Friday, January 26, 2007

လှပတဲ့ခေတ် ဆီသို့

ကျွန်တော်အရမ်းကြိုက်တဲ့ ဆရာတင်မိုးရဲ့ ကဗျာကို ဦးခိုက်ဂုဏ်ပြုရင်းတင်ပါရစေဗျာ ...
ကျွန်တော်တို့ မြန်မာပြည်သူတွေ အတွက် ရေးပေးသွားတဲ့ ကဗျာလေးပေါ့


လှပတဲ့ခေတ် ဆီသို့

ငယ်ငယ် တုန်းက
ဗုန်းတွေ စက်သေနတ်တွေကြား
ပြေးလွှား ပုန်းအောင်းရင်း
ဂျပန်ကျောင်းမှာ စာသင်
သစ်ပင်ရိပ် စေတီရိပ်မှာ
တထိတ်ထိန် တလန့်လန့်
မိဖရဲ့ မေတ္တာ ရနံ့နဲ့
ကြံ့ကြံ့ခံ ရဲရင့်ခဲ့ရတယ်။

လူပျိုပေါက် အရွယ်မှာ
ရွာလယ်မှာ သူပုန်စီး
ပြည်တွင်းစစ်မီး ကြုံခဲ့တယ်။

လူလတ်ပိုင်း ကျောင်းဆရာဘဝ
အိမ်ထောင်လဲကျလေတောင့်
မဆလ စစ်အာဏာရှင်
စစ်ဘုရင်တွေ ကြီးစိုးတဲ့
ခေတ်ဆိုး စနစ်ဆိုးနဲ့ ရင်ဆိုင်ရ
မလှမပတဲ့ ခေတ်ပြိုင်
အိုမင်းလာတဲ့ ယခုတိုင်
ကလောင်ကိုင် တိုက်ပွဲဝင်ရတယ်။

လှပတဲ့ ခေတ်တခေတ်
ဘယ်တော့များမှ သစ်နိုင်ပါ့။

တင်မိုး
၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်
ဗုဒ္ဓဟူးနံနက်ခင်း

0 comments: