ပညာရေးဝန်ကြီး က ဒေသကောလိပ်တစ်ခုကို လှည့်လည်ကြည့်ရှု့မှာကြားနေတယ်တဲ့။
“ဒီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်ဖို့ ဘာတွေများလိုအပ်သလဲ”
“ဟုတ်ကဲ့။ ဆိုင်းဘုတ် တစ်ခုပဲလိုပါတယ်”
_____________________________
အမှန်ပါပဲ ... မြန်မာနိုင်ငံမှာ ကောလိပ်တစ်ခုကနေ တက္ကသိုလ်ကို အဆင့်မြှင့်တင်ဖို့အတွက် ဆိုင်းဘုတ်တစ်ခုပဲလိုတာပါ။
ပညာရေးမြှင့်တင်ဖို့မဟုတ်ပါဘူး ကျောင်းကြီးကို အဆင့်မြှင့်တင်ဖို့ပါ။
ဟိုတစ်လောက ရုပ်မြင်သံကြားတွေမှာ ကြော်ငြာပါရဲ့။ နယ်မှရှိတဲ့ ကောလိပ်တွေတော်တော်များမျာဟာ တက္ကသိုလ်သို့ Jan 20th '07မှ စတင်၍ အဆင့်မြှင့်တင်လိုက်ပြီဖြစ်ကြောင်းပါ။ တစ်ကယ်လည်း ကျောင်းရှေ့ကိုဆိုင်းဘုတ်တွေ ပြောင်းသွားပါတယ်။ ဒါပါဘဲ ဘာမှထွေထွေထူးထူးမပြောင်းပါဘူး။ အခုဆို မြန်မာနိုင်ငံမှာကျောင်းတက်ရမှာ ပျော်စရာကြီး။ နည်းတဲ့ တက္ကသိုလ်တွေမဟုတ်ဘူး။ ဗလာပွကြီး။ နိုင်ငံခြားကကျောင်းသာတွေတောင် ကျောင်းလာတက်ဖို့ စိတ်ဝင်စားနေကြပြီလားမသိပါဘူးဗျာ။
Wednesday, January 24, 2007
ပညာရေးအဆင့်မြှင့်တင်သောနည်းလမ်းကောင်း
ရေးသားသူ -
မိုးတိမ်
at
2:49 PM
Labels: ရင်ထဲကစကားလေးတွေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment