရူးမက်
ဖိနှိပ်တတ်တဲ့ လူတစ်စုကြောင့်
သာသနာထွန်းကား
ထွတ်မြတ်တဲ့ ဘုရားတွေလည်း
ရွှေရောင်တွေ မှိန်နေရပြီ။
ဝဋ်ကြွေးရေ
ဘယ်တော့များ ပေါ်လာလိမ့်နိုး
မိုးနတ်မင်းလည်း ဘယ်ဆီပျောက်
တရားကို နတ်စောင့်တယ်ဆိုတာ
သူတို့တွေအတွက် မှားများနေပြီလား။
ရေးသားသူ -
မိုးတိမ်
at
3:56 PM
0
comments
Tuesday, September 25, 2007
25 ရက်နေ့ နောက်ဆက်တွဲ ဓါတ်ပုံများ
ယခုအချိန်အထိတော့ ဆန္ဒပြပွဲဟာ အေးအေးချမ်းချမ်းပါပဲ ......
စစ်တွေမြို့က ပြည်သူလူထု တွေအများအပြားပါဝင်လာကြတာကိုကြားရတော့ ၀မ်းသာမိတယ်
အခုဆိုရင် ဆန္ဒပြ သံဃာတွေ ဘုရားရှိခိုးနေပါပြီ . ပြီးရင် ငြိမ်းချမ်းစွာ လူစုခွဲကြမယ်လို့ သိရပါတယ်။
မနက်ဖြန် ၁၀း၃၀ မှာ စတင်လှုပ်ရှားကြမယ်လို့သိရပါတယ်။ ပြည်သူတွေကိုလည်း စည်းရုံးထားတယ်လို့ သိရပါတယ်။
နောက်ဆက်တွဲ သတင်းပါ ..
5:25 PM
စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ကား ၇ စီး ပြည်လမ်းမပေါ်မှ လှည်းတန်း လမ်းဆုံဘက်သို့ စစ်သီချင်းများ သီဆိုကာ မောင်းနှင် သွားသည်ကို တွေ့ရှိလိုက်ရကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောပြသည်။
5:00 PM
တိုင်းမှူးများက ပစ်မိန့်ကို လက်မခံ
ပိုမိုကြီးထွားလာနေသော ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက်များ ယခုအချိန်အထိ မရနိုင်သေးပါ။
ယနေ့ နေ့လည်က ထပ်မံ သိရှိရသည်က ရန်ကုန်မြို့အတွင်း ဆန္ဒပြသူများကို အရေးယူမည်ဟု ကြေညာထားချက် အပေါ်တွင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှု ရှိနေသည်ဟု သိရသည်။
(မဇ္ဈိမ သတင်းဌာနမှ)
ရေးသားသူ -
မိုးတိမ်
at
4:49 PM
0
comments
Labels: သိသင့်တာလေးတွေ, သိစေချင်တာလေးတွေ