Web-Based Email တစ်ခုကို အမှတ်မထင်တွေ့လိုက်တယ်။ 30 GB space ပေးတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ စမ်းကြည့်ချင်တာနဲ့ လိပ်စာလေးရိုက်ထည့်လိုက်တယ်။
http://www.30gigs.com/.
အောင်မြတ်လေး .. မြင်နေကျ Page လေးတစ်ခုပေါ်လာတယ်။
Access has been denied တဲ့ဗျာ။
စိမ်မကောင်းစရာပဲ .. ဘန်းထားပြန်ပြီ ပုဂံနက်။
အသစ်ဆိုတော့ စမ်းကြည့်ချင်တာနဲ့ Freedom နဲ့ ၀င်လိုက်တယ်။
ပြီးတော့ File Attachment နဲ့စမ်းပြီးပို့ကြည့်တာ မဆိုးဘူဗျာ။ Freedom နဲ့တောင်မြန်တယ်။
ဘာပဲပြောပြောဗျာ ... မြန်မာနိုင်ငံမှာသုံးလို့မရပေမယ့် နိုင်ငံရပ်ခြားရောက်နေတဲ့သူငယ်ချင်းတွေ အသုံးဝင်ချင်ဝင်လိမ့်မယ်ဆိုပြီး ဒီတော့ပစ်လေးတင်လိုက်တာပါ။
အမှန်တကယ် 30 GB Free Space ပေးတယ်ဆိုရင်။ တစ်နည်းတစ်ဖုံ အသုံးဝင်မယ်ထင်တာပဲ။
မြန်မာနိုင်ငံမှသူငယ်ချင်းများ အမြည်းသဘောဖြင့် အောက်မှာ သူ့ရဲ့ GUI လေးကို တင်ပေးလိုက်တယ်။
Tuesday, January 30, 2007
Free Space များများနဲ့ Web-Based Email အသစ်တစ်ခု
ရေးသားသူ -
မိုးတိမ်
at
4:46 PM
Labels: သိသင့်တာလေးတွေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment