Saturday, January 27, 2007

မင်းမမေ့နဲ့ မင်းဟာ မြန်မာ

စက်ဝိုင်းအပြင်ကို မထွက်လိုက်ပါနဲ့ကွယ်
တစ်ကယ်ဆို.. မင်းနဲ့ ဒို့ဟာ တသားထဲသာရယ်
အသားအရောင်အတူတူ.. အတွေးအခေါ်အတူတူရယ်
ဘယ်ပဲရောက်ရောက် မမေ့စေချင်တယ်
မင်းဟာ မြန်မာကွယ်။

မြန်မာမင်းရဲ့သွေး နီရဲသန့်စင်
အမိမြေကိုလည်း သတိရစေချင်
ကြင်နာမှုဟာ မြန်မာရဲ့ ရင်ခွင်
စေတနာဆိုတာ မြန်မာ့နတ်ရေစင်။

ဖူးစာဆိုတာ မမြင်နိုင်တယ်
အချစ်ဆိုတာ တစ်ကယ်ပဲဆန်းကြယ်
ဘယ်အသားအရောင်မဆို မင်းရွေးချယ်နိုင်
တစ်ခုလေးပဲ သတိပြုစေချင်
မင်းနှလုံးသားထဲမှာ မြန်မာ့သွေးစီးဝင်
ဒို့စာ ဒို့စကား ဒို့များချစ်ခင်
တစ်ခါတစ်လေ ပြောကြားစေချင်
မင်္ဂလာပါ နှုတ်ဆက်စေချင်
နိဗ္ဗန်ဈေးလည်း လာစားခေါ်ချင်
သင်္ကြန်အခါ လာကစေချင်
သားများကြီးရင် ရှင်ပြုစေချင်
အသက်ကြီးရင် ဥပုသ်စောင့်စေချင်။

မင်းလဲမြန်မာ.. ဒို့ မြန်မာနော်
မြန်မာ့ဓလေ့.. ချစ်ခင်စေသောဝ်
အဝေးရပ်မှာနေ ဒို့တတွေကံကြမာခေပေမဲ့
ဒို့တစ်တွေဟာမြန်မာ...အမြဲသတိရနေပါ။ ။

သဒ္ဓါ
အဝေးရောက် မြန်မာနိုင်ငံသားများအတွက် လက်ဆောင်မွန် ... မသဒ္ဓါ၏ ခွင့်ပြုချက်ဖြင့် ကူးချထားခြင်းဖြစ်သည်။

0 comments: