Wednesday, May 2, 2007

မိုးတိမ်၏ ရွှေ Tags များ .... :D

သူတို့တတွေ တက်ကြတယ်။ ဘာမှန်းညာမှန်းမသိ ... ကိုဒေါင်းကြီးအတက်ကို ခံလိုက်ရတယ်။ ကျွန်တော် မအားလို့ သိပ်မရေးဖြစ်တော့ အစက တက်ဆိုတာ ဘာကြီးမှန်းမသိဘူး။ ညလေး ဘလော့သွားတော့လည်း တက်ထားတယ်တဲ့ ... တက်ရောဂါတဲ့ ... ကျွန်တော်သတိမထားမိလိုက်ဘူး။ ခုတော့ ကိုယ်ကိုတိုင် တက်ရတော့မယ်.....အင်း ... မြန်မာ ဘာလော့ကာရဲ့ ခင်မင်မှုကြိုးတစ်ချောင်းလို့ ကျွန်တော်မြင်မိတယ်။ ညလေးကလည်း မတက်ရင် ခေတ်မမှီဘူးဆိုလို့ အမှီလိုက်ရဦးမယ်။ ဘာလောကာတော်တော်များများကိုလည်း ထပ်တွေ့လိုက်ရတယ်။ မသိသေးတဲ့ ဘာလောကာတွေ၊ ဘာလောက်ကောင်းတွေ တော်တော်များသေးသကိုး။ ဘာပဲပြောပြော .. မြန်မာဘလော့လောကရဲ့ ခင်မင်မှု မှတ်တိုင်တစ်ခုပဲပေါ့ဗျာ။ ကိုကိုဒေါင်းရေ တက်ပြီနော် ...... ဟီး ..

၁။ ကျွန်တော်ဟာ အရာရာတိုင်းမှာ သတိမေ့လွယ်တယ်။ ကိုမျိုးကျော်ထွန်းလိုပဲ ...:D ဖုန်းနံပတ်တို့၊ လူနာမည်တို့ဆိုရင် ချက်ချင်းသတိမရတတ်ဘူး။ ကိုယ့်နာမည်ကိုတော့ ကိုယ်မမေ့တတ်လို့ တော်သေးတာပေါ့ .....:D

၂။ နောက်တစ်ခုက ဟီး .. ပြောရမှာတောင်ရှက်လာပြီ ... ကိုယ့်ကို မိန်းကလေးတွေ ကြည့်ရင် မနေတတ်ဘူးဗျ။ ဟီး .. နာ့ကို အမြင်တော့ ကပ်တော့မှာပဲ။ တစ်ကယ်ပြောတာ .... .:D စိတ်ထဲမှာ ဘယ်လိုကြီးမှန်းမသိဘူး ... အဲ့ဒါကြောင့်လည်း ခုချိန်ထိ ရည်စားမရသေးတာကိုး.... (ဟိဟိ .. ကြော်ငြာတာ ... )

၃။ ကျွန်တော် ကော်ဖီသောက်ရင် ကော်ဖီအရသာရမျကြိုက်တာဗျ။ မြန်မာပြည်က 3 in 1 ကော်ဖီမစ်တွေ ကျွန်တော် မသောက်တတ်ဘူး။ ကော်ဖီကို ခါးခါး ပျင်းပျင်းသောက်တယ်။ အားရိုးမားကြိုက်တယ်။ မနက်စာမစားရရင် နေပါလေ့စေ .. ကော်ဖီသောက်ရမှ နေသာထိုင်သာရှိသွားတာ။ တစ်လ တစ်လ ကော်ဖီဖိုးလည်း မနည်းဘူ ... .:D

၎။ အင်းနောက်တစ်ခုက .... သီးချင်းနားထောင်ရင် ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ် .. ဘာလဲဆိုတော့ သီးချင်းတိုင်းကို ခံစားလို့ရတယ်။ ဘယ်သီချင်းအမျိုးအစားမဆို ခံစားလို့ရတယ်။ စားသားမကောင်းရင် ကျွန်တော် Vocal ကို ပိတ်ပြီး Melody ပဲနားထောင်တတ်တယ်။ တစ်နည်းပြောရရင် ကျွန်တော်က သံစဉ်တွေကို ပိုပြီးကြိုက်သလိုပဲ

၅။ ကျွန်တော် ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ခူယား ကိုတွေ့လို့မရဘူး။ ကျွန်တော့်သွေးနဲ့ မတည့်လို့လားမသိဘူး တွေ့တာနဲ့ကို တစ်ကိုယ်လုံး ယားပြီး ဖုတွေထွက်လာတာ။ ဒါတောင် ထိသေးတာမဟုတ်ဘူး။ တွေ့ရုံတွေ့တာ။ ငယ်ငယ်တုန်းက မှတ်မိသေးတယ် ..... ခူယားအုံ(သိုက်) ကြီးတွေ့လို့ ၃ ရက်လောက် အယားဖုတွေပေါက်ပြီးကျောင်းမသွားနိုင်ဘူး။

၆။ အလုပ်တစ်ခုခုလုပ်နေရင်ပဲဖြစ်ဖြစ်၊ စာအုပ်ဖတ်တာတို့ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ဘေးနားကနေ ပွစိပွစိ ပြောနေရင်လုံးဝမကြိုက်ဘူး။

၇။ မြန်မာဗီဒီယိုကားများ လုံးဝလုံးဝမကြိုက်ပါ၊ မကြည့်ပါ။ တရုတ်သိုင်းကားတွေအရမ်းကြိုက်တယ်၊ ကာတွန်းကားကြိုက်တယ်၊ ၀ူးရှုးတောရှေား ... သိပ္ပံကားတွေကြိုက်သည်။ ကိုရီးယား ဒရမ်မာတွေ ကြိုက်တယ်။

၈။ ကိုကဒေါင်းလိုပဲ .... တစ်နေ့မှာ ကွန်ပျူတာမသုံးရ၊ အင်တာနက်မကြည့်ရရင် လူကိုရှုးချင်သလိုလို ပေါချင်သလိုလိုဖြစ်နေရော ... ဟီး .. .:D

၉။ ဖိနပ်ဝယ်ရင် .... အကောင်းတကာ့အကောင်းမှ ၀ယ်စီးချင်သည်။ ဈေးကြီးပေးဝယ်ရပြီး ကြာကြာလည်း ၀တ်ရတယ်။ ခိုင်လည်းခိုင်သည်ဟု ခံယူထားသည်။

၁၀။ မိန်းကလေးဆိုရင် ဆံပင်ရှည်လေးတွေမှ စိတ်ဝင်စားတယ်။ ကတုံးမဆိုရင် ... ဆေားရီးပဲ .. .ဟီး .. .:D

၁၁။ နောက်တစ်ချက်က နာချေရင် အားရပါးရ အကျယ်ကြီးချေရမှ အားရသလိုပဲ ... တစ်ခါတစ်လေကျရင် ဘေးနားက လူတွေ လန့်ကုန်ရော .. ဟီး ..
:D

လောလောဆယ် အမီလိုက်နိုင်ဖို့ ၁၁ ခုပဲ ရေးဦးမယ် ... သတိရမှ ထပ်ဖြည့်ရမယ် ....
ငါဘယ်သူ့ကို တက်ရမှာလဲ .. နောက်ကျလို့ တက်ရမယ့်လူရှိတော့ဝူး ...... :(
ဟာရပြီ ... အလုပ်တော်တော်ရှုပ်တတ်တဲ့ ...

Blogger lay >>> http://bloggerlay.blogspot.com/
Phoung_Phoung >>> http://www.phoungphoung.blogspot.com/
Done
နှင်းဆီနီ >>> http://redroselay.blogspot.com/
Ko Tee >>> http://copachi.blogspot.com/
Ko Tun Myo Hlaing >>> http://tmyohlaing.blogspot.com/
Done

ရှာဦးမယ် ...

0 comments: