Tuesday, September 25, 2007

ပြည်သူ့အားအင်တွေ




မနေ့က အခြေအနေအရပ်ရပ်က ကျွန်တော့်ကို မျက်ရည်ဝဲစေခဲ့တယ် ... ကြက်သီးတွေထစေခဲ့တယ် .. အရမ်းလည်း အားရကျေနပ်မိတယ် .... ပါဝင်သူတွေကိုလည်း လေးစားဂုဏ်ယူမိတယ် .. သံဃာ့အာဇာနည် ဘုန်းဘုန်းတွေကိုလည်း ကြည်ညိုမိတယ် ..... ပြီးတော့ ပြည်သူချစ်တဲ့ အနုပညာရှင်ဲ့ ... ပြည်သူတွေကိုလည်းချစ်တဲ့ အနုပညာရှင်တွေဖြစ်တ ကိုဇာဂနာ ... ကိုကျော်သူ ... မထွန်းအိန္ဒြာဗို တို့ကိုလည်း လေးစားမိတယ် ... ဒါမှ ပြည့်သူ့ကိုချစ်တဲ့ အနုပညာရှင်တွေဖြစ်တယ် ကျန်တဲ့ ပြည်သူကို ချစ်တဲ့ အနုပညာရှင်တွေလည်း ပါဝင်ကြမယ်လို့ သတင်းရထားပါတယ် ..... မျိုးချစ်တပ်မတော်နဲ့ ပြည်သူချစ် အနုပညာရှင်တွေကို ပြည်သူတွေ မျှော်နေကြပါတယ်လို့ ပြောပေးကြပါ .... ပြည်သူကိုချစ်တဲ့အနုပညာရှင်တွေဟာ ပြည်သူတွေအတွက် အားအင်တစ်ခုပါပဲ.... ပါဝင်လှုပ်ရှားသူအားလုံး ဘေးအန္တာရာယ်ကင်းရှင်းပြီး ရည်မှန်းချက် ပိန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ....

0 comments: