Wednesday, January 24, 2007

All about to configure Your-freedom Software

ကုန်ပါပြီဗျာ..... (ဒီပိုစ့်ရိုက်နေတုန်း မီးပြတ်သွားလို့ ရိုက်ထားသမျှ ကုန်ရော... :'( )
ကျွန်တော် နိုင်ငံရေးအကြောင်းတွေပြောတာတော်တော်တောင်များသွားပြီ။ ကျွန်တာ့်ကို နိုင်ငံရေးသမားထင်နေမလားမသိဘူး။ ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကျိုးကြောင်း အဆိုးအကောင်းတွေကိုတော့ လျစ်လျူရှူ့မနေနိုင်တာတော့ အမှန်ပဲ။ ဘယ်သူတွေဘာပဲပြောပြော မိုးတိမ်ကတော့ မကျေနပ်တာတွေကို ရေးတယ်။
ကျွန်တော်ကွန်ပျူတာသမားဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ပတ်သက်ပြီးတာ့ နည်းနည်းရေးပါ့မယ်။ ဒါလဲ နိုင်ငံရေးနဲ့ လွတ်ကင်းအောင် ရေးလို့မရနိုင်တာကိုတော့ ၀မ်းနည်းမိတယ်။ အခုခေတ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်တော်တော်များများဟာ ကိုယ်ပိုင် E-mail Account တွေသုံးပြီး အချင်းချင်းဆက်သွယ်မှုတွေ ပြုလုပ်နေကြပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးနဲ့ အခြား Internet Connection ရတဲ့နေရာတွေမှာပေါ့ဗျာ။ ပြီးတော့ နောက်ပိုင်းမှာ Internet ကနေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပြောဆိုဖို့အတွက် Messenger တွေခေတ်စားလာတယ်။ အဲ့ဒီထဲမှာမှ Gtalk က ရေပန်းအစားဆုံးပဲ။ အင်တာနက်ကဖေးတွေကလည်း အဲ့ဒါတွေနဲ့ ၀င်ငွေကောင်းခဲ့ကြတယ်။ လူငယ်တွေဘာကြောင့်အသုံးများသလဲဆိုရင် တစ်ချို့ Messenger တွေဟာဆိုရင် Free VOIP Service တွေရတယ်ဗျ။ ဥပမာ Gtalk, Skype, Yahoo, VZO စသဖြင့်ပေါ့ဗျာ။ တော်တော်များများပါပဲ။ ဒါကြောင့်သူဟာ ကမ္ဘာတစ်ဝှမ်းလုံးကို အင်တာနက် ကွန်နက်ရှင် ရရုံနဲ့ ဆက်သွယ်ပြောဆိုလို့ ရတာပေါ့ဗျာ။ Globalization ဆိုတာ ဒါကိုပြောတာပေါ့။ ကမ္ဘာကြီးဟာ အင်တာနက်ခေတ်ကြီးမှာ ရွာလေးတစ်ရွာလို ဖြစ်သွားတာပေါ့။ ဟိုးတုန်းကလို နိုင်ငံခြားမှာရှိတဲ့ အသိ/ဆွေမျိုး/မိတ်ဆွေ/မိသားစု/ချစ်သူ/ရည်းစား/ဇနီးသည်/လင်ယောကျာ်း စတဲ့သူတွေကို ဖုန်းခေါ်ရင် မတရားကုန်တယ်။ Oversea Call ကအရမ်းဈေးကြီးတာကိုး။ ပြီးတော့ စာတွေဘာတွေပို့ရင်လည်း အရမ်းကြာတာ။ အခုတော့ အဲ့တီ Email တွေ၊ Messenger တွေပေါ်လာတော့ အရမ်းကိုအဆင်ပြောလာတယ်။ အဆင်မပြေတာကတော့ အစိုးရဆက်သွယ်ရေး။ နိုင်ငံခြား ဖုန်းခေါ်ဆိုမှုနည်းသွားတယ်။ ၀င်ငွေနည်းသွားတယ်ပေါ့ဗျာ။ လူတွေက ဘာလို့ဖုန်းဆက်ကြတော့မှာလဲ။ အကုန်ကျသက်တာတဲ့ Messenger နဲ့ပဲ နှစ်ပါးသွားတော့တာပေါ့။ ကျွန်တော်လည်းအပါအ၀င်ပါပဲ။ ဒီလိုနဲ့ အချိန်တွေဟာ တဖြည်းဖြည်းကုန်ဆုံးရင်း မြန်မာ့ဆက်သွယ်ရေးနဲ့ မြန်မာတယ်လီပေါ့တို့ဟာ အဲ့ဒီ ၀န်ဆောင်မှုအားလုံးကို ပိတ်လိုက်ပါတယ်။ သုံးစွဲသူလူငယ်တော်တော် များများ အခက်တွေ့ကုန်တာပေါ့ဗျာ။ ဆိုက်ဘာကဖေးတွေလည်း ၀င်ငွေတွေနည်းလာတယ်။ ၀င်ငွေနည်းလာတော့ ဆိုင်ရဲ့ အင်တာနက် အသုံးပြုစရိတ်ကို တိုးမြှင့်ကောက်ခံကြတယ်လေ။ အခုဆိုရင် ကျွန်တ်ာတို့ ISP (Internet Service Provider) ဖြစ်တဲ့ Myanmar Teleport (တဖြစ်လဲ Bagan Net) နဲ့ MPT (Myanmar Posts & Communication) ဟာဆိုရင် Internet Service တော်တော်များများကို ဘမ်းထားပါတယ်။ တချို့ နည်းပညာဆိုင်ရာတွေကိုပါ ဘမ်းထားတယ်။ အဲ့ဒီတော့ အသုံးပြုတွေကလည်း ထွက်ပေါက်တွေ ရှာကြာတော့တာပေါ့။ ရှိပါတယ်ဗျာ။ ထွက်ပေါက်တွေ။ ကျော်ခွနည်းလမ်းတွေ။ အဲ့ဒီလိုလုပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံ ကွန်ပျူတာသုံးစွဲသူအပေါင်းဟာ အင်တာနက်ကို ပိုပြီးနာလည်လာတယ်။ အခုကျွန်တော် Bagan နဲ့ MPT ကိုကျော်ခွဖိုပအတွက်အသုံးပြုတဲ့ Your-freedom Software ကိုမသုံးတတ်သေးသူတွေအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးချင်ပါတယ်.

Freedom Software ကိုအသုံးပြုနိုင်ဖို့အတွက် Freedom Account ရှိရပါမယ်။

ဦးဆုံးပထမ Your-freedom Software ကို Download အရင်ချပါ။ Download Your Freedom.
Full Latest Version ပါ။ File Size တော့နည်းနည်းကြီးမယ်။ Dial-up User တွေအတွက် အဆင်သိပ်မပြေပါဘူး။ 28 MB လောက်ရှိတယ်။
Download ပြီးရင် Install လုပ်ရပါမယ်။ Install လုပ်ပုံကိုတော့ မတင်ပြတော့ပါဘူး။ အားလုံးလုပ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Install လုပ်ပြီးသွားရင် Program ကို Launch လုပ်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်ရမှာ ဖြစ်ပါတယ်။



ဒုတိယအနေနဲ့ မိမိယူထားတဲ့ Account Info ကိုသွင်းရပါမယ်။ (User name & password etc.)
ဒီနေရာလေးမှာ သွင်းရမှာပါ

ပြီးရင် Proxy Setting Tap ကိုသွားပြီး Proxy Address ထည့်ရပါမယ်။ (မိမိအသုံးပြုနေသော Proxy server ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်)

ကိုယ့်အသုံးပြုနေတဲ့ Proxy Address ကိုမသိရင် အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။
Control panel > Internet Option > Connection Tap > LAN setting (Local Network အသုံးပြုသူများသာ။ Dial-up User များအတွက် Dial-up & Virtual Private Network တွင်ကြည့်နိုင်သည်) > Advanced > Proxy Address

နောက်ဆုံးအနေနဲ့ Sever Selection Tap ကို အောက်ပါအတိုင်း Configure လုပ်နိုင်ပါတယ်။

ပြီးရင် အောက်နားက Save & Exit Button ကိုနှိပ်ပြီးထွက်လိုက်ပါ။
ပြီးသွားရင် Start Connection ဆိုတာ Button လေးကိုနှိပ်ပါ။
Your-freedom Main Window ရဲ့ ညာဘက် အလယ်နားက တံခါးပေါက်လေး ပွင့်သွားရင် သုံးလို့ရပါပြီ။

0 comments: