Saturday, August 11, 2007

Win RAR ကို အလှဆင်ကြမယ်

ကျွန်တော်တို့ ကွန်ပျူတာသမားတွေဟာ OS ပဲဖြစ်ဖြစ် Application ပဲဖြစ်ဖြစ် GUI အသစ်အဆန်းတွေကို စိတ်ဝင်စားကြတယ်။ မရိုးအောင်လို့လည်း အမျိုးမျိုးပြောင်းသုံးကြတယ်။ Wallpaper တို့ Themes တို့ကိုလည်း အဲ့ဒီအတိုင်းပဲ .... တစ်ပတ်ကို တစ်ခါလောက်ပြောင်းသုံးတယ်။ ကိုယ်နှစ်သက်တဲ့ GUI ဆိုရင် ကိုယ့်စိတ်ကို ကြည်လင်စေနိုင်တယ်လေ .... အလုပ်လုပ်ရတာလည်း လန်းလန်းဆန်းဆန်းဖြစ်စေတယ်။ အလုပ်စလုပ်ဖို့ စက်စဖွင့်ဖွင့်ချင်းဆိုရင် ကိုယ့်စိတ်ကြိုက်ပြုပြင်ထားတဲ့ Desktop Wallpaper ကိုမြင်လိုက်ရင် ကျေနပ်သွားတယ်။ အလုပ်လုပ်ဖို့အတွက် အားအင်ကိုရစေနိုင်တယ်။ မယုံရင် window 95 GUI တင်ထားတဲ့စက်နဲ့ Window Vista တင်ထားတဲ့စက်ကို စမ်းသပ်သုံးကြည့်ပါလား။ ဒါတွေကိုသိလို့လဲ Micro$oft နဲ့ Apple က GUI ကို အပြတ်အသတ်လုပ်ကြတာပေါ့။ "Don't be a wimp" တဲ့ ... တိုးတက်နေတဲ့ခေတ်ကြီးမှာ Window 95 GUI နဲ့ဆိုရင် အလုပ်လုပ်ရတာ ကြည်လင်လန်းဆန်းမှု ရှိနိုင်ပါ့မလား။ Dos command အမဲပြင်ကြီးနဲ့ဆို ပိုပြီးဆိုးတာပေါ့။ အခုကျွန်တော်အားလုံးကို ဖိုင်တွေကို Compress လုပ်ရာမှာ နာမည်ကြီး လူသုံးများတဲ့ WinRAR ရဲ့ Themes တွေကို Share ချင်လို့ပါ။ File Size က 3 MB နီးနီးရှိတယ်။ ဒေါင်းလုပ်ချပြီး အဲ့ဒီဖိုင်ကို Double Click နှိပ်ရုံပဲ .... "Do you wish to install WinRAR interface Themes ... "လို့မေးရင် OK လို့ပေးလိုက်ပါ။ ပြီးသွားရင် WinRAR ကို Load လုပ်ပြီး Option > Themes > the themes u install ကို ရွေးပေးလိုက်ရုံပါပဲ။ သူက Files Icon ကိုပါ ပြောင်းလဲသွားစေပါတယ်။ မူလ Themes ပြန်လိုချင်ရင် Default ကိုပြန်ရွေးရင်ရပါတယ်။ စမ်းကြည့်ပါ .. အသစ်အဆန်းပေါ့ ....

0 comments: