Monday, May 21, 2007

သောင်းကျန်းလာတဲ့ Virus တွေကို လတ်တလေ နှိမ်နှင်းဖို့ရာ အစွမ်းထက် FreeWare

ကျွန်တော် Flu နေတာနဲ့ ပိုစ့်တွေ မတင်ဖြစ်ဘူး ... ခုတစ်လော Virus တွေ တော်တော်လေးကို သောင်းကျန်းနေတယ်ဗျာ .. ရုံးက LAN Station မှာလည်း သတ်လိုက်ရတာ ၃ ရက်လောက်ကြာတယ်။ Memory Stick က ကူးတာဗျာ။ အစရုံးက Clients တွေမှာ Avg တင်ထားတာ... အင်တာနက် မချိတ်ထားလို့။ Server နဲ့ Special PC တွေမှာတော့ NOD32 တင်ထားတယ်ဗျာ။ အဲ့ဒီစက်တွေက ဘာမှမဖြစ်ဘူး။ Avg တင်ထားတဲ့စက်တွေက ပြဿနာတက်ရော .... နောက်ဆုံး စက်တစ်လုံးချင်စီကို လိုက်သတ်ရတော့တာပေါ့။ Avg နဲ့ လုံးဝကိုမသိဘူးဖြစ်နေတယ်။ ဒီအချိန်မှာ တစ်ခြား Antivirus တင်ရင်လည်း မရနိုင်ဘူး။ Portable NOD32 နဲ့ Scan လုပ်လိုက်တော့ ပေါ်လာတယ်။ ဒါပေမယ့် ချက်ခြင်းဖျက်မပေးဘူး ... System Start လုပ်တဲ့အချိန်မှ ဖျက်ပေးမယ်ဆိုတော့ Boot လုပ်တဲ့အချိန်မှ သူက DOS ကနေ ဖျက်မယ့်သဘောရှိတယ်။

အဲ့ ... ကျွန်တော်သုံးလိုက်တာက Portable NOD32 ဆိုတော့ဗျာ ..Boot လုပ်တဲ့အချိန်မှာ အလုပ်မလုပ်ဘူး။ Portable Kaspersky နဲ့လည်း ဒီအတိုင်းပဲ။ ဒါဆိုရင် အဲ့ဒီ PC တွေကို Full Version တင်ရမယ်ဆိုတာ သေချာနေပြီ။ ဒါပေမယ့် အားလုံးကို လိုက်တင်ပြီးရင် အဲ့ဒီစက်တွေမှာ Internet ချိတ်မထားဘူး။ NOD32, Kaspersky က Auto-Update လုပ်ကြတာ။ Manual လုပ်လို့မရဘူး။ အဲ့ဒါလည်း မဖြစ်ပြန်ဘူး။ ပြီးရင် အကုန်လုံးကို Manual လုပ်လို့ရတဲ့ဟာ ပြန်တင်ရမယ်ဆိုတော့ ကျွန်တော် တကယ်မလွယ်ကျော်ပဲ။ ဟူး ... စဉ်းစားရင် ခေါင်းတောင်ကိုက်တယ်။ လူကလည်း သိပ်နေမကောင်း .... စက်တွေကလည်း ဒုက္ခပေး .... နောက်ဆုံးတော့ ဟိုရှာ ဒီဖတ်နဲ့ ဘာသွားတွေ့သလဲဆိုတော့ Alwll က ထုတ်တဲ့ Avast Anti-Virus ကိုသွားတွေ့တယ်ဗျာ။ သူက Home Edition ကို Free ပေးထားတယ်။ Sing-up လုပ်လိုက်ရင် ကိုယ့်ဆီကို Activate/Serial Code ပို့ပေးတယ်။ ပြီးတော့ Manual Update လုပ်လို့ရတယ်။ တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် Update ကိုတင်ပေးထားတယ်။ Exe ဖိုင်ပါ။ ဘာမှလုပ်စရာမလိုဘူး။ ဆွဲချပြီး Double Click လုပ်ရုံပဲ။ အဲ ... Professional Version သုံးချင်တယ်ဆိုရင်တော့ ပိုက်ပိုက်ပေးဝယ်ရမှာပေါ့။ နည်းလမ်းရှိတဲ့သူတွေကလည်း ဟီး .. ခရက်သုံးကြတာပေါ့ ... ဟုတ်ဘူးလား .. ။ ဒါနဲ့ပဲ စက်တစ်လုံးမှာ စမ်းပြီးတင်ကြည့်တယ်။ Install လုပ်ပြီးပြီးချင်း သူကမေးတယ် ... Boot Time Scan လုပ်မလားလို့ .... ကျွန်တော် က OK လို့ပေးလိုက်တယ်။ ပြီးတော့ Latest Update ကိုကူးပြီး Install လုပ်လိုက်တယ်။ နောက်တော့ ပီစီကို Restart လုပ်လိုက်တယ်။ PC Boot ပြန်လုပ်တဲ့အချိန်မှာ Avast ဟာ စပြီးအလုပ်လုပ်တယ်ဗျာ့ ... ရှိသမျှ Virus တွေကို အကုန်ရှင်းသွားတယ်။ Virus တွေ့တဲ့အခါမှာတော့ သူက Command တောင်းတယ် ... ဖျက်မှာလား .. Ignore လုပ်မှာလား .. နေရာရွေ့မှာလားဆိုပြီးတော့ပေါ့ .. ကျွန်တော်ကတော့ အကုန်လုံးကို Delete လုပ်ခိုင်းလိုက်တယ်။ ပြီးသွားတော့ စက်ပြန်တက်တဲ့အချိန်မှာ ... ဘာ Virus/Worm မှ မရှိတော့ဘူးဗျာ ... တော်တော်လေးကိုကောင်းတယ်ဗျာ။ ခု စက်တွေ အကုန်လုံးကို Avast ပဲတင်ထားတယ်။ သူက System Resource ကိုလည်း သိပ်မသုံးဘူး။ ပေါ့ပေါ့ပါးပါးရှိတယ်။ မဆိုးဘူးလို့ပြောရမယ်။ ပြီးတော့ သူက ထူးထူးခြားခြား Control Interface ကို Media Player တွေလို Skin တွေသုံးလို့ရတယ်ဗျာ့ ..... အကုန်လုံးကို Free Download လုပ်လို့ရတယ်။ ဒါကြောင့် ကျွန်တော်က အင်တာနက် ချိတ်ထားခြင်းမရှိတဲ့စက်တွေမှာ Anti-Virus သုံးမယ်ဆိုရင် Avast ကို ညွန်ပြချင်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ Professional Version သုံးလို့လည်းရတယ်လေ ;) ..... Vista အတွက်လည်း Ready ဖြစ်နေပြီ။ နောက်ပြီးတော့ ကွန်ပျူတာ အသုံးပြုသူတော်တော်များများ သတိမထားမိကြတဲ့အချက်တစ်ခုရှိတယ်။ ကွန်ပျူတာ အသုံးပြုရတာ လေးလာပြီဆိုရင် Virus ကြောင့်ပဲထင်ကြတယ်။ Spyware/spybot တွေ ဒုက္ခပေးတတ်ကြတာကို သိပ်ပြီး သတိမထားမိကြဘူးဗျာ။ မယုံရင် အခု Spybot Search & Destroy ကို Install လုပ်ပြီး စစ်ကြည့်ပါလား ... မိတ်ဆွေရဲ့စက်မှာ ဒုက္ခပေးနေတဲ့ကောင် ၂ ကောင်လောက် အနည်းဆုံးတွေ့ရမှာပါ။ ဒါကြောင့် Spyware သတ်တဲ့ကောင်းကိုပါ တွဲပြီးသုံးဖို့လိုတာပေါ့။ ကျွန်တော်အနေနဲ့ Recommended ပေးချင်တာကတော့ Spybot Search & Destroy ကိုပါ။အစွမ်းထက်တဲ့ Free Ware တစ်ခုပါ။ Update တွေလည်း တင်ပေးတယ်။ စမ်းသုံးကြည့်ပါ။ တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ ကိုယ့်စက်မှာ Spy-Ware စစ်ပေးသင့်တယ်။ အဲ့ဒီကောင်တွေက ကိုယ့်စက်က Performances တွေကို ကျသွားစေတယ်။ ဒါကြောင့် ရှင်းလင်းသင့်တာပေါ့။ Avast ရယ် Spybot Search & Destroy ရယ် သင့်စက်ပေါ်မှာ ရှိနေပြီဆိုရင် အလုပ်ကို စိတ်ချလက်ချ လုပ်လို့ရပြီပေါ့ဗျာ .... 100% တော့ ကျွန်တော် Recommended မပေးဘူးနော်။ သူတို့က Freeware တွေဆိုတော့ အားနည်းချက်တွေလည်းရှိမှာပါ။ ဒါပေမယ့် အိမ်သုံးကွန်ပျူတာတွေ အတွက်တော့ အဆင်ပြေသွားမှာပါ။ Internet ချိတ်ထားတဲ့ ကွန်ပျူတာတွေဆိုရင်တော့ Kaspersky, NOD32 စတာတွေကို သုံးသင့်တယ် ...

0 comments: