Friday, January 26, 2007

အမှောင်တံခါးဖွင့် မီးတိုင်များ

အသက်ဆိုတဲ့ မှတ်တိုင်
တတိုင်းပြီး တတိုင် စိုက်ထူသွား။
ဆီမီးတိုင် အလင်းတန်းလို
လမ်းပြကာ မြတ်ကောင်းမှု
ပြုနိုင်ရဲ့လား။

မှတ်တိုင်ဟာ မီးတိုင်ဖြစ်ရင်တော့
ချစ်စဖွယ် သက်တမ်းရှည်
လှပလိမ့်မည်။
အတ္တခေါ် လေဆိုးမှုတ်ရင်လ
ဟုတ်ခနဲ ငြိမ်းနိုင်သည်
စိတ်ကြည်ကြည်နဲ့ သတိထား
ဥာဏ်ရည်နဲ့ သတိထား
ဥာဏ်ရည်နဲ့ စောင့်စား။
လေနီနီ မှုန်ရီမှိုင်းရင်လ
အရိုင်းစုံ သူပုန်ထပေလိမ့်
အတ္တခေါ် တကိုယ်ကောင်း
ခေါင်းနှိမ်လို့တား။

မှတ်တိုင်မှ မီးတိုင်
ညှိပြိုင်လို့ မြိုင်စေသား။
တတိုင်ချင်းပေမဲ့
မြိုင်မြိုင်လင်းပေလိမ့်
အကျဉ်းထောင် အမှောင်တံခါး
ပွင့်လိမ့်မယ်ဗျား။

တင်မိုး
၂၀၀၂ခုနှစ် အောက်တိုဘာလ ၂၆ရက်
စနေနံနက်ခင်း
ခေတ္တ-တိုကျို

0 comments: