Saturday, January 27, 2007

စိတ်ကလေး

စိတ်ကြီးဝင်ကြဆိုလို့ မျက်နှာထား တင်းပြီးတော့ ဟိုလူငေါက်ချ ၊ ဒီလူငေါက်ချ လုပ်တယ်။ တချို့
ပိုက်ဆံပေးလို့ အာဏာရှိလို့ အဖက်မလုပ်ရင်လဲ စိတ်ကြီးဝင်တယ်လို့ ပြောကြတယ်။
အဲဒါစိတ်ကြီးဝင်တာ မဟုတ်ဘူး၊ ဘ၀သံသရာ အောက်ကျဖို့ စိတ်ကလေးဝင်လာတာ၊ အဲဒီစိတ်က
လေးမျိုး မ၀င်အောင် သတိထားပြီး နေကြဖို့ပါ။
အရှင်ကောဝိဒ

0 comments: